လာမည့်ရွေးကောက်ပွဲအပြီး သမ္မတရွေးချယ်ရာမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သင့်တယ်လို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က Yonhap သတင်းဌာနနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ ဒီလိုပြောဆိုတာဟာ ပုဂ္ဂိုလ်ရေး အမြင်သက်သက် မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တော်တဲ့လူ တယောက်ဖြစ်တဲ့ အတွက် တိုင်းပြည်အကျိုးကို ကြည့်ပြောတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ တောင်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။