စာရေးဆရာ ထင်လင်းဦးကို ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၁၉၅ (က)၊ ဘာသာရေးအပေါ် စိတ်နာစေရန် ကြံရွယ်ပြောဆိုမှု ၂၉၈ တို့ဖြင့် တရားစွဲဆိုသင့်သည်ဟု ချောင်းဦးမြို့နယ် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ယမန်နှစ် အောက်တိုဘာလက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာတွင် ဦးဝိစာရအထိမ်းအမှတ်နေ့ စာပေဟောပြောပွဲ၌ ဟောပြောချက်များနှင့် ပတ်သက်၍ ချောင်းဦးမြို့နယ် သာသနာရေးဦးစီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။