မလေးရှား လေယာဉ် MH 370 ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အတည်ပြု
This article has been converted from Zawgyi One to Unicode
သီတင်း ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ်သည် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းထဲ ပျက်ကျသွားခြင်း ဖြစ်ကြောင်း မလေးရှားအစိုးရက ယမန်နေ့တွင်အတည်ပြု ထုတ်ပြန်သည်။ စုံစမ်းရှာဖွေရာမှရရှိသည့် အချက်အလက်များအပေါ် အခြေခံ ပြီး စစ်ဆေး သုံးသပ်ရာတွင် မလေးရှားလေကြောင်း လေယာဉ်အမှတ် MH 370 သည် သြစတြေးလျ နိုင်ငံ အနောက်ဘက် အိန္ဒိယ သမုဒ္ဒရာထဲသို့ ထိုးကျသွားခြင်း ဖြစ်ကြေင်း မလေးရှားဝန်ကြီးချုပ် Najib Razak က သတင်း မီဒီယာများကို ပြောသည်။ ယင်း လေ ယာဉ် သည် မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်း လေဆိပ်သို့ ပျံသန်းရာလမ်းတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး လေယာဉ်ပေါ်၌ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါ သွားသည်။ ခရီးသည် ၃ ပုံ ၂ ပုံ မှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။