ဆွစ်ဇာလန် နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ကျန်းမာရေး ထိခိုက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။ ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီး Didier Burkhalter နှင့် ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲ အတွင်း မူးဝေပြီး နေထိုင်မကောင်းဖြစ်၍ ယင်းပွဲကိုရပ်ဆိုင်းလိုက်ရကြောင်း သတင်းများက ဆိုသည်။ ထို့ကြောင့် ဆွစ် ဇာလန် သမ္မတ Eveline Widmier-Schlumpf က ဖိတ်ကြားထားသော ညစာ စားပွဲ တက်ရောက်ရန် အစီအစဉ်ကိုလည်း ဖျက် လိုက်ရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဂျနီဗာ မြို့တွင် ကျင်းပသည့် ILO ညီလာခံတွင်လည်း မိန့်ခွန်း ပြောကြား သေးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်က စတင်ပြီး ဥရောပ ခရီးစဉ်ထွက်ခွာလာခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။