သမ္မတ ဦးသိန်းစိန်သည် သီရီလင်္ကာ သမ္မတ၊ နီပေါဝန်ကြီးချုပ်တို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ သီရိလင်္ကာ သမ္မတ မစ္စတာ မဟိန္ဒာရာဂျပက်ဆာ နှင့် တွေ့ဆုံရာတွင် ဘင်းမ်စတက်အဖွဲ့ အတွင်း ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ပဋိပက္ခဖြေရှင်းဆောင်ရွက်မှု အတွေ့အကြုံများ ဆွေးနွေးကြောင်း၊ နှစ်နိုင်ငံ သံအဆက်အသွယ်သည် ၁၉၄၉ ခုနှစ်က စတင်ပြီး မစ္စတာ မဟိန္ဒာရာဂျပက်ဆာ သည် ၂၀၀၄ ခုနှစ် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က တကြိမ်၊ ၂၀၀၉ သမ္မတတာဝန်ယူချိန်တွင် တကြိမ်ရောက်ရှိခဲ့ပြီး ယခု ခရီးစဉ်သည် တတိယအကြိမ် ဖြစ်သည်။ အလားတူ နီပေါဝန်ကြီးချုပ် Mr. Sushil Koirala နှင့် တွေ့ဆုံကာ လုမ္ဗိနီဥယျာဉ် ဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်း တိုးတက်ရေး၊ လေကြောင်း ပျံသန်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုများ ဆွေးနွေးကြောင်း၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၆၀ ခုနှစ်က စတင် ခဲ့ပြီး နီပေါဝန်ကြီးချုပ် အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။