သတင်းတို
တရုတ်မိုင်းတွင်းပေါက်ကွဲမှု လူ ၁၂ဦးသေဆုံး
This article has been converted from Zawgyi One to Unicode
တရုတ်ပြည် အရှေ့မြောက်ဒေသ ဂျီလင်ခရိုင်က ဘိုင်ရှန်မြို့က မြေအောက် မိုင်းတွင်းမှာ ပေါက်ကွဲမှုကြီး တရပ် မနေ့နေ့လည်က ဖြစ်ပွားရာ လူ ၁၂ဦးသေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုပါတယ်။ပေါက်ကွဲမှုဖြစ်ပွားချိန် မှာ လုပ်သား ၇၀၀ ကျော် မြေအောက်မှာရှိပြီးနေပြီး၊ ၆၉၂ ဦး လွတ်မြောက်ခဲ့ကာ ၁၃ဦးမှာ ပိတ်မိနေခဲ့ကြောင်း၊ နောက်ပိုင်းမှာ ၁ဦးကို ကယ်ဆယ်ရရှိပြီး ဆေးရုံပို့ခဲ့ကြောင်းသိရပါတယ်။
ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လူပေါင်း ၃၁၆ဦး၊ ဆရာဝန် ၄၆ဦးနှင့် လူနာတင်ယာဉ် ၁၁စီး ပါဝင်လုပ်ကိုင်နေပြီး၊ ပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းနေကြောင်းသိရပါတယ်။
ဂျီလင်ခရိုင်ဟာ သဘာဝအရင်းအမြစ် ကြွယ်ဝပြီး ရေနံ၊ ဓာတ်ငွေ၊ ကျောက်မီး၊ သံရိုင်တွင်းများရှိပြီး မိုင်းတွင်းပေါင်း ၁၃၆ ခုရှိသည်ဟု ဆိုပါတယ်။