မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများကြောင့် ဘေးကင်း ရာ ပြည်ပသို့ ထွက်ခွာရန် ကြိုးစားနေသူတို့ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင် ရာ မဟာမင်းကြီးရုံး (UNHCR) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်က စဖြစ်ခဲ့သည့် ပဋိပက္ခများကြောင့် လူ ၁ သိန်း ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၈ သောင်းကျော်သည် တခြားနိုင်ငံများသို့ လှေစီး ထွက်ပြေးကြရကြောင်း၊ ယခုနှစ် ဇန်နဝါရီမှ ဧပြီ လ အတွင်း လူဦးရေး တသောင်းခွဲကျော် တခြား နိုင်ငံများသို့ ထွက်ပြေးခဲ့ကြောင်း၊ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ၃၅၀၀၀ ကျော်ရှိပြီး အင်ဒိုနီးရှားနိုင်ငံတွင် လှေစီးပြေး ဒုက္ခသည် ၁၂၀၀ ကျော်ရှိကြောင်း သိရသည်။ ၎င်းတို့သည် လပေါင်းများစွာ လူပြည့်ကြပ်နေ သည့် စခန်းများတွင် နေကြရပြီး မိသားစုက ငွေပေး၍ မထုတ်မချင်း လှောင်အိမ်ထဲတွင် အပိတ်ခံရခြင်းများ ရှိကြောင်းလည်း VOA သတင်းတွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။