ထိုင်း ယဉ်ကျေးမှု ဌာနသည် မြန်မာနိုင်ငံ မန္တလေးနှင့် စစ်ကိုင်းဒေသများတွင် ရှေးခေတ် အယုဒ္ဓယ ယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေဖော်ထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတရပ်၌ အယုဒ္ဓယ ယဉ်ကျေးမှုဟန် ကျောင်းတော် များ၊ ဗိမာန်များသည် ယခုခေတ်တိုင် အထင်အရှား ရှိနေဆဲ ဖြစ်ကြောင်းနှင့် မဟာသိမ်တော်ကြီးကျောင်း နံရံဆေးရေး ပန်းချီများကို ပြန်လည် မွမ်းမံရန် ရည်ရွယ်ကြောင်း ယင်း ဌာန အကြီးအကဲ Anek Shamart က ပြောဆိုသည်။ အယုဒ္ဓယ ဘုရင် ဥတွန်ပုံ ၏ ဂူသချႋုင်းသည် အမရပူရ တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သုသာန်တွင် ရှိနေသည်။ ယမန်နှစ် ဖေဖော်ဝါရီလ က စတင်ပြီး လွတ်လပ်သည့် ထိုင်း-မြန်မာ သမိုင်းနှင့် ရှေးဟောင်းသုတေသန ဆိုင်ရာ ဝါသနာရှင်များ ပူးပေါင်းပြီး ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့ ဖွဲ့၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ ခွင့်ပြုချက်ဖြင့် ထိုင်းဘုရင့် ဂူသချႋုင်း တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ကြောင်း သိရသည်။ ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယနောက်ဆုံး ဘုရင် ဥတွန်ပုံ နှင့် အတူ လူထောင်ပေါင်းများစွာကို မြန်မာတို့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။