တချိန်တခါက ကမ္ဘာကျော် ပရော်ဖက်ရှင်နယ် ဘောလုံး အကျော်အမော်ဖြစ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးလောက ကနေ အနားယူလိုက်တာ ၅ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီလို အနားယူပေမယ့် ဘက်ခမ်းကတော့ အခုလက်ရှိ အချိန်ထိ သူဟာ အားကစားလိုက်စားနေဆဲဖြစ်ပြီး လွန်ခဲ့တဲ့ရက် အနည်းငယ်ကတောင် သူက မိန်းကလေး တယောက်နဲ့ အတူ လန်ဒန်မြို့ ပန်းခြံတခုမှာ အပြေးလေ့ကျင့်နေတာကို တွေ့မြင်ခဲ့ကြရပါသေးတယ်။
အသက် ၄၃ နှစ်အရွယ် ဘက်ခမ်းဟာ သူ့ရဲ့ အပြေးလေ့ကျင့်နေတာကို စိတ်အားထန်သန်စွာ လုပ်ဆောင်နေပြီး အင်္ဂလန်နိုင်ငံ၊ မြို့တော် လန်ဒန်မှာရှိတဲ့ စိမ်းစိုတဲ့ နေရာတွေကို သွားလာလှုပ်ရှားနေတာ တွေ့ခဲ့ ရပါတယ်။ သူအားကစား လုပ်နေတဲ့အချိန်မှာ တီရှပ်အကျီအဖြူနဲ့ အနက်ရောင် အားကစား ဘောင်းဘီရှည်တို့ကို စတိုင်ကျကျ ဝတ်ဆင်ထားတာ လည်း တွေ့ရပါတယ်။
အခုလိုမျိုး အပြေးလေ့ကျင့်နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးတဲ့နောက် သူ့ရဲ့ ဇနီး ဗစ်တိုးရီးယားဘက်ခမ်းဟာ သမီးဖြစ်သူ Harper ရဲ့ လျှပ်တပြက်ဓာတ်ပုံ တခုကို တင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံထဲမှာတော့ သမီးလေးဟာ ဖခင် ဘောလုံးသမားဟောင်း ဘက်ခမ်းရဲ့ မျက်နှာပုံစံ မျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့တာကိုတွေ့ရပါတယ်။
ဘက်ခမ်းတို့ ဇနီးမောင်နှံဟာလည်း ကျောင်းဒုတိယနှစ်ဝက် စဖွင့်တဲ့နေ့မှာ စိတ်အားတက်ကြွနေပြီးတော့ ဗစ်တိုးရီးယား ဟာလည်း သူနဲ့ သမီးလေး Harper တို့ လူသွားစင်္ကြန်တခုမှ ပျော်ရွှင်စွာသွားလာနေကြတဲ့ ဗီဒီယို တခုကို တင်ခဲ့ ပါသေးတယ်။
အသက် ၄၄ နှစ် အရွယ်၊ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းက သူဟာ ကလေး ၄ ဦးကို အလုပ်အပေါ် ထားရှိတဲ့ စိတ်ထားရဲ့ အရေးကြီးမှုကို သင်ကြားပေးလေ့ရှိတယ်လို့ Evening Standard မီဒီယာကို ပြောကြားခဲ့ဖူးပါတယ်။
ဗစ်တိုးရီးယားက “အလုပ်မကြိုးစားရဘူးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကလေးတွေက မေမေနဲ့ ဖေဖေ အလုပ် သွားတာကို ကြည့်ပြီး သူတို့လည်း ကျောင်းသွားကြတယ်။ သူတို့လည်း အလုပ်လုပ်ရမယ်လေ။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့ဟာ ပျော်ရွှင်ရတဲ့ကလေးတွေ ဖြစ်တယ်။ ကလေးတွေဟာ ကလေးလိုနေမှာ ပျော်ရွှင်ရမယ်လို့ ကျမ ယုံကြည်တယ်လေ” လို့ ပြောကြားခဲ့ပါတယ်။
Ref: dailymail