ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း အထူးဈေးနှုန်း ၁ နာရီကျပ် ၈ သိန်း သို့မဟုတ် အမေရိကန် ဒေါ်လာ ၈၀၀ ဖြင့် အမေရိကန်နိုင်ငံထုတ် Cossna Grand Caravan 208 B လေယာဉ်ငယ်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး (ချမ်းမြသာစည်) လေဆိပ်များတွင် စင်းလုံးငှားနိုင်ပြီဖြစ်ကြောင်း မြန်မာ့လေကြောင်းက ထုတ်ပြန်ထားသည်။ယင်းလေယာဉ်ငယ်သည် ခရီးသည် ၁၁ ဦး တင်ဆောင်နိုင်ပြီး ဆက်သွယ်ငှားရမ်းလိုပါက ဆက်သွယ်ရမည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဖုန်းနံပါတ်များကို ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။