• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

“ပိုင်ရှင်မဲ့” သစ်အမှုကို ဖော်ထုတ်လိုက်တဲ့ ရဲတပ်သား ၅ ဦး

by ထွန်းထွန်း
26 May 2018
in ဆောင်းပါး
A A
ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ကြောင်း ဖော်ထုတ်ခဲ့တဲ့ ကျောက်ဆည်မြို့မရဲစခန်းမှ ရဲတပ်သား ၅ ဦးနှင့် ဒေသခံများ

ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ကြောင်း ဖော်ထုတ်ခဲ့တဲ့ ကျောက်ဆည်မြို့မရဲစခန်းမှ ရဲတပ်သား ၅ ဦးနှင့် ဒေသခံများ

35.2k
VIEWS
Share on FacebookShare on Twitter

“အခုလို အမှန်တရား ဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်မှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့ သူ ရှိပါတယ်” လို့ ပြောဆိုခဲ့သူဟာ ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တိုင်းသိပြည်သိ ဖွင့်ချလိုက်တဲ့ ဒုရဲမှူး မိုးရန်နိုင် ရဲ့ စကားဖြစ်ပါတယ်။

အခုဆိုရင် ဒုရဲမှူး မိုးရန်နိုင်လို ကိုယ်ကျိုးမငဲ့ဘဲ ရဲရဲဝံ့ဝံ့ ဖော်ထုတ်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပေါ်လာပြီဆိုတာ ကျောက်ဆည်က “ပိုင်ရှင်မဲ့” တရားမဝင်သစ်အမှုက သက်သေထူလိုက်ပြန်ပြီလို့ ပြောရမှာဖြစ်ပါတယ်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
81
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
120
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
111

အရင်ကဆိုရင် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ၊ ပိုင်ရှင်မဲ့သစ်တွေနဲ့ ပတ်သက်ရင် ပြည်သူလူထုဆီမှာ မေးခွန်းတွေ ရှိနေခဲ့သော်လည်း အဖြေမရခဲ့တာ ကြာပါပြီ။ အကျင့်ပျက် ခြစားမှုများပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အခြေအနေမှာ အဲဒီမေးခွန်းတွေရဲ့ အဖြေကလည်း ထွက်ပေါ်လာခဲ့တာမျိုး မရှိခဲ့တဲ့ အခြေအနေပါ။

ပိုင်ရှင်မဲ့တွေရဲ့ နောက်ကွယ်က ဖော်ထုတ်အရေးယူတာတွေ ပြုလုပ်ဖို့ မျှော်လင့်နေတဲ့ ပြည်သူတွေအတွက်တော့ ကျောက်ဆည်မြို့ မှာ တာဝန်ကျနေတဲ့ သာမန်ရဲတပ်သား ၅ ဦးက အဖြေတခု ဖော်ထုတ်ပေးလိုက်ပါတယ်။

စခန်းမှူးတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ပိုင်ရှင်မဲ့သစ်အမှုတခုကို သူတို့က မြို့ခံလူထုုနဲ့ ပူးပေါင်းပြီး ဖော်ထုတ် လိုက်တာပါ။

ဒီအတွက် ကျောက်ဆည်မြို့က စခန်းမှူးဟောင်း ဒုရဲမှူးမြင့်ဦး၊ စခန်းမှူးသစ် ဒုရဲမှူးဝင်းနိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်၊ ဒုတပ်ကြပ် ချစ်စန်းကိုနဲ့ ဒုရဲအုပ် ကိုကိုလင်းတို့ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေနဲ့ မေလ ၂၃ ရက်နေ့က အရေးယူစွဲချက်တင်ထားပါပြီ။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ညက ကျောက်ဆည်မြို့တွင်းကို လက်ဖက်ရည်သောက်သွားတဲ့ ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့က မသင်္ကာဖွယ်ကားတစီးကို တွေ့ရှိစစ်ဆေးရာကနေ တရားမဝင် ပိတောက်တုံးတွေနဲ့အတူ ယာဉ်ပေါ်ပါသူ နှစ်ဦးကို ဖမ်းမိခဲ့တာပါ။

ရဲတပ်သားနှစ်ဦးအနေနဲ့ ဖမ်းထားသူတွေကို အရေးယူဆောင်ရွက်ဖို့ ရဲစခန်းသို့ပြန်လာစဉ်မှာ ကားတစီးရဲ့ လိုက်လံနှောက်ယှက်ခြင်းကို ခံခဲ့ရတဲ့အတွက် ရဲတပ်သားတချို့ကို ဖုန်းဆက်အကူအညီတောင်းရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စခန်းပြန်ရောက်ချိန်မှာတော့ သူတို့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ စခန်းမှူးဖြစ်တဲ့သူက သူတို့နှစ်ဦးကို အခန်းထဲခေါ်ဆောင်ပြီး စခန်းမှူး အသစ် ဒုရဲမှူး ဝင်းနိုင်ရှေ့မှာ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရတယ်လို့ မေ ၂ ရက်နေ့က ၎င်းတို့လက်မှတ်ရေးထိုးထားတဲ့ တိုင်ကြားစာမှာ ဆိုထားပါတယ်။

တိုင်ကြားစာမှာ စခန်းမှူးက “မင်းတို့ကို ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်းတာလဲ၊ အခုမြို့နယ်မှူးက လွှတ်ပေးဖို့ ငါ့ကို ကြိမ်းနေပြီ”လို့ ပြောဆိုကြောင်းလည်း ဖော်ပြထားပါတယ်။

စခန်းမှူးက ဆူပူနေစဉ်မှာပဲ အရပ်ဝတ်ဝတ်ထားတဲ့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်နဲ့အတူ ရောက်လာတဲ့ မုံလာ(ခ) အောင်စိုးမိုး ဆိုသူရဲ့ ကားပေါ်ကို ဖမ်းဆီးထားသူနှစ်ဦးအား ဒုတပ်ကြပ်ချစ်စန်းကိုက သွားရောက်တင်ပေးကာ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ တိုင်ကြားသူတွေက ပြောပါတယ်။

ဖမ်းထားသူကို လွှတ်ပေးလိုက်တဲ့အတွက် တာဝန်မှူးဖြစ်တဲ့ ဒုရဲအုပ် ကိုကိုလင်းနဲ့ စခန်းတာဝန်ရှိတွေကြားမှာ အချေအတင်ဖြစ်ခဲ့ပြီး အမှုကို နယ်ထိန်းခေါင်းဆောင်ထံ လွှဲပေးကာ သစ်တွေကို ပိုင်ရှင်မဲ့သာ ဖွင့်စေခဲ့တာဖြစ်ပါတယ်။

ကိုယ်တိုင်ဖမ်းဆီးခဲ့ရတဲ့ ရဲတပ်သားတွေကတော့ ဒီလုပ်ရပ်ကို ကျေနပ်မှုမရှိတဲ့အတွက် အကျင့်ပျက်ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့ ကျောက်ဆည်မြို့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)တာဝန်ခံ ဦးကိုကိုလွင်၊ မြို့ခံ ဦးစိုးသီဟ ဆိုသူတွေနဲ့ တိုင်ပင်ကာ ပြည်ထဲရေးဒုဝန်ကြီးထံ လိပ်မူပြီး မေလ ၂ ရက်နေ့မှာ တိုင်စာပို့လိုက်တာပါ။

တိုင်စာပါအချက် အလက်တွေနဲ့ ပတ်သက်လို့ မှန်ကန် တာဝန်ယူကြောင်းလည်း ကိုယ်တိုင်ဖမ်းဆီးခဲ့တဲ့ ရဲတပ်သား ထွန်းထွန်းဝင်း အပါအဝင် ရဲတပ်သား ၅ ဦးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုင်စာပို့ပြီးနောက်မှာတော့ တိုင်းအဆင့်ဦးဆောင်တဲ့ စုံခုံ စစ်ဆေးမှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး မေလ ၇ ရက်နေ့မှာ တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ဦးဆောင်ကာ အမှုနဲ့ပတ်သက်တဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးခဲ့ပြီး မြို့နယ်မှူးကို ရာထူးကတော့ နှုတ်ထွက်ဖို့ကို နှုတ်ဖြင့်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြို့နယ်မှူးဖြစ်တဲ့ ရဲမှူး ဝင်းဇော်က အမှုနဲ့ပတ်သက်လို့ စုံးစမ်းစစ်ဆေးသူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပြီး ဘာမှပြောစရာမရှိကြောင်း ဧရာဝတီကို ပြောထားပါတယ်။ သူဟာ အမှုနဲ့ပတ်သက်လို့ အဖမ်းခံရခြင်းတော့ မရှိသေးပါဘူး။

လတ်တလောမှာ ဖမ်းဆီးထားတဲ့သူတွေကို မန္တလေးတိုင်းဒေသကြီး ရဲချုပ်တွေမှာ သီးခြားချုပ်နှောင်ထားပြီး မေလ ၂၁၊ ၂၂၊ ၂၃ ရက်တွေမှာ ရဲတရားရုံးက ဆက်တိုက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတရားရုံး ခုံအဖွဲ့အနေနဲ့ ဒုရဲမှူးကြီး မျိုးအောင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဒုရဲမှူးကြီး ခင်မောင်ကျော်ဦး၊ ရဲမှူး တင်အေးကျော်၊ ဒုရဲမှူးမြင့်ဦးနဲ့ သူရဲ့ရှေ့နေတို့က စစ်ဆေးခဲ့တာဖြစ်တယ်လို့လည်း အမှုနဲ့ပတ်သက်တဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

သုံးရက်ကြာ စစ်ဆေးမှု အပြီးမှာတော့ ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေအရ ကျောက်ဆည်စခန်းမှူးဟောင်း ဒုရဲမှူးမြင့်ဦးနှင့် စခန်းမှူးသစ် ဒုရဲမှူး ဝင်းနိုင်တို့ကို ပုဒ်မ ၁၃(က)/၁၆(ခ)/၁၇(င)/၂၂ ဖြင့်လည်းကောင်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်အား ၁၃(ခ)/၁၆(ခ)/၂၂ ဖြင့်လည်းကောင်း၊ ဒုတပ်ကြပ် ချစ်စန်းကိုအား ပုဒ်မ ၁၃(ခ)/၁၆(ခ)/၁၇(င) ဖြင့်လည်းကောင်း၊ အခင်းဖြစ်ညတွင် တာဝန်မှူးဖြစ်သူ ဒုရဲအုပ်ကိုကိုလင်းအား ပုဒ်မ ၁၆(ခ)၂၂ ဖြင့်လည်းကောင်း အသီးသီး စွဲတင်ခဲ့တယ်လို့ သိရပါတယ်။

စွဲချက်ပုဒ်မတွေအရ ပုဒ်မ ၁၇(င) သည် ထောင်ဒဏ် ၃ နှစ်အထိချနိုင်တဲ့ ပုဒ်မဖြစ်ပြီး ကျန်ပုဒ်မတွေကတော့ ထောင်ဒဏ်တနှစ်အထိ ချနိုင်တဲ့အပြင် ဥပဒေမှာဖော်ပြထားတဲ့ လျော့သောပြစ်ဒဏ်တွေကိုလည်း ချမှတ်နိုင်ပါတယ်။

တာဝန်သိတဲ့ ရဲတပ်သား ၅ ဦး

ရဲတပ်သားထွန်းထွန်းဝင်း၊ ရဲတပ်သားကျော်စိုးဝင်း၊ ရဲတပ်သားဇေယျာမောင်၊ ရဲတပ်သား ရဲလင်းစိုးနဲ့ ရဲတပ်သား ချစ်ကို ဆိုသူတို့က တာဝန်သိသိနဲ့ ပြည်သူလူထုနဲ့ပူးပေါင်းပြီး ဖော်ထုတ်ခဲ့တာပါ။

ဒီလို ဖော်ထုတ်တဲ့အတွက် စိုးရိမ်မှုတွေရှိပေမယ့်လည်း မတရားမှုတွေကို ဖော်ထုတ်ဖို့ကသာ ပိုအရေးကြီးတယ်လို့ ဖမ်းဆီးခဲ့တဲ့ ရဲတပ်သားတဦးက ပြောပါတယ်။

ဖော်ထုတ်မှုကြောင့် လတ်တလောမှာ သူတို့အပေါ် ခြိမ်းခြောက်မှုတွေ မရှိသေးပေမယ့် တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပိုမိုတင်းကြပ်တဲ့ ပုံစံတွေရှိလာတယ်လို့လည်း ဆိုပါတယ်။

သူတို့ ၅ ဦးအနေနဲ့ လက်ရှိ ကျောက်ဆည်မြို့ရဲစခန်းမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်နေဆဲလည်း ဖြစ်ပါတယ်။

အမှုကို ဦးဆောင်တိုင်ကြားခဲ့တဲ့ ကိုစိုးသီဟက “ အမှန်တရားကို ဖော်ထုတ်ရဲတဲ့ ရဲဝန်ထမ်းတွေကို ပြည်သူတွေကလည်း ဝိုင်းဝန်းကာကွယ်ပေးမှ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်နိုင်မှာပါ” လို့ ပြောပါတယ်။

ကျောက်ဆည်မြို့ခံတွေကတော့ မတရားမှုကို ဖော်ထုတ်ခဲ့တဲ့ ရဲတပ်သားတွေအပေါ် အန္တရာယ်ပြုမှာ၊ နယ်ပြောင်းတွေ တာလုပ်မှာ စိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။

အမှုနဲ့ မပတ်သက်ဘူးဆိုတဲ့ ဒုရဲအုပ် ကိုကိုလင်း

ရဲတရားရုံးရဲ့ ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေ ပုဒ်မ ၁၆(ခ)/၂၂ အရ စွဲတင်ခံထားရတဲ့ ဒုရဲအုပ်ကိုကိုလင်းက သူ့အနေနဲ့ အမှုမှာ ပါဝင်ပတ်သက်မှုမရှိဘဲ ကြားညှပ်ကာ အရေးယူခံနေရတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ချိန်မှာ တာဝန်မှူးဖြစ်တဲ့ ဒုရဲအုပ်ကိုကိုလင်းဟာ စခန်းတွင် ရှိမနေဘဲ ယာဉ်တိုက်မှုတခုကြောင့် ဆေးရုံကြီးကို သွားရောက်နေရချိန်ဖြစ်ပါတယ်။

သူစခန်းပြန်ရောက်ချိန်မှာတော့ ဖမ်းဆီးထားသူ နှစ်ဦးကို တွေ့ရသလို ဖမ်းဆီးခဲ့တဲ့ ရဲတပ်သားနှစ်ဦးကိုလည်း စခန်းမှူးက အခန်းတွင်ခေါ်ကာ ဆူပူနေခဲ့တယ်လို့လည်း ပြောပြပါတယ်။ ယင်းအချိန်မှာ ဖမ်းထားသူတွေကို အမှုဖွင့်ဆောင်ရွက်ဖို့ တာဝန်မှူးဖြစ်တဲ့ သူ့ထံ အပ်နှံခြင်း မရှိသေးပါဘူး။

အမှုဖွင့်ဖို့ပြောချိန်မှာတော့ ဖမ်းထားသူနှစ်ဦး မရှိတော့တဲ့အတွက် သူနဲ့တာဝန်ရှိသူတွေ စကားအချေအတင်များခဲ့ရပြီး အမှုဖွင့်ဖို့ကို နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်ကို လွဲလိုက်တယ်လို့ ဆိုပါတယ်။

ဒုရဲအုပ်ကိုကိုလင်းက “ အမှုနဲ့ပတ်သက်ပြီးတော့ စွပ်စွဲခံရသူတွေရော၊ သက်သေတွေရောက ကျနော်မပါတဲ့အကြောင်းကို ထွက်ဆိုထားတာပါပဲ။ သူတို့ကတော့ တာဝန်မှူးက တာဝန်ရှိတယ်ဆိုတဲ့ စကားလုံးတလုံးနဲ့ပဲ ဆက်စွဲနေတော့တာပါပဲ။ အခုက ဝါးလုံးသိမ်းကြီးလိုဖြစ်နေတယ်။ ဘယ်လို ငြင်းရမှန်းကို မသိဘူးဖြစ်နေပြီ” လို့ ကြုံတွေ့နေရတဲ့ အခြေအနေ ကို ပြောပြပါတယ်။

ဒုရဲအုပ်ကိုကိုလင်းအနေနဲ့ အမှုမှာ သက်ဆိုင်မှုမရှိတဲ့အခြေအနေကို တိုင်ကြားခဲ့သူတွေနဲ့ သက်သေတွေက ရဲတရားရုံးမှာ ထွက်ဆိုပေးခဲ့ပါတယ်။

အမှုကိုဖော်ထုတ်တိုင်ကြားခဲ့တဲ့ ကျောက်ဆည်ရဲစခန်းမှ ရဲတပ်သားတဦးက “ အမှုနဲ့ ဘာမှမဆိုင်တဲ့သူက လက်ထိပ်တကားကားနဲ့ ဖြစ်နေတယ်” သူကို ရည်ရွယ်ပြီး မှတ်ချက်ပေးပါတယ်။

နာမည်ကြီး မုံလာ(ခ) အောင်စိုးမိုး

ကျောက်ဆည်မြို့ ပြည်ပန်းကျေးရွာမှာနေထိုင်တဲ့ မုံလာ (ခ) အောင်စိုးမိုးဆိုသူဟာ အခင်းဖြစ်ညက ဖမ်းထားတဲ့သူနှစ်ဦးကို ကားနဲ့လာရောက် ခေါ်ဆောင်သွားသူ ဖြစ်ပါတယ်။

အမှုတိုင်ကြားစာမှာတော့ မုံလာစီးလာတဲ့ကားဟာ ရဲတပ်သား ထွန်းထွန်းဝင်းနဲ့ ဇေယျာမောင်တို့ သစ်ကားအား ဖမ်းဆီးပြီး စခန်းသို့ ပြန်ခေါ်လာစဉ် အန္တရာယ်ဖြစ်လောက်တဲ့အထိ လမ်းတွင် လိုက်နှောက်ယှက်ခဲ့တဲ့ ကားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၉ ရက်နေ့မှာတော့ မုံလာကို ကျောက်ဆည်ရဲစခန်းက ဖမ်းဆီးကာ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)နဲ့ အမှုဖွင့်အရေးယူခဲ့ကာ သူ့ရဲ့ကားကိုလည်း သိမ်းဆည်းထားပါတယ်။

အမှုမှာ ပါဝင်ပတ်သက်နေတဲ့ မုံလာဟာ ဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးသူတဦးဖြစ်တယ်လို့ ကျောက်ဆည်မြို့ခံတွေက ဆိုပါတယ်။

အမှုကိုတိုင်ကြားခဲ့တဲ့ ဦးကိုကိုလွင်က “ မုံလာကိုတော့ ဖမ်းထားပြီဆိုပေမယ့် နောက်ကွယ်မှာရှိနေတဲ့ သူတွေကို ဆက်လက်ဖော်ထုတ်ဖို့ လိုနေသေးတယ်၊ ဒီလောက်နဲ့ အမှုက ရပ်တန်းသွားပြီး ရှေ့ဆက်စစ်ဆေးအရေးယူမှုတွေ မရှိတော့မှာလည်း မြို့ခံတွေက စိုးရိမ်နေကြတယ်” လို့ ဧရာဝတီကို ပြောထားပါတယ်။

အမှုနဲ့ပတ်သက်လို့ နောက်ကွယ်က ပိုင်ရှင်အစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ ယာယီစခန်းမှူး တာဝန်ယူထားတဲ့ ဒုရဲမှူး သန်းကျော်ဌေးက ဆက်လက် ဆောင်ရွက်လျက်ရှိပေမယ့် အခင်းဖြစ်ညက လွှတ်ပေးလိုက်တဲ့သူနှစ်ဦးကို မေ ၂၄ ရက်နေ့အထိ ပြန်လည်ဖမ်းမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒီလို ပိုင်ရှင်မဲ့ဆိုတဲ့ အမှုတွေနဲ့ပတ်သက်လို့ သိလျက်လွတ်ထားသူတွေ၊ မသိချင်ယောင် ဆောင်နေတဲ့ တာဝန်ရှိသူတွေကို ဦးစားပေးအရေးယူဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတရက်နေ့) မိန့်ခွန်းမှာ သတိပေးပြောထားပါတယ်။

ရဲတရားရုံးရဲ့ ဖမ်းဆီးထားသူတွေအပေါ် စွဲချက်တွေကို အတည်ပြုအမိန့်ချမှတ်ဖို့ကိုလည်း ရဲချုပ်ထံကို တင်ပြထားပြီဖြစ်ပြီး ရဲချုပ်အနေနဲ့ ဘယ်လို အမိန့်မျိုး ချမှတ်မလဲဆိုတာ မကြာခင် အဖြေထွက်လာမှာ ဖြစ်တာကြောင့် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Your Thoughts …
Tags: ပိုင်ရှင်မဲ့ သစ်အမှုရဲတပ်သား
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ထောင် ၁၀နှစ် ချမှတ်ခံရသူ မုံလာ(ခ) အောင်စိုးမိုး  / Soe Thi Ha

ကျောက်ဆည် သစ်မှောင်ခိုမှုတွင် တရားခံ ခေါ်ထုတ်သွားသူအား ထောင် ၁၀ နှစ်ချ

by ထွန်းထွန်း
28 June 2019
54.4k

မုံလာ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်မြိုင်ကမူ အမှုနှင့် ပတ်သက်ပြီး တရားလိုဘက်က သက်သေ ထွက်ဆိုချက်များတွင် ကွဲလွဲမှုများ တွေ့ရကြောင်းနှင့် ထောင် ဒဏ် ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ လည်း တိုင်းတရား လွှတ်တော်ထံ အမြန်ဆုံး အယူခံ လျှောက်ထားမည်ဖြစ်...

Mr. Crush Bar တွင် သင်္ကြန် ကျင်းပနေပုံများ

ဒေသန္တရအမိန့် ဖောက်ဖျက်ခဲ့သည့် ရဲတပ်သားအား ပုဒ်မ ၂ ခုဖြင့် အရေးယူ

by လဲ့လဲ့
22 April 2020
38.4k

အစိုးရထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး သင်္ကြန်ပွဲ ကျင်းပခြင်း အပါအဝင် လက်ထက်ခွင့် မတင်ပဲ အိမ်ထောင်ပြုထားသည့် ရဲတပ်သား တဦးကို ဖမ်းဆီးချုပ်နှောင်ထားသည်ဟု တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။

Next Post
ပိတ်မိနေသော ကျေးလက်ပြည်သူများကို တစုံတရာ ကူညီရေး တောင်းဆိုရန် ပြည်သူများ ပထမဆုံးအကြိမ်အဖြစ် စုရုံးခဲ့ကြခြင်း မဟုတ်ပါ

ကချင်စစ်ပွဲအကြောင်း နှုတ်ဆိတ်နေခြင်းသည် ဒီမိုကရေစီ ကျရှုံးခြင်း ဖြစ်သည်

တကျော့ပြန် ခေတ်စားလာပြီဖြစ်သည့် ရခိုင်ရိုးရာရက်ကန်းထည်များကို ရက်လုပ်နေသည့် ဝါဘိုကျေးရွာဒေသခံ တဦး /  မင်းအောင်ခိုင် / ဧရာဝတီ

တကျော့ပြန် ဦးမော့လာသော ရခိုင်ရိုးရာ ရက်ကန်းလုပ်ငန်း

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate