• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ

by သူရမောင်
6 January 2024
in သတင်း
A A
လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ

စစ်ကောင်စီနှင့် တိုက်ပွဲများ အတွင်း MNDAA သိမ်းဆည်းခဲ့သော လက်နက်များ (ဓာတ်ပုံ - The Koekang)

2.9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အဓိကမြို့ဖြစ်တဲ့ လောက်ကိုင်မြို့ကို အပြီးသတ် သိမ်းပိုက် လိုက်နိုင်ပြီလို့ မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) ဘက်က ဧရာဝတီကို အတည်ပြုပါတယ်။

လောက်ကိုင်မြို့ဟာ ကိုးကန့်အဖွဲ့လို့ လူသိများတဲ့ MNDAA သိမ်းယူမယ့်မြို့တွေထဲက အဓိက ပစ်မှတ်မြို့ တမြို့ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့က အပြီးသတ်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
73
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
1.9k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
78

လောက်ကိုင်မြို့မှာ အခြေစိုက်ထားတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက) တခုလုံး ဇန်နဝါရီလ ၄ ရက်နေ့က လက်နက်ချပြီးတဲ့နောက် လက်ကျန် အမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ နမ်ထင်းမိန်ရှန်း ခေါ် ပွိုင့် (၂၀၂၂) က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၆၆ ဦးကလည်း ဇန်နဝါရီလ ၅ ရက်နေ့မှာ ထပ်မံလက်နက်ချလိုက်တာကြောင့် လောက်ကိုင်တခွင်မှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီလို့ MNDAA က ပြောပါတယ်။

MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း က “နမ့်ထင်းမိန်တောင်တပ်စခန်းက အလင်းဝင်လာပါတယ်။ သူတို့ အိမ်ပြန်လမ်းအတွက် စီစဉ်ပေးနေပါပြီ။ ဆိုတော့ အခု ကျနော်တို့အထူးဒေသ (၁) အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေ အားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီ” လို့ ဧရာဝတီကို ပြောပါတယ်။

MNDAA ထံ လက်နက်ချခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒစက (လောက်ကိုင်) အား စစ်ကူပေးဖို့ ရောက်ရှိလာခဲ့ကြတဲ့ မြန်မာနိုင်ငံအနှံ့က တပ်မ၊ တပ်ရင်းတွေထဲက အားလုံး ပါဝင်ခဲ့ပြီး အရာရှိ ၂၂၈ ဦး၊ ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၆ ဦး၊ ရဲဘော်အဆင့် ၁၈၉၅ ဦးနဲ့ နမ်ထင်းမိန်ရှန်း တောင်ကုန်းက ၂၆၆ ဦးအပါအဝင် စုစုပေါင်း ၂၃၈၉ ဦး ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် စုစုပေါင်း ၁၆၀၁ လည်းပါဝင်ပြီး စစ်သည်တွေနဲ့ မိသားစုဝင်တွေအားလုံးကို MNDAA က လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးလိုက်ပြီလို့လည်း ပြောပါတယ်။

စစ်ကောင်စီနှင့် တိုက်ပွဲများ အတွင်း MNDAA သိမ်းဆည်းခဲ့သော လက်နက်များ (ဓာတ်ပုံ – The Koekang)

လောက်ကိုင်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ လက်နက်ချခဲ့တာဟာ တရုတ်နိုင်ငံဘက် ကျည်မကျရေးနဲ့ တပ်မိသားစုတွေရဲ့ လုံခြုံရေးတွေကြောင့် လက်နက်ချလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက Popular News သတင်းဌာနကို ပြောဆိုထားပါတယ်။

နမ်ထင်းမိန်ရှန်းတောင်ကုန်းကို သိမ်းပိုက်ပြီးတဲ့နောက် ကိုးကန့်ခရိုင်နဲ့ မုန်းကိုးခရိုင်ကို ထိမ်းချုပ်လိုက်နိုင်ပြီလို့လည်း ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။

လီကျားဝင်း က “အခု ကျနော်တို့ အထူးဒေသ (၁) အနေနဲ့ ကိုးကန့်ခရိုင်၊ မုန်းကိုး ခရိုင် ၂ ခုမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း အားလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်။ သိန္နီခရိုင်နဲ့ ကွတ်ခိုင် ခရိုင်မှာတော့ ကျနော်တို့ တပ်စခန်း တပ်စခန်းတို့၊ နေရာဒေသတို့ ထိန်းချုပ်ထားတာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ကွတ်ခိုင်ဗျူဟာ တပ်စခန်းကို MNDAA နဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က အပြီးသတ် သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေလျှက်ရှိပါတယ်။

MNDAA ဟာ လောက်ကိုင်မြို့ကို မသိမ်းပိုက်ခင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အချက်အချာကျတဲ့ မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံနဲ့ ကုန်းကြမ်း မြို့တွေကို သိမ်းပိုက်ထားပါတယ်။

Your Thoughts …
Tags: MNDAAဒစကမြန်မာလောက်ကိုင်
သူရမောင်

သူရမောင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ

စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ

by ဧရာဝတီ
10 March 2024
41.5k

ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁) မှူး ဗိုလ်မှူးချုပ် မင်းမောင်အား စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး စစ်ခုံရုံးဖြင့် စစ်ဆေးနေ

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ကျောက်တော်  တောင်ရှည်တောင်ဗျူဟာကုန်းတခုလုံး AA ထံ လက်နက်ချလာ

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်းတခုလုံး AA ထံ လက်နက်ချလာ

လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ

လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate