နိုင်ငံ အတွင်း ဖြစ်ပွားနေသည့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူ ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ အစိုးရကို တိုက်တွန်း လိုက်သည်။ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ယခင်ကရော ယခုအချိန်ပါ လူ့အခွင့်အရေး ချိုးဖောက်မှုှုများ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ ရှိနေကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခများ အတွင်း အမျိုးသမီးများအား အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက် မှုများ ကျူးလွန်နေသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံကို ဘန်ကီမွန်းက အစီရင်ခံစာ ထုတ်ပြန်ပြောကြားခြင်း ဖြစ်သည်။ ယင်း ထုတ်ပြန် ချက် တွင် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် အာဖရိက နိုင်ငံများလည်း ပါဝင်ကြောင်း၊ ကမ္ဘာ့နိုင်ငံများ အနေနှင့် ဒေသ အလိုက် အရေးယူ ဆောင်ရွက်ရန် လိုနေသေးကြောင်းလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။