မြန်မာ့စွမ်းအင်ကဏ္ဍ၏ ရေနံရှာဖွေထေုတ်လုပ်ရေး တွင် ရုရှားရေနံကုမ္ပဏီ တခုဖြစ်သည့် Bashneft က အမေရိကန် ဒေါ်လာ ၃၈ သန်း ရင်းနှီးမြုပ်နှံရန် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး (MOGE) တို့ ယမန်နေ့က သဘောတူ ညီမှု ရရှိခဲကြောင်း၊ မြန်မာပြည်အလယ်ပိုင်း စတုရန်းမိုင် ၃၂၅ မိုင်ကျယ်ဝန်းသည် ရေနံလုပ်ကွက် EP- 4 တွင် ရုရှားနိုင်ငံ၏ Bashneft ရေနံကုမ္ပဏီက ၉၀ ရာခိုင်နှုန်း၊ မြန်မာ ကုမ္ပဏီ Sun Apex Holding က ၁ဝ ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ကိုင်ကြမည်ကာ၊ စာချုပ်အရ စီမံကိန်းကို နောက်ထပ် ၃ နှစ် လျှင်လည်း သက်တမ်းတိုးနိုင်ကြောင်း Bashneft ကုမ္ပဏီထုတ်ပြန်ချက်အရသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။