လူတိုင်းလူတိုင်းဟာ ငယ်ရွယ်စဉ်ဘဝမှာ ဖြစ်ချင်တဲ့ အိပ်မက်ဆန္ဒတွေနဲ့ ပြည့်နှက်နေတတ်ပြီး တချို့သော သူတွေရဲ့ရည်ရွယ်ချက်ကတော့ ရုပ်ရှင်သရုပ်ဆောင် နယ်ပယ်ရဲ့ ကော်ဇောနီပေါ်မှာ လျှောက်လှမ်းချင်တာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် သရုပ်ဆောင်တွေကတော့ ဟောလိဝုဒ်မှာ အရေးပါတဲ့ ဇာတ်ကောင်နေရာတွေကနေ သရုပ်ဆောင်ဖူးပေမယ့် ဟောလိဝုဒ် စင်မြင့်နဲ့ အလှမ်းဝေးသွားခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
(၁) Jack Gleeson
အောင်မြင်ကျော်ကြားတဲ့ တီဗီစီးရီးတခုဖြစ်တဲ့ “Game of Thrones” မှာ ဂျော့ဖရေးအဖြစ် သရုပ်ဆောင်ခဲ့သူ Jack Gleeson ကတော့ ၂၀၁၄ ခုနှစ်ကတည်းက သရုပ်ဆောင်အလုပ်ကနေ အနားယူခဲ့ပြီး ကျောင်းဆက်တက်ဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။
(၂) Jeff Cohen
“Scooby-Doo and the Ghoul School (1988)” မှာ အသံသရုပ်ဆောင်နဲ့ “The Goonies (1985)” မှာ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ Jeff Cohen ကတော့ သရုပ်ဆောင်အလုပ်ကို မလုပ်ကိုင်တော့ဘဲ Cohen & Gardner LLP မှာ Co-Founder အဖြစ် လုပ်ကိုင်နေပါတယ်။
(၃) Nikki Blonsky
၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကတော့ ၂၀၀၇ ခုနှစ်မှာပြသခဲ့တဲ့ “Hairspray” ရုပ်ရှင်မှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင် အရိုက်ကျဲခဲ့ပြီး ဆံပင်အလှ ဖန်တီးသူနဲ့ အလှအပရေးရာ အကြံပေးသူအဖြစ်ပါ လုပ်ကိုင်ခဲ့ပါတယ်။
(၄) Leelee Sobieski
မင်းသားကြီး Johnny Depp နဲ့ Christian Bale တို့ပါဝင်တဲ့ “Public Enemies (2009)” မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို မင်းသားကြီး Al Pacino နဲ့အတူ “88 minutes (2007)” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူဟာ လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကို မလုပ်ကိုင်တော့ဘဲ အနုပညာကို တခြားသော ကဏ္ဍတွေနဲ့ ပုံဖော်နေတာပဲ ဖြစ်ပါတယ်။
Ref. brightside.me
You may also like these stories:
ဟောလိဝုဒ် အနုပညာရှင်တွေ မအောင်မြင်ခင်က လုပ်ကိုင်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်များ
ကာတွန်းကားတွေမှာ အသံနဲ့ သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်များ