ကိုရိုနာဗိုင်းရပ် ဂယက်ရိုက်ခတ်မှုကြောင့် မြန်မာပြည်က စက်ရုံတွေ ကုန်ကြမ်းပြတ်လပ်နေမှုနဲ့ ရင်ဆိုင်နေရလို့ဆိုပြီး လက်ရှိမှာတော့ စက်ရုံ ၁၀ ရုံက ပိတ်သိမ်းသွားပါတယ်။
အမှန်တကယ် ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံ ပိတ်သိမ်းတာ ဟုတ် မဟုတ်ကို အစိုးရတာဝန်ရှိသူတွေက စိစစ်ဖို့ လိုအပ်တယ်လို့ အလုပ်သမားအဖွဲ့ချုပ်ကနေတဆင့် အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဘက်က အလုပ်ရှင်တွေရဲ့ တောင်းဆိုမှုတွေကို ထုတ်ပြန်ထားသလို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဘက်ကလည်း အလုပ်သမားတွေအတွက် ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပြီး ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
အင်တာဗျူး – သဇင်လှိုင်
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ