ကယားပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲနေတဲ့အတွက်
စစ်ရှောင်တွေ ထွက်ပြေးနေကြရပြီး စိတ်ဒဏ်ရာရနေကြတယ်လို့ ကူညီမှုပေးနေသူတွေက ဧရာဝတီကိုပြောပါတယ်။
ကယားပြည်နယ်က စစ်ရှောင်တွေအများဆုံးရှိတဲ့ လိုဘာခိုစစ်ရှောင်စခန်းကိုဖေဖော်ဝါရီလ ၂၇ ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီကလေယာဉ်နဲ့ဗုံးကြဲခဲ့ပြီးစစ်ရှောင်တွေထပ်မံထွက်ပြေးနေရတာပါ။
UNHCR ရဲ့ထုတ်ပြန်ချက်အရတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့သူ ၉၁၀၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။