ပြည်တွင်းမှာ ရှိနေတဲ့ Toyota Showroom ကနေ Brand New အနေနဲ့ ရောင်းချနေတဲ့ Camry ကို သ ဘော ကျသူတွေ၊ ဒါပေမယ့် Brand New က ဈေးမြင့်လို့ စဉ်းစားနေရသူတွေအတွက် မော်ဒယ်နိမ့် Camry တွေလည်း Used အနေနဲ့ ပြင်ပဈေးကွက်မှာ ရနိုင်နေတယ်လို့ ပြောချင်ပါတယ်။
ဇိမ်ခံမော်ဒယ်အဖြစ် ထုတ်လုပ်ထားတဲ့ အခု မော်ဒယ်က နိုင်ငံတကာ ဈေးကွက်မှာလည်း တန်ကြေးသင့် မော်ဒယ် အဖြစ် အောင်မြင် လူကြိုက်များနေသလို Toyota အမှတ်တံဆိပ်ကို အကြိုက်ဆုံး ပြည်တွင်း ဈေးကွက်မှာလည်း လူတိုင်းနှစ် သက်မှာ အမှန်ပါ။
Crown နဲ့ Mark X လို မော်ဒယ်တွေကို ပိုပြီး စီးနင်းမှုများသလို Camry ကိုယ်တိုင်ကလည်း အာရှထက် ဥရောပနဲ့ အမေရိ က ဈေးကွက်တွေမှာ ပိုမို အောင်မြင်နေတာက အခုလို ကားလောက ကျယ်ပြန့်လာချိန်မှ ဈေးကွက်ထဲ ဝင်လာစေသလို ဖြစ် နေခဲ့တာပါ။
မော်ဒယ်က ၂.၄ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတယ်၊ Limited Edition လို မော်ဒယ်မျိုးကိုပါ ရွေးချယ်နိုင်အောင် လောက်အောင် မော်ဒယ်ခွဲ စုံစုံလင်လင် ဈေးကွက်မှာ ရနိုင်လာတာပါ။ ပြီးတော့ လူကြိုက် အများဆုံး အရောင်တွေ ဖြစ်တဲ့ အဖြူနဲ့ အနက်တွေလည်း ရနိုင်ပါတယ်။
Auto စနစ်နဲ့ မော်ဒယ် ဖြစ်ပြီး မောင်းနှင်ကြည့်မိသလောက် Mark X လိုမျိုး သွက်လက် တည်ငြိမ်တဲ့ လက်ကိုင်ပိုင်း အထိ အတွေ့ကို ရပါတယ်။ မြို့တွင်းအသုံးအတွက် ပိုပြီး အဆင်ပြေမယ့် လက်ကိုင်မျိုးပါ။
အမြန်နှုန်း နည်းနည်းနဲ့ မောင်းနှင်ချိန် တွေမှာပါ လက်ကိုင်ကို သဘောကျမိပါတယ်၊ လေးချင်တာ၊ စေးချင်တာမျိုး မတွေ့ရ ပါဘူး။ ညာမောင်း အထိုင်နဲ့ မော်ဒယ်တွေ ဝင်ပါတယ်၊ Gasoline အင်ဂျင်စနစ် ဖြစ်ပြီး လက်ရှိ လူကြိုက်များ အင်ဂျင် အ ရွယ်ဖြစ်တဲ့ ၁၈၀၀ စီစီနဲ့ အောက်ဘက် အရွယ် မဟုတ်ပေမယ့် ဆီစားနှုန်း မဆိုးပါဘူး။ အင်ဂျင်သံလည်း ငြိမ်တယ်၊ တုန် ခါမှု မရှိသလောက်ပါဘဲ။
မော်ဒယ်နိမ့်အနေအထား ဈေးကွက် ဝင်နေတယ် ဆိုပေမယ့် အတွင်းခန်း အပြင်အဆင်နဲ့ တပ်ဆင် ပစ္စည်း အစုံပါပဲ။ ကား အရောင်းစင်တာနဲ့ ပြခန်းတွေကနေ လေ့လာမယ်၊ ဝယ်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်အောင် ပြန်လည် ပြင်ဆင်ထား ပြီးသား မော်ဒယ်ကို လက်တင် စီးနိုင်မှာပါ။
အသက်ကယ် လေအိတ် အစုံပါမယ်၊ TVနဲ့ CD-DVD ထိအောင် ဖျော်ဖြေ ရေး အပိုင်းတွေရယ်။ အသံစနစ်အတွက် Surround ပုံစံ Speaker အထိုင်တွေက နောက်ထပ် ထည့်ဖို့ မလိုတော့ပါဘူး။
တခု သတိမူစရာ ရှိတာက ဆေးသား အပိုင်းပါ၊ တချို့ မော်ဒယ်တွေမှာ ဆေးသား ပြန်ထပ်တာမျိုး၊ ကျချင်နေတာမျိုး၊ အ ရောင်တင်ထားတာမျိုး တွေ့ရတတ်ပါတယ်။ ဒါက မော်ဒယ်ကြောင့် မဟုတ်ဘဲ အရင်က သုံးသူရဲ့ ပြင်ဆင်မှု၊ ထားရှိမှု ပုံစံ မှားယွင်းခြင်း၊ အားနည်းချက် တခုခုကြောင့် ဖြစ်ပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်လက်ထဲကိုတော့ ပစ္စည်းကောင်းရောက် လာဖို့ ဒီတချက်ကို သတိပြုပါ။
ဈေးကွက်ထဲမှာတော့ ၂၀၀၆ခုနှစ် ဝန်းကျင်ထုတ် Camry တွေ အများဆုံး ဈေးကွက်ဝင်နေတာ တွေ့ရပြီး လှိုင်မော်တော် ယာဉ်ရောင်းဝယ်ရေး စခန်းမှာလည်း တွေ့ရတယ်၊ ကားအရောင်စင်တာနဲ့ ပြခန်းတွေမှာ အများဆုံး တွေ့ရသလို တပိုင် တနိုင် ကားတင်သွင်းသူတွေလည်း ကိုင်ထားတတ်ပါတယ်။
ဈေးနှုန်းကတော့ အနက်ရောင် Camry ကို သိန်း ၄၄၀ ခေါ်ပြီး Mark X ထက် မော်ဒယ်ချင်း အတူတူမှာ ဈေးနည်းနည်း မြင့်ချင်နေတာ မှန်ပေမယ့် အထူးကုန်စည်ခွန် နည်းနည်းများလို့ ဈေးက အကျဘက်မှာ ရှိနိုင်ပါတယ်။
အဖြူရောင်ဆိုရင်တော့ ဈေးနည်းနည်း မာတတ်ပြီး နယ်လိုင်စင်နဲ့ ရန်ကုန်လိုင်စင်ရရှိမှု အပေါ်မှာလည်း ကျပ်သိန်း ၃၀ လောက်ထိအောင် ဈေးကွာခြားချက် ရှိနိုင်ပါတယ်။