လိင်ကိစ္စနဲ့ ပတ်သက်ရင် အမျိုးသား အများစု က သူတို့ရဲ့ အမျိုးသမီးကို သူတို့လိုပဲ သာယာမှုရရှိစေချင် တတ်ကြပါတယ်။ ဒါပေမယ့် လူဆိုတာ အမှားနဲ့ မကင်းဘူးဆိုသလိုပဲ အတွေ့အကြုံရင့်ကျက်တဲ့ အမျိုးသားတွေတောင်မှ အိပ်ရာထဲမှာ အမှား တခု သို့ မဟုတ် ၂ ခုလောက်တော့ လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် လိင်မှုဆိုင်ရာ လေ့လာတဲ့ ပညာရှင်တွေ သုတေသီ တွေက အမျိုးသား အများစုဟာ လိင်ကိစ္စမှာ သူတို့ကိုယ်သူတို့ ထင်ထားသလောက် ကျွမ်းကျင်မှု မပြည့်ဝကြဘူးလို့ ယူဆ ခဲ့ကြတာဖြစ်ပါတယ်။
တကယ်တော့ အမျိုးသားတွေ အနေနဲ့ မိမိရဲ့ အထင်အတွေးတွေကို နည်းနည်းလောက် ပြောင်းလဲလိုက်မယ် ဆိုရင် တောင်မှာ လိင်မှုဘဝ တိုးတက်ကောင်းမွန်လာတာကို တွေရမှာ ဖြစ်ပါတယ်။ ဘာတွေကို ပြင်ဆင်ရမလဲဆိုတာကိုလေ့ လာပြီး ရှောင်ကျဉ်စရာ ရှိရင် ရှောင်ကျဉ် နိုင်ဖို့ အမျိုးသားတွေ မှားလေ့မှားထရှိတဲ့ အချက် တွေကို ဖော်ပြလိုက်ပါတယ်။
(၁) လိင်ကိစ္စကို အိပ်ရာထဲရောက်မှ စတင်ခြင်း
“အမျိုးသားတွေအတွက် လိင်စိတ်ဆန္ဒ နိုးကြားလာဖို့က မီးခလုုတ်ကိုု ဖွင့်လိုက်သလိုပါပဲ။ အမျိုးသမီး တွေအတွက် ကတော့ အချိန်လိုပါတယ်” လို့ လိင်မှုဆိုင်ရာ ကုထုံးပညာရှင်နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါက်တာ Ian Kerner ကပြောပါတယ်။ အိပ်ရာထဲရောက်မှ မဟုတ် ဘဲ တနေ့တာလုံးမှာ အလျဉ်းသင့်သလို ဖက်ထားပေးတာ၊ နမ်းတာ၊ လက်ကို ဆုပ်ကိုင်ထားတာ စတဲ့ ကြင်နာယုယမှုတွေကို ပြသပြီး လမ်းခင်းထားသင့်ပါတယ်။ ကြည်နူးစရာ ဒီလို အချိန်တွေရှိနေတာက ကိုယ့်ရဲ့ အမျိုးသမီး အပေါ်နှစ်သက် သဘောကျမှုရှိကြောင်း ပြသနေမှာ ဖြစ်တာပါ။
ဆက်ဆံရေးတခုမှာ လုံခြုံနွေးထွေးတဲ့ ခံစားမှုရှိတာက အမျိုးသမီ တယောက်အနေနဲ့ လိင်ကိစ္စမှာ ပျော်ဝင်လာဖို့ အရေး ကြီးတဲ့ သော့ချက်ဖြစ်တယ်လို့ သူပြောပါတယ်။ အချိန်ကြာကြာလေး ဖက်ထားပေးတာက ထင်ထားတာထက်ပိုပြီး ခရီး ရောက်ပါတယ်။ “စက္ကန့် ၃၀ လောက် ဖက်ထားပေးလိုက်ခြင်းက အမျိုးသမီးတွေမှာ ဆက်သွယ်မှုနဲ့ ယုံကြည်မှုကို ဖန် တီး ပေးတဲ့ oxytocin ဟိုမုန်းကို လှုံ့ဆော်ပေးပါတယ်။” လို့ ဒေါက်တာ Ian Kerner ကဆိုပါတယ်။
(၂) အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကို သိတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေခြင်း
“ဒီနေ့ ခေတ်မှာ အမျိုးသမီး အများ အပြားက လွန်ခဲ့တဲ့ နှစ်၂၀ သို့မဟုတ် ၃၀ လောက်ကလိုပဲ အထွတ်အထိပ် ခံစားမှုကို ရ သလို ဟန်ဆောင်နေကြတုန်းပါပဲ။” လို့ ဒေါက်တာ Ian Kerner ကပြောပါတယ်။ တကယ်လို့ သူတို့ ကျေနပ်နှစ်သိမ့်မှု မရဘူး ဆိုရင် အမျိုသားတွေ အနေနဲ့ သိထားသင့်ပါတယ်။
ဒါကြောင့် “ဘယ်လိုခံစားရသလဲ” ၊ “ဘာလိုချင်သလဲ” ဆိုတဲ့ မေးခွန်းတွေကို မေးရမှာ မကြောက်ဖို့ သူက တိုက်တွန်း ပါတယ်။ တနည်းအားဖြင့် ပြောရရင် ဒီလို မေးမှ ကိုယ်ဘာလုပ်ရမယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။
(၃) ကိုယ့် စိတ်ကူး ကိုယ့် အစီအစဉ်ကိုပဲ တရားသေ ဆုပ်ကိုင်ထားခြင်း
“ပထမ တကြိမ် ၂ကြိမ်မှာ အဆင်ပြေထားတာနဲ့ နောက်ပိုင်းမှာလည်း အဆင်ပြေလိမ့်မယ်လို့ မထင်ပါနဲ့” လို့ နောက်ထပ် လိင်မှုဆိုင်ရာ ကုထုံးပညာရှင် တဦးဖြစ်တဲ့ Sari Cooper ကပြောပါတယ်။ ဘယ်အရာက အမျိုးသမီးတယောက်ရဲ့ စိတ် ဆန္ဒကို နှိုးဆွပေးနိုင်မလဲ ဆိုတာက သူ့ရဲ့ စိတ်ခံစားမှုပေါ်မှာ မူတည်ပါတယ်။ ရာသီစက်ဝန်းနဲ့ လည်းဆိုင်ပါတယ်။ “အမျိုး သမီးရဲ့ နို့သီးခေါင်းတွေက လိင်အင်္ဂါထက်ပိုပြီး ခံစားလွယ်နေတာမျိုးလဲ ရှိနိုင်ပါတယ်။” လို့ သူက ထပ်ပြောပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ အမျိုးသမီးကို ဂရုစိုက်ပြီးလေ့လာပါ လို့ စိတ်ပညာရှင်တဦး ဖြစ်တဲ့ ဒေါက်တာ Lonnie Barbach က ပြောပါတယ်။ “အမျိုးမျိုး ကြိုးစားပြီးတော့ သူ့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်ပါ။” လို့လည်း သူက ဆိုပါတယ်။ အမျိုးသမီးတွေ သာယာကျေနပ်မှုကို စပြီးရလာတဲ့ အချိန် (စိတ်ဆန္ဒ စတင်နိုးကြားလာတဲ့ အချိန်)ရောက်မှ အမျိုးသားတွေက နောက် တမျိုးပြောင်းသွားလို့ ကျေနပ်မှုတွေ ပျောက်ဆုံးသွားရတာမျိူး ဖြစ်တတ်တယ်လို့ လည်းသိရပါတယ်။
(၄) ရုပ်ပိုင်းဆိုင်ရာ ပေါ်မှာပဲ အာရုံစိုက်ခြင်း
အမျိုးသားတွေ အနေနဲ့ ကြိုတင်နှိုးဆွမှုနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို တိုးချဲ့သင့်ပါတယ်။ “အမျိုးသား တချို့က ရုပ်ပိုင်းဆိုင်ရာ နှိုးဆွမှု အပေါ်မှာပဲ အာရုံစိုက်ပြီး စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်နှိုးဆွမှုတွေ ကို လစ်လျူရှုထားတတ် ကြပါတယ်။” လို့ ဒေါက်တာ Ian Kerner ကဆိုပါတယ်။ တချိန်က ၂ ယောက်အတူ ကြုံတွေ့ခဲ့တဲ့ ရင်ခုန်စရာ လိင်မှုကိစ္စ အကြောင်းတွေကို ပြန်ပြောင်းပြောပေးခြင်းကလည်း အထောက်အကူ ဖြစ်စေပါတယ်။
(၅)လိင်ဆက်ဆံမှသာလျှင် အမျိုးသမီးက အထွတ်အထိပ် ခံစားမှုကို ရမယ်လို့ ယူဆထားခြင်း
အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်က လိင်ဆက်ဆံမှု တခုထဲကနေ အထွတ်အထိပ်ခံစားမှုကို မရနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လိင်ဆက်ဆံတဲ့ ပုံစံ အများစုက အမျိုးသမီးတွေရဲ့ အစေ့(clitoris) ကို တိုက်ရိုက် လှုံ့ဆော်ပေးနိုင်ခြင်း မရှိလို့ ဖြစ်ပါတယ်။ “အမျိုးသမီးတွေ အနေနဲ့ လိင်ဆက်ဆံတာနဲ့ စာရင် oral sex လို့ခေါ်တဲ့ ပါးစပ်နဲ့ နှိုးဆွပေးတဲ့ နည်းက အထွတ် အထိပ်ကို ရဖို့ ပိုနီးစပ်ပါတယ်။” လို့ ဒေါက်တာ Ian Kerner ကပြောပါတယ်။ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံပေးတဲ့ နည်းကို ကြိုးစားကြည့်ဖို့ လည်း သူက အကြံပြုပါတယ်။
(၆) အစေ့(clitoris) ကို အဓိက ထားလွန်းခြင်း
အမျိုးသမီးအများစုအတွက် အထွတ်အထိပ် ခံစားမှုကို ရဖို့ အစေ့(clitoris) ကို လှုံ့ဆော်ပေးရမယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက ထင်ထားတာထက်ပို ရှုပ်ထွေးပါတယ်။
“အမျိုးသား အချို့က အစေ့(clitoris) ရဲ့ တည်ဆောက်ပုံကို နားမလည်ကြဘူး။” လို့ Sari Cooper ကပြောပါတယ်။ ဒါပေမယ့် အဲဒါက မျက်စိနဲ့ မြင်နိုင်တဲ့ အဖုသေးသေးလေးဆိုတာထက်ပိုပါတယ်။ clitoris ကနေသွားတဲ့ အာရုံကြော တွေက အမျိုးသမီး အင်္ဂါနဲ့ မွေးလမ်းကြောင်း(လိင်ဆက်ဆံတဲ့ လမ်းကြောင်း) အတွင်းမှာ ပျံ့နှံ့သွားပါတယ်။ ဒီနေရာ တွေကလည်း ခံစားမှုပေးနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။
မွေးလမ်းကြောင်း အဝရဲ့ အပေါ်နားလေးမှာ ရှိတဲ့ အစေ့(clitoris)ကို ဦးစားပေးလွန်းရင်လည်း အမျိုးသမီးတွေရဲ့ သာ ယာမှုကို ပျောက်ဆုံးသွားစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းကို အာရုံခံစားမှု ကောင်းတဲ့ အတွက် အလွန် အကျွံလှုံဆော်မှု သွားပေးလိုက်ရင် နာကျင်တဲ့ ဘက်ကိုရောက်သွားနိုင်လို့ ဖြစ်ပါတယ်။
Source: webmd.com