ဗုဒ္ဓဘာသာ သံဃာတော် ဦးဝီရသူ ဓာတ်ပုံ နှင့် The Face Of Buddhist Terror မျက်နှာဖုံး ဆောင်းပါးကို ဖော်ပြထားသော တိုင်းမ် မဂ္ဂဇင်းအား မြန်မာ ပြည်တွင်း၌ ပိတ်ပင်လိုက်သည်။ ၂၀၁၃ ခု ဇူလိုင်လ ၁ ရက်အတွက် ထုတ်ဝေသည့် တိုင်းမ် မဂ္ဂဇင်းပါ ယင်း ဖော်ပြချက်သည် ဗုဒ္ဓသာသနာ အပေါ် အထင်အမြင် လွှဲမှားစေနိုင်ပြီး နိုင်ငံတော်က ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့ အကြား ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်စေနိုင်သည့်အတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး အတွက် ကာကွယ်နိုင်ရန် မူရင်း စာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူ ပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ဟူ၍လည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။