ထိုင်းနိုင်ငံ၏ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသည့် မြန်မာနိုင်ငံက ကန့်ကွက်စရာ မရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီးက ပြောဆိုသည်ဟု VOA သတင်းတရပ်တွင် ဖော်ပြထားသည်။ လက်ရှိ မြန်မာအစိုးရကို ယခင် စစ်ခေါင်း ဆောင်ဟောင်းများက ဦးဆောင်နေခြင်း ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေး သမိုင်းတွင် ရာစုဝက်ကျော် စစ်တပ်က အသွင်အမျိုးမျိုးဖြင့် အုပ်ချုပ် လာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းကြောင့် စိုးရိမ် မကင်း ဖြစ်မှုများ၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်မှုများကို စိုးရိမ်မကင်း ဖြစ်မှုများ ဖြစ်ပေါ်နေချိန်တွင် ယင်းသို့ ပြောကြားခြင်း ဖြစ် သည်။ အမေရိကန်က စစ်တပ်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာရန် နှင့် သွေးထွက်သံယို မဖြစ် အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်းနှင့် စစ်အုပ်ချုပ်ရေးက ဂြိုဟ်တုနှင့် Cable ရုပ်မြင်သံကြား ၁၀ ခု ထက် မနည်းကို ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သဖြင့် CPJ အဖွဲ့က ကြေညာချက်ထုတ်ပြန် ရှုတ်ချခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။