အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ဒေါ်နယ်ထရမ့်က သူ့အစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးသူလို့ နာမည်ကြီးတဲ့ Exxon Mobile ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သူ ရက်ဇ် တဲလားဆန်ကို ရွေးချယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရဖို့အတွက် ဒီမိုကရက်တစ်ပါတီရဲ့ E mail တွေကို ရုရှားက ကြားဖြတ်ခိုးယူကာ ကူညီခဲ့တယ်လို့ CIA ရဲ့ ပြောဆိုနေမှုအပေါ် လွှတ်တော် ၂ရပ်က စုံ စမ်းစစ်ဆေးဖို့ ဆုံးဖြတ်ချက်ချလိုက်ချိန်မှာ ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးသူတဦးကို နိုင်ငံခြားရေး ဝန်ကြီးခန့်ဖို့ ရွေး ချယ်ခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ကတော့ တဲလ်လားဆန်ဟာ နိုင်ငံတကာကုမ္ပဏီကြီးတခုကို ဦးဆောင်ကာ ကျွမ်းကျွမ်း ကျင်ကျင်လည်ပတ်နိုင်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း အောင်မြင်စွာ ဦးဆောင်နိုင်မှာ ဖြစ်ကြောင်း၊ သူဟာ ဒေသတည်ငြိမ်ရေးနဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို အလေးပေးဆောင် ရွက်မည့်သူတဦးဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လာမည့်အမေရိကန်အစိုးရသစ်အဖွဲ့ကို ဖွဲ့စည်းနေရာမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး ဟောင်း ဂျိမ်းစ် မက်တစ်ကိုလည်းကောင်း၊ စွမ်းအင်ဝန်ကြီးအဖြစ် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဟောင်း ရစ်ခ်ပယ်ရီကိုလည်းကောင်း ရွေးချယ်ထားပါတယ်။