Lifestyle

ကမ္ဘာကျော် ကင်မရာ အမှတ်တံဆိပ် Leica နဲ့ ပူးပေါင်း ထုတ်လုပ်လိုက်တဲ့ Huawei P9

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဧပြီလအတွင်းက မိတ်ဆက်ခဲ့တဲ့ Huawei P9 ကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက် လိုက်ပါပြီ။

Huawei ရဲ့ နောက်ဆုံးပေါ် P9 စမတ်ဖုန်း မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်တဲ့ ပွဲအခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ Novotel Max Yangon ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Huawei P9 ရဲ့ ထူးခြားချက်ကတော့ ကမ္ဘာကျော် နာမည်ကြီး ကင်မရာ အမှတ်တံဆိပ် Leica နဲ့ ပူးပေါင်းပြီး မှန်ဘီလူး နှစ်ခုပါ ကင်မရာ စမတ်ဖုန်းမှာ အသုံးပြုတီထွင် ထုတ်လုပ်ထားခြင်းပါ။

မှန်ဘီလူး နှစ်ခုပါဝင်ပြီး အနောက်ကင်မရာ အရည်အသွေး 12 Mega Pixel ပါဝင်အသုံးပြုထားပါတယ်။ အနောက် ကင်မရာကို RGB နဲ့ BW အာရုံခံစနစ်နဲ့ အားဖြည့်ပေးထားတာကြောင့် ရောင်ခြည်နဲ့ Focus ချိန်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ အချက်က အရင် Huawei P7, P8 ကင်မရာတွေထက် ပိုမို အာရုံခံနိုင်မှာဖြစ်ပြီး ဓာတ်ပုံတွေကို ပိုမိုအသေးစိတ်ကျကျ ကြည့်ရှုနိုင်ရန် အထောက်အကူ ပြုတယ်လို့ သိရပါတယ်။

“Leica နဲ့ ဖန်တီးထားတဲ့ Huawei P9 နဲ့အတူ စမတ်ဖုန်းနည်းပညာအတွက် အပြောင်းအလဲဖြစ်တဲ့ မှန်ဘီလူး နည်းပညာမှာ ဖြစ်နိုင်ချေရှိတဲ့ စံတွေကို ကျွန်တော်တို့ ပြောင်းလဲခဲ့ပါပြီ” လို့ Huawei Technologies (Ygn) Co., Ltd ရဲ့ CEO Mr. Zhang Li Man မှ ပြောပါတယ်။

P9 ဟာ မျက်နှာပြင် အရွယ်အစား ၅.၂ လက်မ ရှိပြီး Full HD မျက်နှာပြင် ဖြစ်ပါတယ်။  ဒါ့အပြင် TSMC 16nm FinFET Plus Chip နည်းပညာကို အခြေခံထားတဲ့ Huawei ရဲ့ နောက်ဆုံးပေါ် Kirin ထည့်သွင်း တပ်ဆင် ထားတာကြောင့် CPU စွမ်းဆောင်ရည်က P8 ထက် ပိုမို မြန်ဆန်ပြီး 3D ဂရပ်ဖစ်ကလည်း ပိုပြီး အဆင့်မြင့် လာပါတယ်။

P9 မှာ Android Marshmallow 6.0 နဲ့ Huawei Emotion UI 4.1 interface ကို ထည့်သွင်း အသုံးပြုထားတာ တွေ့ရပါတယ်။ P9 ရဲ့ ဘက်ထရီအားပမာဏ ပါဝင်မှုက 3000 mAh ပါ။ အရောင်အားဖြင့် Prestige Gold, Titanium Gray, Mystic Silver ဆိုပြီး အရောင် ၃ ရောင် ထွက်ရှိပါတယ်။

Huawei P9 ရဲ့ ဈေးနှုန်းက ၅၅၉,၀၀၀ ကျပ်ပါ။ P9 နဲ့ အတူ တန်ဖိုးနည်း Huawei P9 Lite လည်း ထွက်ရှိထား ပါတယ်။ P9 Lite ရဲ့ ဈေးနှုန်းက ၂၇၉,၀၀၀ ကျပ် ဖြစ်ပါတယ်။ P9 နဲ့ P9 Lite ကို မြန်မာနိုင်ငံမှာ ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး Huawei Branded Shop များနဲ့ ဖုန်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading