• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ် စီမံကိန်းများ နှင့် ရခိုင် ဒေသခံများ ဘဝ

by မင်းအောင်ခိုင်
30 March 2018
in ဆောင်းပါး
A A
တရုတ် ရေနံ သိုလှောင်ကန်များ တည်ဆောက်ထားသော မဒေးကျွန်း / မင်းအောင်ခိုင် / ဧရာဝတီ

တရုတ် ရေနံ သိုလှောင်ကန်များ တည်ဆောက်ထားသော မဒေးကျွန်း / မင်းအောင်ခိုင် / ဧရာဝတီ

9.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန် (SEZ) စီမံကိန်းကို ပြီးခဲ့သော ဦးသိန်းစိန် အစိုးရ လက်ထက်၌ တရုတ်နိုင်ငံပိုင် ကုမ္ပဏီ ဖြစ်သည့် CITIC (China International Trust and Investment Corporation)က လုပ်ပိုင်ခွင့် တင်ဒါ အောင်မြင်ခဲ့သည်။

ယင်း ကျောက်ဖြူ SEZ စီမံကိန်းကို ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲ မြို့နယ်၊ မာန်အောင်မြို့နယ် များအတွင်း တည်ဆောက် သွားမည် ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုလက်မှုနှင့် အဆင့်မြင့် အိမ်ရာ စီမံကိန်းများ တည်ဆောက် သွားရန်အတွက် မြေ ဧက ၄ ထောင်ကျော် (၄၂၈၉ ဒသမ ၃၂ ဧက) ကိုလည်း လျာထားချက် ရှိကြောင်း သိရသည်။

RelatedPosts

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
1.6k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
1.2k
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
574

စီမံကိန်း လုပ်ငန်းများတွင် စက်ရုံများ၊ အပန်းဖြေ စခန်းများ၊ ဘဏ် လုပ်ငန်းများ၊ ရေနက် ဆိပ်ကမ်းများ ပါဝင်မည် ဖြစ်ကာ ဒေသအတွင်း ကြတ္တိန်၊ ကန္ဒီး၊ ချောင်းဝ၊ သိုင်းချောင်း၊ စစ်တော၊ ကပ်သပြေ၊ မင်းပြင်၊ ဒိုးမတောင်၊ မဒေးကျွန်း စသည်ဖြင့် ကျေးရွာအုပ်စု ၉ ခု ပါဝင်မည်ဟု ဆိုသည်။

SEZ စီမံကိန်း ပြုလုပ်ရန် လျာထားသော ကျောက်ဖြူမြို့ကို ပင်လယ်ပြင်ထဲမှ မြင်တွေ့ရစဉ် /မင်းအောင်ခိုင်/ဧရာဝတီ

အဓိက အရေးပါသော ရေနက်ဆိပ်ကမ်း၂ ခုကိုတော့ ကျောက်ဖြူမြို့နယ် မဒေးကျွန်းနှင့် စစ်တော ကျေးရွာအုပ်စု၊ သစ်ပုတ်တောင် ကျေးရွာအနီးတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေး ဇုန် သည် ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုသည်ထက် တရုတ်နိုင်ငံ အတွက် စစ်ရေး အတွက်ရော၊ အရပ်ဘက်ဆိုင်ရာ လုပ်ငန်းအတွက်ပါ အဓိက အသုံးချနိုင်မည့် စီမံကိန်း တခု ဖြစ်ကြောင်း လေ့လာ စောင့်ကြည့်သူများက ပြောဆိုကြသည်။

ထို့ကြောင့် ယင်းစီမံကိန်းနှင့် ပတ်သက်၍ ရခိုင်ပြည်သူများကြားတွင် တချို့က စီမံကိန်းအား မျှော်လင့်နေသလို အခြေအခံ လူတန်းစား ပြည်သူ အများစုကတော့ စီမံကိန်းအပေါ် စိုးရိမ်ပူပန်မှု များလည်း ရှိနေသည်။

ကျောက်ဖြူ SEZ စီမံကိန်း ပွင့်လင်းမြင်သာမှု ရှိသလား

ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက SEZ နှင့် ပတ်သက်ပြီး လက်ရှိ အစိုးရသည် ယခင် အစိုးရလောက်တောင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဖေဝန်သည်။

“အရင်အစိုးရ လက်ထက်ကတောင် နည်းနည်း သိခွင့်ရခဲ့တယ်။ ဒီအစိုးရ လက်ထက်ကတော့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပဲ ခံစားရတယ်။ ဘယ်လို စက်ရုံမျိုးကို တည်ထောင်မယ်။ ဘယ်လိုစီမံကိန်းမျိုးကိုလုပ်မယ်။ ရွှေ့ပြောင်းရမယ့် ကျေးရွာသား တွေကို ဘယ်လို အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဘယ်လို နေရာချထားပေးမယ်။ မြေယာ လျော်ကြေးငွေက ဘယ်လိုပေး မယ် ဆိုတာတွေကို တခုမှ ကျနော်တို့ ဂဃနဏ မသိရဘဲ ဖြစ်နေပါတယ်”ဟုလည်း ဦးဖိုးစံက ပြောဆိုသည်။

လက်ရှိအချိန်တွင် စီမံကိန်းကို အကောင်အထည် မဖော်သေးသော်လည်း ကျောက်ဖြူမြို့နယ် အတွင်းက ကန္ဒီး ကျေးရွာ အုပ်စု၊ ကပ်သပြေ ကျေးရွာအုပ်စု၊ ချောင်းဝ ကျေးရွာအုပ်စု၊ ကြတ္တိန် ကျေးရွာအုပ်စု၊ သိုင်းချောင်း ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စုများ အတွင်းမှ မြေဧက ၂၅၀ ကို သက်ဆိုင်ရာက ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပဏာမ အနေဖြင့် လာရောက် မြေတိုင်းထွာမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

တရုတ် ရေနံတင် သင်္ဘောများ ဆိုက်ကပ်သည့် မဒေးကျွန်း ဆိပ်ခံနှင့် ရေလမ်းကြောင်းပြ အမှတ်အသားများ /မင်းအောင်ခိုင်/ဧရာဝတီ

သိုင်းချောင်း ကျေးရွာနေ လယ်သမား ဦးစောမောင်နု ကတော့ SEZ စီမံကိန်း တည်ဆောက်ရန် အတွက် ယာယီ မြေတိုင်း ထားရာတွင် ၎င်း၏ လယ်မြေ ပါဝင်နေသော်လည်း သက်ဆိုင်ရာက မည်သို့ ဖြစ်စေချင်သည်ကို လက်ရှိ အချိန်အထိ တခွန်း တစ ခေါ်ယူညှိနှိုင်း ပြောဆိုမှု မရှိသေးကြောင်း ပြောသည်။

“SEZ ဘယ်နေ့ လုပ်မယ်ဆိုတာ ၅ လပိုင်းလို့လည်း ကြားတယ်။ ဒါပေမယ့် ဘယ်သူမှလည်း အတိအကျ မပြောနိုင်ဘူး။ အခု ယာယီမြေတိုင်းတဲ့ အထဲမှာတော့ ကျနော်တို့ လယ်မြေတွေပါတယ်။ မြေယာ လျော်ကြေး တောင်းထားတဲ့ ကိစ္စကို ပြေပြေလည်လည် ရှင်းပေးမယ် ဆိုလို့ရှိရင် ကျနော်တို့က SEZ ကိုလက်ခံတယ်။ ဒီပုံစံ အတိုင်း မဟုတ်ရင်တော့ ကျနော်တို့ SEZ ကိုမကြိုဆိုပါဘူး။ လယ်မြေကို သိမ်းသွားမယ်။ အိမ်ရာမြေကွက်တွေ ပါသွားမယ်ဆိုရင် ကျနော်တို့ ဘယ်နေရာမှာ သွားနေရမလဲ”ဟု လယ်သမား ဦးစောမောင်နုက ပြောသည်။

လယ်မြေများကို သိမ်းယူမည် ဆိုပါက လယ်မြေ တဧက ကျပ် သိန်း ၉၀၀၊ ကျွဲနွား စားကျက်မြေ ဆိုလျှင် သိန်း ၇၀၀၊ ဥယျဉ်ခြံမြေ ဆိုလျှင် သိန်း ၅၀၀ ပေးလျော်ရန် ဒေသခံ လယ်သမားများက သက်ဆိုင်ရာ အဖွဲ့စည်းများထံသို့ အဆိုပြု ပြောဆို ထားကြောင်းလည်း သိရသည်။

ကျောက်ဖြူ SEZ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းက SEZ စီမံကိန်းနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ များကို ဆွေးနွေး ညှိနှိုင်းသည့် အဆင့်သာ ရှိသေးသည့် အတွက် ဘယ်အချိန်စမည်၊ မည်သို့ လုပ်ကိုင်ဆောင်ရွက် သွား မည် ဆိုသည်ကို ပြောဆို၍ မရနိုင်သေးကြောင်း ပြောသည်။

“ဘယ်အချိန် စလုပ်မယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ လုပ်ရမယ့် အချက်တွေက အများကြီးပဲ ရှိနေ တာကိုး။ ဘယ်အချိန်စမယ်ဆိုတာ ပြောလို့မရသေးဘူး။ မြေဧက တိုင်းထားတယ် ဆိုတာကလည်း လျာထားတာ လောက်ပဲ ရှိသေးတယ်။ မြေတိုင်းထားတာ လောက်နဲ့ စလုပ်လို့ မရသေးဘူး။ လျော်ကြေး ပေးတာတို့၊ မြေအစားပေးတာ တို့၊ အဲဒီလူတွေနေဖို့ အဆောက်အအုံ ဆောက်ပေးတာတို့ အများကြီး လုပ်ရဦးမှာ။ အဲဒီအဆင့်ကို မရောက်သေးဘူး” ဟု လည်း ဒေါက်တာ စိုးဝင်းက ပြောဆိုသည်။

ကျောက်ဖြူ SEZ အစိုးရသစ် လက်ထက် အကောင်အထည် ဖော်နိုင်မလား

ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်းမှ ညှိနှိုင်းရေးမှူး ကိုထွန်းကြည်က SEZ စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိ နိုင်ငံရေး အခြေအနေအရ လက်ခံရန် ခက်ခဲနေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး မရသေးဘဲ ဖွံ့ဖြိုးရေး လုပ်မည်ဆိုပါက ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောသည်။

“ရခိုင် ပြည်နယ်က ဓာတ်ငွေ့တွင်းကို ပိုင်ဆိုင်ထားတယ်။ ဘာမှ အကျိုးစီးပွား ခံစားခွင့် မရှိဘဲနဲ့ ကျောက်ဖြူအထူး စီးပွား ရေး ဇုန်ကို တည်မယ် ဆိုလို့ရှိရင်တော့ ရခိုင်ပြည်သူတွေရဲ့ အကျိုးခံစားခွင့်၊ ရခိုင် ပြည်နယ်ရဲ့ စီမံ ဆုံးဖြတ် ပိုင်ခွင့် ရှိ မနေမှာ ဖြစ်တဲ့ အတွက် ပြဿနာတွေ များနိုုင်တယ်”ဟု ကိုထွန်းကြည်က ပြောဆိုသည်။

မြေဧက ထောင်ချီ သိမ်းယူ၍ တည်ထောင်မည် ဆိုကတည်းက လယ်ယာမြေ ပြဿနာ များစွာ ဖြစ်လာနိုင်ခြေ ရှိကြောင်း၊ ၂၀၁၂ ခုနှစ် မြေယာ ဥပဒေအရဟုဆိုကာ ဒေသခံများ မှီခိုလုပ်ကိုင် စားသောက်နေသော ယာမြေများကို မြေလွတ် မြေရိုင်း အဖြစ် သတ်မှတ် လိုက်ပါက ဒေသခံများ၏ ဘဝ ဖွံ့ဖြိုး တိုးတက်လာမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

မလကျွန်းတွင် တွေ့ရသည့် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ်သို့ ပိုက်လိုင်းဖြင့် ပို့ဆောင်သည့် လုပ်ငန်း ဆိုင်းဘုတ် /မင်းအောင်ခိုင်/ဧရာဝတီ

ကျောက်ဖြူ မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံကလည်း စီမံကိန်းအတွင်း ဒေသခံများ ကို ထိခိုက်နိုင်သည့် ဓာတုဗေဒ စက်ရုံများ၊ ကျောက်မီးသွေး စက်ရုံများ ပါဝင်မည်ဟု သိရှိရကြောင်း၊ ယခင် အစိုးရ လက်ထက် ကလည်း SEZ စီမံကိန်းနှင့် ပတ်သက်ပြီး အစည်းအဝေး တက်ရောက်သည့် အခါတိုင်း ရှင်းရှင်းလင်းလင်း ချပြ ခြင်းမရှိဘဲ ပါဝါပွိုင့်ဖြင့် ထိုးပြကာ ကျော်သွားလေ့ ရှိကြောင်း ပြောဆိုသည်။

“သူတို့စီမံကိန်းမှာ ဘေးထွက် ဆိုးကျိုး ရှိမယ့် စက်ရုံတွေ အများကြီး ပါတယ်လို့ သိရတယ်။ ရေနံချက် စက်ရုံကအစ ဓာတု ဗေဒ စက်ရုံတွေ ပါတယ်လို့လည်း ကျနော်တို့ သိရှိရတယ်။ အဲဒါတွေက ကျနော်တို့အတွက် မျက်ဝါးထင်ထင် ခံစားရမယ်။ နောက်ပြီးတော့လည်း ကျောက်မီးသွေး စက်ရုံတောင် အကြမ်းအားဖြင့် ပါတယ်လို့ သိနေရတယ်။ ဒါပေမယ့် မချပြဘူး။ သူတို့ရဲ့ Master Plan ပေးပါ ဆိုလို့ရှိရင်လည်း သူတို့က အဲဒီပလန်ကို ကျနော်တို့ကို မပေးနိုင်ဘူးဗျ”ဟု ဒေသခံ လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ရှင်းပြသည်။

ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က ကျောက်ဖြူ SEZ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရထား ပို့ဆောင်ရေး ဌာန ဒုဝန်ကြီး ဦးမြင့်သိန်း ကို တာဝန်ပေးခဲ့သော်လည်း လက်ရှိ အစိုးရသစ် လက်ထက်တွင် ဒေါက်တာ စိုးဝင်း ကို တာဝန် ပေး ထားသည်။

ဒေါက်တာ စိုးဝင်းက တရုတ် ကုမ္ပဏီနှင့် ယခင်အစိုးရ လက်ထက်က သဘောတူချက်များသည် လက်ရှိအချိန်တွင် ရင်းနှီး မြှုပ်နှံမှု ရှယ်ယာကအစ သဘောတူ သတ်မှတ်ချက်များ ပြောင်းလဲသွားပြီ ဖြစ်သည့် အတွက် မည်သည့်ကိစ္စကိုမှ အတိ အကျ ပြော၍ မရကြောင်း ပြောသည်။

“ကုမ္ပဏီနဲ့ အရင် အစိုးရကြား တင်ဒါအောင်ခဲ့စဉ်က သဘောတူထားတဲ့ အချက်အလက်တွေက အခု အဲဒီဟာတွေ ပြောင်း သွားပြီ။ အရင်လက်ထက်က အသိအမှတ်ပြုခဲ့တာတွေ ပြောင်းသွားပြီ။ အခုအဲဒီ အနေအထား မရှိတော့ဘူး။ ပြောင်းသွား တယ် ဆိုတာက ပိုရအောင် ကြိုးစားကြတာ။ ကြိုးစားတိုင်းလည်း ကိုယ့်မှာ ငွေမရှိရင် လိုချင်သလောက်တော့ ဆန္ဒရှိတိုင်း မရဘူး”ဟု ဒေါက်တာ စိုးဝင်းက ဆိုသည်။

သို့သော် လက်ရှိ အစိုးရ လက်ထက်တွင် ကျောက်ဖြူ SEZ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ဒေါက်တာ စိုးဝင်းက ဆက်လက် ပြောကြားသည်။

“ဒီအစိုးရ သက်တမ်းမှာ စနိုင်တာပေါ့။ စဖို့အတွက် လုပ်နေတာလေ။ စာချုပ်စာတမ်း ချုပ်ဖို့အတွက် လုပ်နေတာ မကြာခင် ပြီးတော့မှာ” ဟု ဒေါက်တာ စိုးဝင်းက ပြောသည်။

မလကျွန်းတွင် တည်ဆောက်ထားသော ရွှေ သဘာဝ ဓာတ်ငွေ့ သန့်စင် သိုလှောင် စက်ရုံ /မင်းအောင်ခိုင်/ဧရာဝတီ

ဒေသခံ လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံကတော့ မည်သည့် အစိုးရ လုပ်လုပ် ပတ်ဝန်းကျင် ထိခိုက် နစ်နာမှု ရှိ မရှိ ဆိုသည် ကို လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းကာ စောင့်ကြည့်မည် ဖြစ်ပြီး ဒေသခံများ အတွက် အကျိုး မပြု လျှင် စီမံကိန်း ကို ကန့်ကွက် သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ပြည်သူလူထု အတွက် နိုင်ငံအတွက် ဆိုလို့ရှိရင်တော့ ကျနော်တို့ လက်ခံရမှာပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်သူလူထု အတွက်လည်း အကျိုးမရှိဘူး။ လုပ်ကိုင် ဆောင်ရွက်တဲ့ ကုမ္ပဏီတွေကပဲ အကျိုးရှိမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့က အဲဒီ စီမံကိန်းကို ကန့်ကွက်ရမှာပဲ”ဟုလည်း ဦးဖိုးစံက ပြောသည်။

ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်း ညှိနှိုင်းရေးမှူး ကိုထွန်းကြည်ကမူ SEZ စီမံကိန်းနှင့် ပတ်သက်၍ အစိုးရက ဒေသခံများ၏ သဘောဆန္ဒ မရယူဘဲ လုပ်ဆောင်လျှင်လည်း လက်ရှိ နိုင်ငံရေး အခြေအနေအရ သဘောထား ဆန္ဒ ထုတ်ဖော် ပြသခွင့် ရရှိနိုင်မည် မဟုတ်ဟု ယူဆကြောင်း ပြောဆိုသည်။

“ကျနော်တို့ လက်မခံဘဲ တည်ဆောက်ရင်လည်း အရင်တုန်းကလိုပဲ ပြောခွင့်ဆိုခွင့် ပိတ်ပင် ခံထားရတာ ရှိတယ်။ အခု ဆိုလို့ ရှိရင် အစည်းအဝေး လုပ်မယ် ဆိုရင်တောင် အခက်အခဲရှိနေတဲ့ အခြေနေပေါ့လေ။ နိုင်ငံရေးက ဒီမိုကရေစီစနစ်ကို ရောက်မလာဘဲနဲ့ တဖြည်းဖြည်းနဲ့ နိုင်ငံသား တယောက်ရဲ့ ရပိုင်ခွင့်တွေက အစ ဆုံးရှုံးလာတယ်လို့ ခံစားရတယ်။ တင်း ကြပ်တဲ့ ဥပဒေအောက်မှာ ကျနော်တို့ သိပ်ကြီးကြီးမားမား လုပ်နိုင်မယ်လို့ မမြင်ဘူး”ဟု ကိုထွန်းကြည်က ပြောသည်။ ။

ဆက်လက် ဖော်ပြပါမည်။

Your Thoughts …
Tags: ကျောက်ဖြူ SEZတရုတ် စီမံကိန်းရခိုင် ပြည်နယ်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

BGF ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲတွင်တွေ့ရသည့် တရုတ်နိုင်ငံသားတချို့ / ထက်ဝေ / ဧရာဝတီ

ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော

by ထွန်းထွန်း
18 July 2020
14.3k

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ တရုတ်အစိုးရ၏ OBOR စီမံကိန်းများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း တရုတ်သံအမတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွင်း ကျရောက်သည့် သိုင်းချောင်း ကျေးရွာအုပ်စုရှိ လယ်မြေများ / ဧရာဝတီ

ကျောက်ဖြူ SEZ ဧရိယာရှိ လယ်မြေများ လျော်ကြေးမရဘဲ သိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်

by ဧရာဝတီ
4 November 2021
9.1k

SEZ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဦးလေးကို လယ်သမားတွေနဲ့ တွေ့ဆုံရေးမှာ အကူညီပေးပါ။ ကွင်းဆင်း ပြီး လယ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးပေးပါ ဆိုပြီးတော့ တာဝန် ပေးအပ်လာတဲ့အတွက် ဦးလေးက သူတို့ သိသင့်တဲ့ ဥပဒေအကြောင်းတွေကို ပြောပြတာပဲ ရှိတယ်။...

မဒေးကျွန်းပေါ်တွင် တည်ဆောက်ထားသော တရုတ် ရေနံ သိုလှောင်ကန်များ  / မင်းအောင်ခိုင် / ဧရာဝတီ

တရုတ် စီမံကိန်းများနှင့် ရခိုင် ဒေသခံများ ဘဝ (၂)

by မင်းအောင်ခိုင်
31 March 2018
7.5k

အရှေ့အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများမှ ရေနံစိမ်း တန်ချိန် တသိန်းကျော် တင်ဆောင်လာသော ဧရာမ တရုတ် ရေနံတင် သဘောၤကြီးများသည် ၂၀၁၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ကတည်းက မဒေးကျွန်းသို့ စတင်ဝင်ရောက် လာခဲ့ သည်။

ကျောက်ဖြူဒေသခံ တိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်  / မင်းအောင်ခိုင် / ဧရာဝတီ

အတိဒုက္ခရောက်နေတဲ့ ရခိုင်ပြည်နယ်ကို ကုစားဖို့က အထူးစီးပွားရေးဇုန် တခုပဲ ရှိတော့တယ်

by မင်းအောင်ခိုင်
24 January 2020
9.2k

ဘာပဲဖြစ်ဖြစ် ရခိုင်မှာလာပြီးတော့ သတ္တိရှိရှိနဲ့ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ လူကိုတော့ ကျနော်တို့က ဆိုးတာနဲ့ ကောင်းတာနဲ့ ရောထွေးနေပါစေ၊ ဒီအချိန်မှာတော့ ကျနော်တို့ သူတို့ကို လိုအပ်တယ်။ အဲဒါကြောင့် လှိုက်လှိုက်လှဲလှဲကို ကြိုဆိုတာ။ ဘာလို့လဲဆိုရင် ကျနော်တို့မှာ ရင်ဆိုင်နေရတဲ့ ရန်သူအင်အားက...

Next Post
မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ဘတ်စ်ကား မီးလောင်နေစဉ် / Bangkok Post

မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်လာသည့်ကားမီးလောင်၊ ၂၁ဦးသေ

စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ရွှေလင်ဗန်းစက်မှုဇုန်) ဥက္ကဋ္ဌ ဦးအေးသောင်း / ဧရာဝတီ

ကျနော်တို့ကို စက်မှုဇုန် ဥပဒေ ထွက်ပေးပါ

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate