အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ ကလေးတွေကို တရားမဝင် Instagram မှာ ရောင်းချနေခြင်းတွေကို အဆုံးသတ်တော့မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျူးလွန်သူ ၄ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိခဲ့သူတွေထဲမှာ အသက် ၂၂နှစ်အရွယ် မိခင်တယောက်၊ Surabaya မှ ၂၉ နှစ်အရွယ် ဝယ်သူအဖြစ် သံသယရှိသူတို့ ပါဝင်တယ်လို့ တနင်္ဂနွေနေ့ နိုင်ငံပိုင်သတင်းစာတွေကနေတဆင့် ရဲတပ်ဖွဲ့အနေနဲ့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘာလီအပန်းဖြေစခန်းမှလည်း ဝမ်းဆွဲလက်သည်တဦးနဲ့ ဝယ်ယူတဦးတို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ထပ်မံဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ဟာ ငွေပို့လွှဲမှုတွေကို သက်သေအဖြစ်တွေ့ရှိခဲ့ပြီး မှုခင်းစုံစမ်းစစ်ဆေးရေးဌာနနဲ့ Surabaya ရဲတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ AKBP Sudamiran ကတော့ အင်္ဂါနေ့မှာ ၂၂နှစ်အရွယ် မိခင်ဟာ ကလေးရောင်းချရန်ကိစ္စကို ကြံစည်နေကြောင်း ရဲတပ်ဖွဲ့အနေနဲ့ သိရှိခဲ့ရပြီး Los Angeles မှဖြစ်တယ်လို့လည်း သိရှိရပါတယ်။
သူမဟာ သူမရဲ့ ၁၁လအရွယ်ကလေးငယ်ကို ဘာလီကျွန်းမှာရှိတဲ့ NS လို့ အမည်ရတဲ့ဝယ်သူဆီ WhatsApp အသုံးပြုပြီး အရောင်းအဝယ်ကိစ္စအတွက် ပြောဆိုခဲ့ကြတာဖြစ်တယ်လို့လည်း Sudamiran က ဆိုပါတယ်။ ကလေးငယ်ကို ရူပီး ၁၅သန်း (၉၈၇ ဒေါ်လာ) နဲ့ ရောင်းချဖို့ သဘောတူညီထားတာဖြစ်ပြီး ၂၂နှစ်အရွယ်မိခင်ဖြစ်သူရဲ့ Instagram Account ဟာ လွန်ခဲ့တဲ့ သောကြာနေ့အထိ အသုံးပြုနေဆဲဖြစ်ပြီး follower ပေါင်း ၇၀၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။
လူမှုကွန်ရက်နဲ့နည်းပညာတွေ တိုးတက်လာခြင်းဟာ တရားမဝင် ကုန်ကူးမှုတွေကို အထောက်အကူ ပေးသလို ဖြစ်နေပြီဖြစ်တယ်လို့ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားကော်မရှင်အဖွဲ့အစည်း(KPAI) ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ Sustano က ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့အချိန်တွေတုန်းက ပြစ်မှုတွေဟာ အလွှဲအပြောင်းကိစ္စတွေအတွက် ကြားလူတယောက်ကတဆင့် ကျူးလွန်ကြပေမယ့် အခုအခါမှာတော့ Instagram , Facebook အစရှိတဲ့ လူမှုကွန်ရက်တွေကို အသုံးပြုလာကြတယ်လို့လည်း မစ္စတာ Sustano က ဆက်လက်ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အခုအချိန်မှာ လူကုန်ကူးမှုရဲ့ အရင်းအမြစ်တခုဖြစ်လာပြီး တနှစ်မှာ ပျမ်းမျှ ကလေးပေါင်း ၁,၀၀၀,၀၀၀ ခန့်ဟာ လူကုန်ကူးခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာလုပ်ငန်းတွေအထိ ကုန်ကူးခံကြရတာဖြစ်တယ်လို့ UNICEF မှတ်တမ်းများအရ သိရှိရပါတယ်။
ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအရ ဖမ်းဆီးရမိသူလေးယောက်ကို ထောင်ဒဏ် ၁၅နှစ်စီ ချမှတ်သွားမှာဖြစ်တယ်လို့လည်း နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref: www.cnn.com