• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အနုပညာအလုပ်တွေ ဆက်လုပ်မှာမို့ ပရိသတ်တွေ စိတ်အေးအေးထားကြဖို့ Paul Austin ပြော 

by ချစ်ပိုး
17 June 2019
in Entertainment
A A
The Voice Myanmar Season 2 ရဲ့ Top 2 ပြိုင်ပွဲဝင် Paul Austin / The Voice Myanmar Facebook Page

The Voice Myanmar Season 2 ရဲ့ Top 2 ပြိုင်ပွဲဝင် Paul Austin / The Voice Myanmar Facebook Page

10.3k
VIEWS
Share on FacebookShare on Twitter

The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ Final ညမှာ Top 2 အဆင့်ထိ ရောက်ရှိခဲ့တဲ့ ပြိုင်ပွဲဝင် Paul Austin ကတော့ Winner ဆုနဲ့ လွဲချော်ခဲ့တဲ့အတွက် သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေကို စိတ်အေးအေးထားကြဖို့ ပြောပါတယ်။

“Final မှာ Novem ရသွားတဲ့အတွက် အရမ်းဝမ်းသာတယ်။ ပြိုင်ပွဲဝင်တွေ အားလုံးကလည်း သူ့ အရည်အချင်းနဲ့သူ ရှိကြတာ အဲ့ထဲမှာ သူ ရသွားလို့လည်း အရမ်းဝမ်းသာတယ်။ ကျနော့် ခံစားချက်ကတော့ ဆုမကြေညာခင်ကတည်းက ဆုအတွက် ၁၀၀ ရာခိုင်နှုန်း မျှော်လင့်ထားတယ်။ အစကတည်းကလည်း ဘုရားကို တိုင်တည်ပြီး လုပ်တာဆိုတော့ ဘုရားပေးရင် ရမယ်၊ ဘုရား မပေးရင် မရဘူးဆိုတဲ့ ခံစားချက်ကလည်း ရှိနေတော့ ဘာမှတော့ သိပ်မဖြစ်ပါဘူး။ အရမ်းကြီးလည်း ဝမ်းမနည်းပါဘူး”

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
408
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
829
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

“ကျနော့်ကို အားပေးနေတဲ့ ပရိသတ်တွေရော၊ တီဗီကနေ အားပေးခဲ့တဲ့သူတွေ အကုန်လုံးကို ကျေးဇူးတင်တယ်။ ကျနော့် ပရိသတ်တွေကိုတော့ စိတ်မတိုပါနဲ့၊ စိတ်အေးအေးထားပါ။ အနုပညာတွေလည်း ဆက်လုပ်မှာပါလို့ ပြောထားတယ်။ ပရိသတ်တွေနဲ့လည်း အဆက်အသွယ် မပြတ်ဘဲ အနုပညာလုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ ကြိုးစားပါ့မယ်”လို့ Paul Austin က ဧရာဝတီကို ပြောပါတယ်။

Paul Austin ကတော့ အဆိုတော် Rဇာနည်ရဲ့ Team မှ ပြိုင်ပွဲဝင် ဖြစ်ပြီး Rဇာနည်နဲ့အတူ Final ညမှာ တွဲဆိုရတဲ့အတွက် အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“ကျနော့် Coach ကိုRဇာနည်နဲ့ တွဲဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျနော့် Idol နဲ့ ဆိုရတဲ့ အခွင့်အရေး ရှိတာ သိရတော့ အရမ်းဝမ်းသာတယ်။ ကျနော်တို့ကို ကိုRဇာနည်က နွေးနွေးထွေးထွေးနဲ့ လက်တွဲပြီး ဆွဲခေါ်ပေးတဲ့အတွက်လည်း အရမ်း ဝမ်းသာတယ်။ ကျနော်တော့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ Team R Zar Ni အတွက်တော့ အကောင်းဆုံး ကြိုးစားပေးခဲ့လို့ တာဝန်ကျေတယ်လို့ မျှော်လင့်ပါတယ်”

“ပရိသတ်တွေကလည်း တာဝန်ကျေတယ်လို့ ယုံကြည်ပေးမယ်လို့ ထင်ပါတယ်။ ကိုRဇာနည်ကတော့ နောက်ပိုင်း သီချင်းတွေ လုပ်ရင် လိုအပ်တဲ့ အကူအညီ တောင်းဖို့တွေ၊ ရှိုးတွေ အတူတူ ဆိုဖြစ်မယ် ထင်တယ်။ ကျန်တာတေ့ာ ဘာမှ မရှိသေးပါဘူး”လို့ Paul Austin က ဆိုပါတယ်။

“ကျနော် ထိုင်းကို မပြန်တော့ဘူး။ ဘုရားကလည်း ကျနော့်ကို အနုပညာ လုပ်ခွင့်ပေးတဲ့အချိန် ရောက်ပြီပေါ့။ နောက် ပရိသတ်တွေကလည်း ကျနော့်ကို ချစ်ပေးတဲ့အတွက်၊ သူတို့အတွက် အနုပညာတွေကိုပဲ အကောင်းဆုံး ကြိုးစားသွားပါမယ်။ လာမယ့် ၂၃ ရက်နေ့မှာ MPT ကလုပ်မယ့် People Choice ပွဲမှာတော့ ပရိသတ်တွေ နဲ့ တွေ့ဖို့ရှိတယ်”လို့ Paul Austin က ပြောပါတယ်။

The Voice Myanmar Season 2 မှာတော့ Coach များအဖြစ် အဆိုတော် Rဇာနည်၊ ကျားပေါက်၊ ရန်ရန်ချန်း၊ နီနီခင်ဇော်တို့ ပါဝင်ခဲ့ပြီး Final အဆင့်ကို ရောက်ရှိခဲ့တဲ့ ပြိုင်ပွဲဝင် ၄ ယောက်ကတော့ Novem Htoo , Paul Austin, Melody Khong နဲ့ Hazel တို့ပဲ ဖြစ်ပါတယ်။ The Voice Myanmar Season 2 Final ညကိုတော့ ဇွန်လ ၁၆ ရက်နေ့ညမှာ ကျင်းပခဲ့ဖြစ်ပြီး Winner ဆုကို Novem Htoo က ရရှိခဲ့ပါတယ်။

You may also like these stories:

ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo

“ပရိသတ်တွေ ဦးနှောက်နဲ့ နှလုံးသား နှစ်ခု ချိတ်ဆက်ပြီး Vote ပေးကြပါ”လို့ ရန်ရန်ချန်း ပြော

“The Voice Myanmar” အဆိုပြိုင်ပွဲ ဝင်မယ့်သူတွေကို အကြံပေးစကားပြောတဲ့ ငွေစိုး

“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

Your Thoughts …
Tags: Paul AustinThe Voice Myanmar Season 2
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

The Voice Myanmar Season 2 ရဲ့ Winner Novem Htoo  / The Voice Myanmar Facebook Page

ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo

by ယုဖြူဟန်
17 June 2019
11.9k

Novem Htoo ဆုရရှိခဲ့တဲ့အပေါ် ဂီတလမ်းအသစ်ကို ဖောက်ချင်တဲ့ လူငယ်အများစုကတော့ ဝမ်းသာအားရနဲ့ ကြိုဆိုလျက် ရှိကြပြီး တဖက်မှာလည်း ဝေဖန်မှုများ ရှိနေပါတယ်။

The Voice Myanmar Season 2 ရဲ့ Finalists ပြိုင်ပွဲဝင် Hazel / ဝေဝေနှင်း / ဧရာဝတီ

“တစ်ကျော့နှစ်ကျော့ တေးကိုသီ”သီချင်းက ရသ လုံးဝ ပျက်သွားတာ မဟုတ်ဘူးလို့ ဟေဇယ် ပြော 

by ချစ်ပိုး
21 June 2019
25.8k

သူတို့ အရမ်းကြိုက်ခဲ့တဲ့ သီချင်း အပြောင်းအလဲ ဖြစ်သွားချိန်မှာ နားထောင်ရတာ ထူးထူးဆန်းဆန်းဖြစ်ပြီး နားမယဉ်သေးတာမျိုးကြောင့်ပါ။ သီချင်းချစ်လို့ ဖြစ်ကြတာပါ”လို့ ဟေဇယ်က ပြောပါတယ်။

The Voice Myanmar Season 2 Winner ဆုရှင် Novem Htoo  / ဝေဝေနှင်း / ဧရာဝတီ

The Voice Myanmar Season 2 ရဲ့ Winner ဆုရှင် Novem Htoo နဲ့ တွေ့ဆုံခြင်း

by ယုဖြူဟန်
30 June 2019
4.1k

အပြင်ကလူတွေ Bad Comment ပေးတာကတော့ ကျနော့် ဦးနှောက်ထဲလည်း မရှိဘူး။ ဂရုလည်း မစိုက်ဘူး။ အဲ့ထဲက လူနည်းနည်းလေး ကြိုက်ရင်လည်း ရတယ်၊ မကြိုက်လည်း ကိစ္စ မရှိဘူး။

အဆိုတော် နိုဗန်ထူး / ချစ်ပိုး / ဧရာဝတီ

လည်ချောင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး မကောင်းတာကြောင့် သီချင်းဆို နားထားတဲ့ နိုဗန်ထူး

by ချစ်ပိုး
30 October 2019
17k

ကျနော့်မှာ သီချင်း သိပ်မရှိတော့ ရှိုးပွဲတွေလည်း သိပ်မဆို ဖြစ်တာ။ ကျနော်က သူများသီချင်းဆိုဖို့တော့ စိတ်မဝင်စားဘူး။

အဆိုတော် ကျားပေါက်  / The Voice Myanmar Facebook Page

“Artist to Artist Respect ရှိစေချင်တယ်”လို့ ပြောတဲ့ ကျားပေါက်

by ယုဖြူဟန်
30 June 2019
4.9k

“အဓိက ကျနော် ဝင်ပြောရခြင်း အကြောင်းက လူကြီးက လူငယ်ကို ဘယ်လိုဖြစ်လို့၊ လူငယ်တွေက ဘယ်လိုဖြစ်လို့ အဲဒါတွေကို ကျနော် စိတ်မဝင်စားဘူး။ လူတွေကို Positive ဖြစ်စေချင်တယ်။

အဆိုတော်ကျားပေါက် / Han Htue Lwin's Facebook

“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

by ချစ်ပိုး
25 January 2019
15.9k

"အပြောခံရတာလည်း ဘယ်လိုမှမနေဘူး။ စိတ်လည်း မဆိုးဘူး။ ကိုယ့်ဆုံးဖြတ်ကြောင့် တယောက်ထိခိုက် မှာတို့ ဆက်လျှောက်ဖို့ ခက်သွားတာတို့ဖြစ်မှာတော့ ကြောက်တယ်။

Next Post
မြန်မာနိုင်ငံကို အလည်လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသည်များ  / ဧရာဝတီ

၂၀၁၉ ခုနှစ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာမယ်လို့ မျှော်မှန်း

ဓားထိုးမှုမှ ဖမ်းဆီးရမိသူများ/အမှတ် ၁ နယ်မြေရဲစခန်း

မန္တလေးကျုံးဘေး လူငယ်နှစ်ဦး ဓားထိုးခံရမှုမှ ကျူးလွန်သူများကို ဖမ်းမိ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate