သတင်းတို
ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် တပ်မတော် အခန်းကဏ္ဍ ကာချုပ်နှင့် ကနေဒါ သံအမတ် ဆွေးနွေး
This article has been converted from Zawgyi One to Unicode
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကနေဒါသံအမတ်ကြီး Mr. Mark McDowell နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် သမိုင်းကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် တပ်မတော် အခန်းကဏ္ဍ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း သိရသည်။