သတင်းတို

၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး နေပြည်တော်တွင် ကျင်းပမည်

This article has been converted from Zawgyi One to Unicode

၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး (24th ASEAN Summit) ကို မေ ၁၀ နှင့် ၁၁ ရက်နေ့များတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ သတင်းမီဒီယာများ အနေဖြင့် ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ www.asean2014.gov.mm တွင် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ ဝင်ထွက်ခွင့် ကတ်များကို မေ ၉ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ ထုတ်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် နီးစပ်ရာ မြန်မာသံရုံးများမှ တဆင့် ဗီဇာလျှောက်ထားရမည် ဖြစ်ကြောင်း၊ အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၆၇ – ၄၁၂၂၂၇၊ ၄၁ ၂၀၅၇၊ ၄၁၂၁၂၅ နှင့် ၄၁၂၁၂၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။ ထို့အတူ ၂၃ ကြိမ်မြောက် အာဆီယံ အလုပ်သမား ဝန်ကြီးများ အစည်းအဝေးကို မေ ၁၉ မှ ၂၃ ရက်နေ့ အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Loading