မားစ်ကူးစက်ရောဂါ (MERS-Middle East Respiratory Syndrome) သည် ၂၀၁၂ ခုနှစ်တွင် တုပ်ကွေးရောဂါ အသစ် တမျိုးအနေဖြင့် ပေါ်ပေါက်လာသော ကူးစက်ရောဂါဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇွန်လအထိ ဆော်ဒီ အာရေးဗီးယား၊ ဂျော်ဒန်၊ ကာတာ၊ အီဂျစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်၊ တူ ရကီ၊ အိုမန်၊ အယ်လ်ဂျီး ရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ၊ သြစတြီးယား၊ အင်္ဂလန်၊ တောင်ကို ရီးယား၊ အမေရိကန်ပြည်ထောင်စု၊ တရုတ် နှင့် ဟောင်ကောင် နိုင်ငံများတွင် မားစ် ရောဂါကို တွေ့ရှိခဲ့ရသည်။ နောက်ဆုံးတွေ့ရှိခဲ့ရသည်မှာ တောင်ကိုရီးယား နိုင်ငံ တွင်ဖြစ်သည်။
ပထမဆုံး အကြိမ်အဖြစ် ဆော်ဒီအာရေးဗီးယားတွင် ၂၀၁၂ ခုနှစ်ကတွေ့ရှိခဲ့ရသည်။ အီဂျစ်နိုင်ငံမှ ဗိုင်းရပ်စ် ပိုးမွှားပညာ ရှင် Dr. Ali Mohamed Zaki က လူတယောက်၏ အဆုတ်မှ အမျိုးအမည်မသိ ကိုရိုနာဗိုင်းရပ်စ် တမျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီး သူ၏ တွေ့ရှိမှုကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဒုတိယ အကြိမ်တွေ့ရှိမှုက ၂၀၁၂ စက်တင်ဘာလအတွင်းတွင် ဖြစ်သည်။ ကာတာနိုင်ငံတွင် နေထိုင်သည့် အသက် ၄၉ နှစ် အရွယ် အမျိုးသားတဦးတွင် အလားတူ တုပ်ကွေးလက္ခဏာများတွေ့ရှိခဲ့ရပြီး ပထမအကြိမ်နှင့် တူညီနေသည်။၂၀၁၂ ခုနှစ် နိုဝင်ဘာ လအတွင်းတွင် ကာတာနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံများတွင် အလားတူဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။ အသက် သေဆုံးနိုင်သည် အထိဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ရပြီးနောက် အဆိုပါ ဗိုင်းရပ်စ်ပိုး နှင့် ပတ်သက်၍ သုတေ သန ပြုလုပ် ခြင်း၊ စောင့်ကြည့်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။
ရောဂါကူးစက်မှု အခြေအနေနှင့်ကုသမှု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ လက်ရှိတောင်ကိုရီးယား အဖြစ်အပျက်အထိ တကမ္ဘာလုံးအတိုင်း အတာ အရ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် MERS ရော ဂါ ဖြစ်ပွားခဲ့သူ ၁၁၇၉ ဦးရှိခဲ့ပြီး ၄၄၅ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရောဂါရှိသူများကို ပြုစုစောင့်ရှောက်ပေးရသည့် ကျန်းမာရေး ဝန်ထမ်းများကိုလည်း ကူးစက်မှုရှိခဲ့သည့် အတွက် လူသား ချင်း ကူးစက်ပျံ့နှံ့ နိုင်သည့် ရောဂါပိုးတခုဖြစ်သည်။ MERS ကူးစက်ခံရသူများ သည် အသက်ရှုလမ်းကြောင်း နှင့် ပတ် သက် သည့် ဝေဒနာများကို ခံစားကြရပြီး သိသာသည့် ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုရန် ခက်ခဲခြင်း တို့ဖြစ်သည်။ တချို့က ဝမ်းလျှောခြင်း၊ ပျို့ အန်ခြင်းများ ဖြစ်တတ်ကြသည်။ နောက်ဆက်တွဲ အနေဖြင့် အဆုတ် အအေး မိခြင်း နှင့် ကျောက်ကပ် ဝေဒနာများ ခံစား ကြ ရသည်။ ရောဂါကူးစက်ခံရသူ ၁၀ ဦးတွင် ၃ ဦးမှ ၄ ဦးအထိ သေ ဆုံး နိုင်သည်ဟု သိရသည်။
MERS-CoV ဗိုင်းရပ်စ်သည် အခြားသော ကိုရိုနာဗိုင်းရပ်စ်များကဲ့သို့ပင် လူသားတို့ ၏ အသက်ရှုလမ်းကြောင်းမှ တဆင့် ကူး စက်ပျံ့နှံ့နိုင်သည်။ ဥပမာ ချောင်းဆိုးခြင်း၊ နှာချေခြင်း အစရှိသဖြင့် ဖြစ်သည်။ သို့သော်လည်း ကူးစက် ပျံ့နှံ့ နိုင်မှုကို တိကျ သေချာစွာ ယခုအထိ မသိရသေးပါ။ လူနာနှင့် အနီးကပ်ရှိနေသော ကျန်းမာရေးဝန်ထမ်းများ သို့မဟုတ် မိသားစုဝင်များကို ကူးစက်ခြင်း ကဲ့သို့သော လူသားချင်း ကူးစက်မှု ကိုသာ စနစ်တကျ မှတ်တမ်းတင်နိုင်သေးသည်။
တွေ့ရှိမှုအားလုံးသည် အာရေဗျကျွန်းဆွယ် အတွင်းနှင့် အနီးတဝိုက်ရှိ နိုင်ငံများ နှင့် သက်ဆိုင်မှုရှိနေသည်။ ဗိုင်းရပ်စ် ကူး စက်ခံရသူများသည် အာရေဗျ ကျွန်းဆွယ်တွင် နေထိုင်သူများ သို့မဟုတ် နေမကောင်း မဖြစ်မီ ထိုနေရာသို့ခရီးသွားခဲ့သူ များဖြစ်သည်ကို တွေ့ရသည်။
လက်ရှိ အချိန်တွင် MERS ရောဂါကို ကာကွယ်ရန် ကာကွယ်ဆေး မရှိသေးပါ။ ရှာဖွေဖော်ထုတ်နေကြဆဲဖြစ်ပါသည်။
ဘယ်လိုကာကွယ်မလဲ
အမေရိကန် ရောဂါကာကွယ်ရေး နှင့် ကုသရေးဌာနက မားစ်ရောဂါ ကူးစက်ခြင်း မခံရအောင် ကြိုတင်ကာကွယ်သည့် အနေဖြင့် လုပ် ဆောင်ရမည့် နည်းလမ်းများကို အောက်ပါ အတိုင်းအကြံပြုထားသည်။
(၁) လက်ကို ဆပ်ပြာနှင့် ရေကို အသုံးပြု၍ စက္ကန့် ၂၀ မျှကြာအောင်ဆေးကြောပါ။ ကလေးငယ်များကိုလည်း အလားတူ လုပ်ဆောင်ခိုင်းပါ။ ဆပ်ပြာနှင့် ရေရရှိရန် မလွယ်ကူပါက အယ်လ်ကိုဟော အခြေခံသော လက်သန့်စင်ရေကို သုံးပါ။
(၂) ချောင်းဆိုးစဉ် သို့မဟုတ် နှာချေစဉ် ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူး စက္ကူဖြင့် ပိတ်ပါ။ ပြီးလျှင် တစ်သျှူးကို စွန့်ပစ်ပါ။
(၃) ဆေးကြောထားခြင်း မရှိသည့် လက်ဖြင့် မိမိ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ကို ထိတွေ့ခြင်း မပြုပါနှင့်။
(၄) ဖျားနာနေသူများ နှင့် ကိုယ်ခန္ဓာချင်းထိတွေ့ခြင်း၊ နမ်းခြင်း၊ ခွက်တခုတည်း၊ ပန်းကန်တချပ်တည်း စားသောက် ခြင်း များ ကို ရှောင်ကြဉ်ပါ။
(၅) ထိတွေ့မှုများသည့် တံခါးလက်ကိုင်ဖုကဲ့သို့သော ပစ္စည်းများ၊ မျက်နှာပြင်များကို အမြဲသန့်ရှင်းပါ။