• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIO နှင့် ကချင်လူထု တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်

by နန်းလွင်နှင်းပွင့်
18 July 2017
in သတင်း
A A
KIO နှင့် ကချင်လူထု တွေ့ဆုံပွဲကို ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်  / Hkun Awng Nlam

KIO နှင့် ကချင်လူထု တွေ့ဆုံပွဲကို ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် / Hkun Awng Nlam

6.7k
VIEWS
Share on FacebookShare on Twitter

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က ကချင် ပြည်သူလူထု ၅၀၀ ခန့်နှင့် တွေ့ဆုံကာ လက်ရှိ ကချင် တိုင်းရင်းသားများ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်သည်ဟု သတင်းရရှိ သည်။

KIO က ၎င်း၏ ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့သို့ အနယ်နယ်အရပ်ရပ်မှ ကချင်ပြည်သူလူထု ၅၀၀ ခန့်ကို ဖိတ် ခေါ် ကာ ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်အထိ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
576
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
67
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
191

ဒုဗိုလ်မှူးကြီး နော်ဘူက “UNFC ကနေ နုတ်ထွက်တာကို ကျနော်တို့ ပြည်သူလူထုကို တရားဝင် ရှင်းပြတာ မရှိသေးလို့ ဒီတခေါက် ပထမအနေနဲ့ ဘာ့ကြောင့် နုတ်ထွက်ရတယ် ဆိုတာကို ရှင်းပြပါတယ်” ဟု ပြောပြသည်။

တွေ့ဆုံပွဲတွင် KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် နိုင်ငံရေးလမ်းကြောင်း ဆုံးနေပြီဖြစ်သဖြင့် နုတ်ထွက်လိုက်ရခြင်း ဖြစ်ကြောင်း၊ KIO က အားလုံး ပါဝင် ရေးမူကို ဆုပ်ကိုင်ထားသဖြင့် နယ်မြေထိစပ်နေသည့် မြောက်ပိုင်းအဖွဲ့များနှင့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ပြုလုပ်ကာ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးနိုင်ရန် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ညှိနှိုင်းကော်မတီ (FPNCC) တွင် ပါဝင်ရခြင်း ဖြစ်ကြောင်း ပြည်သူလူထုကို ရှင်းပြသည်ဟု ဆိုသည်။

ပြည်သူများက KIO သွားနေသည့် နိုင်ငံရေး အခြေအနေနှင့် ကြုံတွေ့နေရသည့် စစ်ရေး အခြေအနေများကို မေးမြန်း ရာ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၊ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ KIO ကောင်စီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဇော်ရော် တို့က ပြန်လည် ဖြေဆိုခဲ့ကြသည်ဟု သိရသည်။

FPNCC မှ အစိုးရကို နိုင်ငံရေးဆွေးနွေးပေးရန် တင်ပြထားသည့် အထွေထွေ တောင်းဆိုချက်များနှင့် အသေးစိတ် မူဝါဒများကိုလည်း တွေ့ဆုံပွဲ တက်ရောက်လာသည့် ကချင်ပြည်သူလူထုကို ချပြခဲ့ပြီး ပြည်သူလူထုကလည်း အကြံပြု ချက်များ ပေးပို့ထားသည်ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တွေ့ဆုံပွဲ တက်ရောက်လာကြသည့် ပြည်သူများဘက်က မိမိတို့မှာ စစ်ဘေးရှောင်များ မည်သည့် အချိန်ထိ ဖြစ်နေဦး မည်လဲ ဟူ၍ ပြစ်တင် ပြောဆိုသူများ၊ စစ်ရေးအခြေအနေ မေးမြန်းသူများ ရှိသကဲ့သို့ တချို့ကလည်း ကချင် တိုင်းရင်း သား တို့၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ် စနစ်ကို မရသေးသည့် အခိုက်တွင် စစ်ရေး အခြေအနေများ ကြုံတွေ့ရမည်ကိုလည်း နားလည်ကြောင်း ပြောဆိုသူများ ရှိသည်ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

“KIOက စစ်ပြေငြိမ်းရေးကို အဓိကထားပြီး ဆွေးနွေးချင်တဲ့ သဘောထားရှိပါတယ်။၂၀၁၃ ခုနှစ် မြစ်ကြီးနား မှာ ချုပ်ဆို ထားတဲ့စာချုပ်ကလည်း စစ်ပြေငြိမ်းဖို့ ဖြစ်တယ်။ အကောင်အထည်မပေါ်တာက တပ်မတော် ဘက်က လိုက်နာမှု မရှိ လို့ ဖြစ်တယ်။ ကျနော်တို့က စစ်ရှိန်လျှော့တဲ့ ပုံစံနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ အစီစဉ်ရှိပါတယ်”ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIO က စစ်ရှိန်လျှော့ချနိုင်ရန် နည်းလမ်းများကိုလည်း ရှာဖွေနေသည်ဟု ပြည်သူများကို ပြောဆိုကြောင်း သိရသည်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းတို့က မတရားအသင်း ဆက်သွယ်သည့် ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူခံရမည်ကို စိုးရိမ်သဖြင့် အမည်များကို မဖော်ပြရန် တောင်းဆို ကြသည်။

တွေ့ဆုံပွဲ တက်ရောက်သူ တဦးက “အားလုံးကို ခြုံပြီး သုံးသပ်ရင် တဖက်မှာ လူထုအားလုံး တိုင်းရင်းသား အားလုံးက ၁၉၄၇ ပင်လုံကတိကဝတ် နဲ့ ဖက်ဒရယ်ကို ဖော်ဆောင်ဖို့ မျှော်လင့်တယ်။ လိုလားတယ်။ တဖက်မှာ ဖော်ဆောင် သလို လိုနဲ့ ထိုးစစ်နဲ့ ပြန်ပြီး ဖျက်သလို ဖြစ်နေတယ်။ ပြောင်းလဲဖို့ လိုတာက အစိုးရစစ်တပ်ရဲ့ ထိုးစစ်ဖြစ်တယ်။ ထိုးစစ် မလုပ်ရင် ပြေလည်လာမယ်”ဟု ပြောသည်။

တိုက်ပွဲများကြောင့် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ကချင်ပြည်သူ စစ်ဘေးရှောင်အများအပြား ဖြစ်နေကြောင်း၊ စစ်ဘေး ရှောင် ဘဝဖြင့် မနေလိုဘဲ အေးအေးချမ်းချမ်း နေထိုင်လိုသော်လည်း တိုက်ပွဲများကြောင့် ပြေးနေရကြောင်း၊ ကချင် ပြည်သူ အားလုံး၏ နိုင်ငံရေးမျှော်မှန်းချက် ပန်းတိုင်မှာ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင်ကြီးများကြား ချုပ်ဆိုခဲ့သည့် ပင်လုံ ကတိကဝတ်များသာ ဖြစ်သည်ဟု တတ်ရောက် လာသူများက ပြောဆိုခဲ့ကြောင်း သိရသည်။

အစည်းအဝေး တက်ရောက်ခဲ့သည့် ကချင်လူထုကိုယ်စားလှယ် တဦးက ၁၉၄၇ ခုနှစ် ပင်လုံ ကတိကဝတ်များကို အကောင်အထည် ဖော်ပေးခြင်းကသာလျှင် ကချင်ပြည်သူအားလုံး လက်ခံနိုင်သည့် နိုင်ငံရေးလမ်းကြောင်း ဖြစ်သည် ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ပြည်သူတွေ လိုလားတာက KIO အနေနဲ့ နိုင်ငံရေး၊ စစ်ရေးကို ဦးဆောင်ဦးရွက်ပြီး သွားတဲ့ အချိန်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် သွားဖို့ ဥိးဆောင်ဖို့ လိုအပ်တယ်လို့ ပြည်သူလူထု အနေနဲ့ အကြံပြုတာ တွေ ရှိပါတယ်”ဟုလည်း ပြောဆိုသည်။

ထို့အပြင် ပင်လုံကတိကဝတ်များကို အကောင်ထည် ဖော်နိုင်ရေး၊ ဖက်ဒရယ်စနစ်ကို ဆွေးနွေးနိုင်ရေးအတွက် လက်ရှိ ကျင့့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ကိုလည်း KIO နှင့် ပြည်သူများကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အခြားသော တွေ့ဆုံပွဲတက်ရောက်ခဲ့သူ တဦးက “ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်။ ဒါပေမယ့် မမျှော် လင့် ဘဲ ထိုးစစ်လာလာလုပ်တာက အစိုးရစစ်တပ်ဖြစ်နေတယ်။ သူတို့လာတိုက်ရင်တော့ ကျနော်တို့က စစ်ပြေးဘဝ မှာပဲ နေရမယ့် အခြေအနေရှိပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့/တပ်မတော် (KIO/KIA) မှ အဖွ့ဲဝင် ၂၀၀ ခန့် တက်ရောက်ခဲ့ပြီး ပြည်သူ လူထု ခေါင်းစဉ်အောက်တွင် ပြည်တွင်းပြည်ပမှ ကချင် ခေါင်းဆောင်များ၊ လူထု ကိုယ်စားလှယ်များနှင့် ကချင် ပြည်သူလူထု စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။ ယင်းတွေ့ဆုံပွဲကို စုစုပေါင်း လူဦးရေ ၇၀၀ ခန့် တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံပွဲမှာ ကချင်တိုင်းရင်းသား နိုင်ငံရေးကို ဦးဆောင်နေသည့် KIO နှင့် ကချင်ပြည်သူလူထုကြား တွေ့ဆုံ ဆွေးနွေး ခြင်းသာ ဖြစ်သဖြင့် တစုံတရာ သဘောတူညီချက် ထွက်ရှိခြင်း မရှိဟု သိရသည်။

KIO မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို ငြင်းဆိုပြီး FPNCC ဖြင့် နိုင်ငံရေး ဆွေးနွေးရန် အစိုးရနှင့် ညှိနှိုင်းလျက် ရှိသည်။

၂၀၁၆ ခုနှစ် သြဂုတ်လမှ စ၍ ဒီဇင်ဘာလထိ တပ်မတော်က KIA ကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး KIA ၏ တပ်စခန်းများကို သိမ်းဆည်းခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လကလည်း ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း KIA လုပ်ကိုင်နေသည့် တရားမဝင် ရွှေနှင့် ပယင်း လုပ်ကွက် များကို ဖျက်သိမ်းရမည်ဟု ဆိုကာ အရပ်သားများကို နှင်ပြီး တိုက်ခိုက်မှုများ ပြုလုပ်ကာ ယနေ့အထိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

Your Thoughts …
Tags: KIOကချင်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်

မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်

by Ashley South
10 March 2025
9.8k

ဗဟိုချုပ်ကိုင်သော မြန်မာနိုင်ငံတော်သည် ပို၍ ပို၍ တစစီ ပြိုကွဲလာနေပြီး မည်သည့် စစ်အစိုးရ သို့မဟုတ် ဒီမိုကရေစီအစိုးရ အောက်တွင်မှ စုစည်းညီညွတ်မှု ပြန်လည် ရရှိတော့မည် မဟုတ်ပေ။

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

by ဧရာဝတီ
15 September 2023
8.9k

အလားတူ မြစ်ကြီးနား စစ်ကြောင်းသည်လည်း ဝိုင်းမော်မြို့ တောင်ဘက် ဒဘတ်ယန်ရွာ၌ KIA နှင့် KPDF တို့၏ တိုက်ခိုက် မှုကြောင့် အကျအဆုံးများကာ ရှေ့မတိုးနိုင်ဘဲ ရပ်နေပြီး သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင် အချို့၏ အလောင်းများကို စက်တင်ဘာ ၁၀ရက်က...

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

စစ်ဦးစီးချုပ်သစ်နှင့်အတူ တပ်မဟာအသစ်ပါ ဖွဲ့လိုက်တဲ့ KIA

စစ်ဦးစီးချုပ်သစ်နှင့်အတူ တပ်မဟာအသစ်ပါ ဖွဲ့လိုက်တဲ့ KIA

by ဧရာဝတီ
31 May 2024
6.5k

KIA ရဲ့ သမိုင်းဝင်နေ့ရက်ဖြစ်တဲ့ မေလ ၁၈ ရက်နေ့မှာပဲ စစ်ဦးစီးချုပ်သစ် ခန့်အပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီနေ့ဟာ ၁၉၆၁ ခုနှစ် သိန္နီမြို့အရှေ့တောင်ဘက်က ယခုတော့ Ja Yang ဟုခေါ်တဲ့ နေရာမှာ စစ်တပ်နဲ့...

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
4 September 2023
6.4k

၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်။

Next Post
အခြေခံ ဥပဒေ ဖျက်သိမ်းလိုမှုဖြင့် အစိုးရကို စွဲဆိုမှု တရားရုံး လက်မခံ (ရုပ်/သံ)

အခြေခံ ဥပဒေ ဖျက်သိမ်းလိုမှုဖြင့် အစိုးရကို စွဲဆိုမှု တရားရုံး လက်မခံ (ရုပ်/သံ)

ASEAN Media Bloggers Tourism Hunt 2017

အာဆီယံ မီဒီယာ၊ Blogger များရဲ့ မလေးရှား ကားမောင်းခရီး

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate