• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကပ်ဘေးဒဏ်ခံများအတွက် အင်ဒိုနီးရှား နိုင်ငံရေးသမားများ မျှော်လင့်ချက် မပေးနိုင်

by Michael Vatikiotis
24 January 2019
in ဆောင်းပါး
A A
ဆူနာမီ တိုက်ခတ်ခဲ့သော အပျက်အစီးများကြား ဒီဇင်ဘာ ၂၄ ရက်တွင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ကြည့်ရှုစစ်ဆေးစဉ် / Reuters

ဆူနာမီ တိုက်ခတ်ခဲ့သော အပျက်အစီးများကြား ဒီဇင်ဘာ ၂၄ ရက်တွင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ကြည့်ရှုစစ်ဆေးစဉ် / Reuters

4.2k
VIEWS
Share on FacebookShare on Twitter

၂၀၀၄ ခုနှစ် ဒီဇင်ဘာလက ဆူမတြားကျွန်းရှိ အာချေးကမ်းခြေကို အဖျက်စွမ်းအားကြီးသော ဆူနာမီ လှိုင်းများ တိုက်ခတ် ခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် စာရေးသူသည် အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် ကမ်းခြေမြို့ ဖြစ်သော မြူလာဘိုး Meulaboh သို့ သွားရောက်ခဲ့သည်။ နေရာလပ်မကျန်အောင် လေကြောင်းမှ ဗုံးကြဲထားသကဲ့သို့ ဖြစ်နေပြီး စစ်ဒဏ်ကြောင့် ပျက်စီးပြီး ဖြစ်နေသော ထိုပြည်နယ်တွင် လူ ၂၂၁၀၀၀ ခန့် သေဆုံးခဲ့ရသည်။

ဆယ်စုနှစ်တခု ကြာသောအခါ စာရေးသူသည် ဆူနာမီ ပြတိုက်သို့ သွားရောက်လည်ပတ်သည်။ ထိုပြတိုက်၏ အဝင်ဝကို မဲနက်သော ကျောက်နံရံကြီး တခုဖြင့် ပုံစံထုတ်ထားသည်။ ထိုမြင့်မားသည့် ကျောက်နံရံနက်ကြီးသည် သေဆုံးသူအများစု နောက်ဆုံး မြင်တွေ့ခဲ့ရသည့် အရာဖြစ်သော ရေလှိုင်းတံတိုင်းကြီးကို ကိုယ်စားပြုသည်။

ကြေကွဲစရာ အတိတ်ကို အမှုမဲ့အမှတ်မဲ့ စွန့်ပစ်လိုက်ကြသည့် အင်ဒိုနီးရှားနိုင်ငံတွင် ထိုဖြစ်ရပ်ဆိုးနှင့် ပတ်သက်သော အထိမ်းအမှတ်များကို ဂရုတစိုက် အာရုံစိုက် ထိန်းသိမ်းထားသဖြင့် စာရေးသူအတွက် အံ့သြစရာ ဖြစ်နေသည်။ ထိုပြတိုက်သည် အာချေးပြည်နယ်ကို ပြန်လည် တည်ဆောက်ထူထောင်ရန် အစိုးရနှင့် နိုင်ငံတကာ အလှူရှင်များ၏ ဒေါ်လာ ၇ ဘီလျံတန် ကြီးမားသော အားထုတ်မှု၏ သက်သေပြချက်လည်း ဖြစ်သည်။

ပစိဖိတ်မီးကွင်းတွင် တည်ရှိသောကြောင့် အင်ဒိုနီးရှားသည် ငလျင်ဒဏ်များကို မကြာခဏ ခံရသည်။ လွန်ဘော့တွင် ငလျင်တခု၊ ဆူလာဝေစီကျွန်း အလယ်ပိုင်းရှိ ပါလူးတွင် ဆူနာမီတခုနှင့် ဂျာဗား ကမ်းခြေအနောက်ပိုင်းတွင် ဆူနာမီ တခုတို့ကြောင့် ၂၀၁၈ ခုနှစ်အတွက် အသေအပျောက် စာရင်းမှာ မြင့်မားလှပြီး ၄၀၀၀ ကျော်အထိ ရှိသည်။

လွန်ခဲ့သော ဆယ်စုနှစ်တခုက တပ်ဆင်ခဲ့သော ဆူနာမီ သတိပေး စနစ်သည် ပျက်နေသောကြောင့် နိုင်ငံသားများကို ကာကွယ်ရန် ထိုကဲ့သို့ ကြေကွဲစရာဖြစ်ရပ်များက အစိုးရကို တွန်းအားပေးလိမ့်မည်ဟု စာဖတ်သူ ထင်ကောင်း ထင်နိုင်သည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ်သည် ရွေးကောက်ပွဲနှစ် ဖြစ်သောကြောင့် ထိုသို့ ပိုမို ယူဆနိုင်ပေသေးသည်။

သို့သော် ယခု ကျင်းပနေသည့် မဲဆွယ်ပွဲများတွင် ထိုသို့သော လက္ခဏာကို မတွေ့ရသေးပေ။ လက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒို သာမက သူ့ကိုစိန်ခေါ်သူ ပရာဘိုဝို ဆူဘီယန်တို့သည်လည်း နိုင်ငံသားများကို သဘာ၀ ဘေးအန္တရာယ်များမှ ပိုမို ကောင်းမွန်စွာ ကာကွယ်ရန် ကတိပေးခြင်း မရှိကြပေ။

ဂျိုကိုဝီဟုလည်း ခေါ်ကြသော သမ္မတသည် အခြေခံ အဆောက်အအုံများ တိုးတက်ရေး ကြွေးကြော်ပြီး သမ္မတ ဖြစ်လာသောကြောင့် ပိုမို အံ့သြစရာပင် ကောင်းနေသေးသည်။ သူသည် ၂၀၀၄ ခုနှစ် ဆူနာမီက တပ်ဆင်ခဲ့သည် ဘော့များနှင့် ဒီရေတိုင်း ကိရိယာ ကွန်ရက်များကို ပြင်ဆင်ရေးထက် ဂျာဗားပြည်နယ် ဖြတ်သန်းသည့် အဝေးပြေး လမ်းပြီးစီးရေး၊ ဂျကာတာတွင် မြေအောက် ရထားလမ်းပြီးစီးရေးတို့ကို ပိုမို အာရုံစိုက်နေပုံရသည်။

ထိုစနစ်များကို ပြုပြင် ထိန်းသိမ်းရန် တာဝန်ရှိသော အမျိုးသား သဘာဝဘေးဒဏ် ကာကွယ်ရေးဌာန ရံပုံငွေရရှိမှု လွန်စွာ နည်းပါးနေပြီး ဦးဆောင်မှုလည်း ညံ့ဖျင်းလှကြောင်း ဝေဖန်သူများက ပြောသည်။ လိုအပ်သော ဥသြဆွဲကိရိယာ ၁၀၀၀ အနက် အခု ၆၀ ကိုသာ တပ်ဆင်ထားသည်။ သတိပေးစနစ် တခုလုံးကို ပြင်ဆင်ရန် ထိုဌာနအတွက် စုစုပေါင်း ခွင့်ပြုငွေ ဒေါ်လာ သန်း ၅၀၀ လိုသည်ဟု ခန့်မှန်းကြသည်။

ထိုကိစ္စသည် စီးပွားရေး တိုးတက်မှု မဟုတ်သကဲ့သို့ အခွန်ကိစ္စလည်း မဟုတ်ပေ။ အင်ဒိုနီးရှား ကိုယ်စားပြု ဒီမိုကရေစီ၏ ဆိုးကျိုးများကို မီးမောင်းထိုးပြမှု သို့မဟုတ် အောက်ခြေ လူတန်းစား၏ လိုအပ်ချက်များအပေါ် ပူပန်မှု ကင်းမဲ့ခြင်းကို ပြသ နေသည်။ လွတ်လပ်မျှတသော ရွေးကောက်ပွဲများကို မှန်မှန် ကျင်းပနေပြီး ငြိမ်းချမ်းသော အာဏာလွှဲပြောင်းမှုများ ပုံမှန် ဖြစ်လာနေသော်လည်း ရွေးကောက်ပွဲဝင် မည်သည့် နိုင်ငံရေးပါတီမဆို သို့မဟုတ် မည်သည့် ကိုယ်စာလှယ်လောင်း မဆိုသည် သာမန် အင်ဒိုနီးရှားပြည်သူများ၏ စစ်မှန်သော လိုအပ်ချက်များကို အပြောသက်သက်ဖြင့် မဖြည့်ဆည်းပဲ အလုပ်ဖြင့် သက်သေပြရန် လိုနေသည်။

မလုံလောက်သော ဘေးအန္တရာယ်ကာကွယ်ရေး အသက်နှင့်ရင်း ပေးဆပ်ရသော တန်ဖိုးများအပြင် အင်ဒိုနီးရှား နိုင်ငံသားများသည် ဆန်၊ အမဲသားနှင့် တခြား အဓိက အစားအသောက်များအတွက် တခြား အရှေ့တောင်အာရှ နိုင်ငံသားများထက် ပိုမိုသုံးစွဲနေကြရသည်။ နိုင်ငံတွင်းရှိ မြို့ပြနယ်မြေ အများအပြားတွင် ကလေးများသည် အာဟာရ ချို့တဲ့နေသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးကိုလည်း ငွေကြေးထုတ်ပေးမှု နည်းနေသည်။

ထိုအခြေခံ လိုအပ်ချက်များသည် မည်သည့် နိုင်ငံရေးသမား၏ မဲဆွယ်ပွဲတွင်မျှ အဓိက အခန်းမှ ပါဝင်ခြင်း မရှိပေ။ ၎င်းတို့သည် ဘာသာရေးကိုသာ အာရုံစိုက်နေကြသည်။ ဂျိုကိုဝီ၏ မဲဆွယ်ပွဲတွင် လူသားရင်းမြစ် တိုးတက်မှုနှင့် တန်းတူညီမျှမှုကို ဦးစားပေး ဖော်ပြထားသော်လည်း အသေးစိတ် လေ့လာလိုက်သောအခါ အမျိုးသား မူဝါဒကို ပုံဖော်ရာတွင် ဘာသာရေးဆိုင်ရာ ပညာရေး၊ ဘာသာရေး လုပ်ငန်းရှင်များကို အားပေးရေးနှင့် မညီမျှမှုကို ဖြေရှင်းရန် အစ္စလမ်မစ် ဇာကတ် ဘာသာရေးအခွန် လျှော့ချရေးတို့ကို အလေးထားနေကြောင်း တွေ့ရသည်။

အင်ဒိုနီးရှား နိုင်ငံရေးသည် ပုဂ္ဂိုလ်ရေးကို အခြေခံသောကြောင့် နိုင်ငံရေးပါတီများသည် လူ့အဖွဲ့အစည်း တခုလုံး တိုးတက်ရေးနှင့် သာမန်ပြည်သူများ ဘဝတိုးတက်ရေးအတွက် တနိုင်ငံလုံး လွှမ်းခြုံသော အစီအစဉ် မရှိကြပေ။ ထိုအစား ပါတီများသည် အထက်လွှာမှ ယှဉ်ပြိုင်သူများအတွက် ယှဉ်ပြိုင်ရေးလက်နက် ကိရိယာများကိုသာ ဖန်တီးပေးကြသည်။ မွတ်စလင်အများစု ရှိသော နိုင်ငံတွင် ထောက်ခံမှု စွဲဆောင်ယူနိုင်ပြီး ပြိုင်ဘက်ကို အားနည်းစေသော နည်းလမ်းမှာ ဘာသာရေးကို အသုံးချရန် ဖြစ်သည်။

အစ္စလမ် ရှေးရိုးစဉ်လာ ဝါဒီများ၏ ပိုမိုပြင်းထန်လာသော တိုက်ခိုက်မှုများကို ကာကွယ်ရန် ဂျိုကိုဝီသည် သူနှင့် အတူ အကူအညီပေး ယှဉ်ပြိုင်သူအဖြစ် အသက်အရွယ် ကြီးရင့်လှသော ဘုန်းကြီး မာရပ် အေမင်ကို ထည့်သွင်းထားရသည်။ ထို့ကြောင့် မဲဆွယ်စကားများမှာ ခေါင်းဆောင်များ အနေဖြင့် ကိုရမ်ကျမ်းကို ကောင်းစွာ နားလည်ရန်လိုသည် ဟူသော အကြောင်းအရာမျိုး ဖြစ်နေသည်။

နိုင်ငံသားများ၏ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားရန် ပျက်ကွက်ခြင်း၊ အထူးသဖြင့် ဒုက္ခရောက်နေသူ၊ အခွင့်အရေး ဆုံးရှုံးနေသူများ၏ လိုအပ်ချက်ကို ထည့်သွင်း စဉ်းစားရန် ပျက်ကွက်ခြင်းသည် အစွန်းရောက်ဝါဒကို မွေးဖွား ပေးနိုင်သောကြောင့် အန္တရာယ်များလှသည်။ ရှေးရိုးစဉ်လာဝါဒီ အစ္စလမ် လှုပ်ရှားမှုများသည် လူမှုစီးပွားရေး မကျေနပ်ချက် များမှ ခိုင်မာသော ထောက်ခံမှုကို တည်ဆောက်လေ့ရှိသည်။

ပါလူးမှ ပြည်သူများသည် ၎င်းတို့၏ ဘဝများကို ပြန်လည် တည်ဆောက်နေချိန် အရှေ့အင်ဒိုနီးရှား မူဂျာဟေဒင် အမည်ရှိ အုပ်စုသည် ထိုဒေသတွင် အဖွဲ့ဝင်သစ်များ တိုးချဲ့နေသည်ဟု အင်ဒိုနီးရှားရေးရာ လေ့လာသူများက ပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
456
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

၂၀၀၄ ခုနှစ် ဆူနာမီအပြီး ဖြစ်ရပ်များကို မြင်တွေ့ခဲ့ဖူးသော စာရေးသူကဲ့သို့ လူအများအပြားသည် ပါလူးတွင်လည်း အလားတူ ဆောင်ရွက်ချက်များ၊ နိုင်ငံတကာ အကူအညီနှင့် အကူအညီများ တောင်းခံခြင်း၊ နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေး အားထုတ်မှုများကို မျှော်လင့်ခဲ့ကြသည်။

ဝမ်းနည်စရာ ကောင်းသည်မှာ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသည် ယခုနှင့် မတူညီသည့် နိုင်ငံဖြစ်နေသည်။ ထိုစဉ်က သမ္မတသည် ပထမဆုံး တိုက်ရိုက်ရွေးကောက်ပွဲမှ သမ္မတသစ်ကို ခန့်အပ်ပြီးကာစ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ပွင့်လင်း မြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘာကို ပြသလိုနေသည်။

ယနေ့တွင်မူ ထိုပွင့်လင်းမှု အများစုသည် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒနှင့် ရှေးရိုးစဉ်လာဝါဒက လွှမ်းမိုး အစားထိုး လိုက်ပြီဖြစ်သည်။ ပါလူးတွင် အကူအညီပေးရန် နိုင်ငံတကာက အလျှင်အမြန် ကမ်းလှမ်းခဲ့သည်။ အစိုးရက တွေဝေနေပြီး နောင်တွင် အများစုကို ပယ်ချခဲ့သည်။ သမ္မတသည် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ရုန်းကန်နေရချိန်တွင်ပင် အနီးရှိ ဗြိတိန်ရေတပ်သင်္ဘောမှ အကူအညီ အပါအဝင် အခြားအကူအညီများကို ပယ်ချခဲ့သည်။

သို့သော် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံတော်မှ ရက်ရောသော အကူအညီများကို ကျေးဇူးတင်ရန် အချိန်ကောင်း စောင့်နေခဲ့သည်။ သို့မှသာ သူ ပြန်လည်ရွေးကောက်ခံရရေး လိုအပ်သော ရှေးရိုးစဉ်လာ အစ္စလမ်မစ်များ သူ့ဘက်ရပ်ရန် ခိုင်မာစေမည်ဖြစ်သောကြောင့်ပင်။

(Humanitarian Dialogue Center ၏ အာရှဒါရိုက်တာ Michael Vatikiotis ၏ Nikkei Asian Review ပါ Indonesian politicians offer no hope for disaster zones ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: နိုင်ငံရေးသမားသဘာဝဘေးအင်ဒိုနီးရှား
Michael Vatikiotis

Michael Vatikiotis

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

by အောင်ဇော်
17 July 2023
5.6k

စစ်ကောင်စီက မည်သည့်အတွက် မစ္စတာ ဒွန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးသနည်း၊ မည်သည့်အတွက် ယခုအခါမှ တွေ့ခွင့်ပေးသနည်း

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

Next Post
အပေးအယူ

အပေးအယူ

Roma ရုပ်ရှင်ဒါရိုက်တာ Jorge Antonio Guerrero

‘Roma’ ရုပ်ရှင်ဒါရိုက်တာ ဗီဇာအခက်အခဲကြောင့် အော်စကာဆုပေးပွဲနဲ့ လွဲချော်ဖွယ်ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved