၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဧရာဝတီတိုင်းဒေသကြီး၊
ကြံခင်းမြို့မှာ တိုင်းဒေသကြီးအဆင့်အခမ်းအနားအဖြစ်
ပထမဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ချင်းအမျိုးသားနေ့ကို ၂၀၁၂ ခုနှစ်ကစတင်ပြီး ကြံခင်းနဲ့ မြန်အောင်မြို့နယ်က ကျေးရွာတွေမှာတလှည့်စီ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ကစတင်ပြီး ပုသိမ်မြို့မှာ တိုင်းအဆင့်အခမ်းအနားအဖြစ်ကျင်းပခဲ့ပြီး၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ကိုတော့ ကြံခင်းမြို့ပေါ်မှာ ပထမဆုံး အကြိမ် ကျင်းပခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီထံက သိရပါတယ်။
ရိုက်ကူး – ဆလိုင်းသန့်စင်