ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်း၍ ရန်ကုန်ဈေးကွက်အတွင်း ရောင်းချနေကြသော အရည်အသွေး မပြည့်ဝသည့် ပုစွန်ဖြူ နှင့်ကြက်ကလီစာများအား စားသုံးရန် မသင့်ကြောင်း သိရသည်။ ထိုအစားအစာများ၌ ကျန်းမာရေး အာမခံချက် မပါ ကြောင်း၊ ရေခဲ ရိုက်ထားသည့်အပြင် မပုပ်သိုးစေရေးအတွက် ဓာတုဆေးဝါးများ သုံးစွဲထားကြောင်း၊ စားသုံးမိပါက ကင်ဆာ ဖြစ်နိုင်ခြေရှိကြောင်း၊ မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ ( DVB ) ၌ ဖော်ပြထားသည်။ ထိုစားသောက်ကုန်များကို ကြည့်မြင်တိုင် ငါးဈေး၌ အဓိက ရောင်းချနေပြီး၊ ရန်ကုန်မြို့ရှိ စားသောက်ဆိုင်၊ အကင်ဆိုင်၊ အကြော်ဆိုင်များတွင် ရောင်းချနေကြောင်း၊ ၎င်းအစားအစာများသည် ထိုင်းနိုင်ငံ၌ စားသုံးမှု မရှိသည့် ကုန်ပစ္စည်းများ ဖြစ်ပြီး၊ မော်လမြိုင်၊ မြဝတီ၊ ကော့သောင်း စသည့် နယ်စပ်ဒေသများမှ တင်းသွင်းခြင်း ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။