စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်မှ မဲရုံအမှတ် ၃တွင် မင်စွန်းနေသည့် မဲလက်လက်မှတ်များကို ပြန်လဲပေးရန် မဲဆန္ဒရှင်က ပြောသော်လည်း မဲရုံမှူးက ပြန်လဲမပေးကြောင်း မဲဆန္ဒရှင်တဦးကပြောသည်။
“စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် မဲရုံ အမှတ် ၃ မှာ မဲပေးရတယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ်အတွက်မဲပေးဖို့ မဲလက်မှတ်လည်း ထုတ်ရော မဲရုံမှူးလက်မှတ်နားမှာ ထုတ်ပေးတဲ့သူရဲ့ ဘောပင်နဲ့ မှင်ခြစ်မိပါတယ်၊ ဒါနဲ့လက်မှတ်ပြန်လဲပေးပါပြောတာ လဲမပေးပါ၊ ဘာမှမဖြစ်ဘူး၊ ရတယ်ပဲပြောတယ်၊ ဒါကြောင့် မဲရုံတာဝန်ရှိသူတွေရော၊ အပြင်ဘက်မှာရှိတဲ့ NLD ပါတီက မဲရုံစောင့်ကြည့်တဲ့သူတွေကိုပါ အကျိုးအကြောင်းပြောခဲ့ရပါတယ်။ တိုင်ခဲ့ပါတယ်။ နောက်တချက်က မဲလက်မှတ်ကို အရင်မပေးဘဲ လက်မှတ်ထိုးပြီးမှ ပေးပါတယ်၊ အဲ့တော့ မဲလက်မှတ်မှာ တစ်ခုခုဖြစ်ရင် လဲမပေးမယ့်စတိုင်တွေ ထုတ်တာ တရားလွန်တယ်” ဟု သူမ၏ အတွေ့အကြုံကို ဧရာဝတီသို့ပြောသည်။