• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကမ္ဘာကျော် စူပါဟီးရိုးတွေရဲ့ ကိုယ်ပွားတွေကို ဖန်တီးသူ

by သဇင်လှိုင်
26 July 2019
in Entertainment
A A
စူပါဟီးရိုးဝတ်စုံများကို ဖန်တီးသူ ကိုဟန်ဇော်ဦး / ထက်ဝေ / ဧရာဝတီ

စူပါဟီးရိုးဝတ်စုံများကို ဖန်တီးသူ ကိုဟန်ဇော်ဦး / ထက်ဝေ / ဧရာဝတီ

8.8k
VIEWS
Share on FacebookShare on Twitter

တိုက်ခန်းတခန်းတွင်းက နံရံထောင့်မှာ ကပ်ထားတဲ့ စင်တခုလုံး စူပါဟီးရိုးတွေရဲ့ Helmet (ခေါင်းဆောင်း) တွေနဲ့ ပြည့်နှက်နေပါတယ်။

အဲဒီခေါင်းဆောင်းတွေကို လူ အများကသာ ယူပြီး ဆောင်းလိုက်မယ် ဆိုရင် ကမ္ဘာကျော် ရုပ်ရှင်တွေက သူရဲကောင်း ဇာတ်ကောင် လို့ ခေါ်ကြတဲ့ စူပါ ဟီးရိုးတွေက တနေရာတည်းမှာ ရောက်ရှိနေတာလို့တောင် ပြောလို့ရမှာပါ။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
584
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
304
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
383

သစ်အထပ်သားပြားနဲ့ ပြုလုပ်ထားတဲ့ စင်ရဲ့ သုံးဆင့်လုံးမှာ Iron Man, Bat Man, Black Panther, Hell Boy စတဲ့ ဇာတ်ကောင် တခုချင်းဆီရဲ့ Helmet (ခေါင်းဆောင်း) တွေကို တင်ထားတာဖြစ်ပါတယ်။

ဒီအခန်းပိုင်ရှင်ဟာ အဲဒီ စူပါဟီးရိုးခေါင်းဆောင်းတွေကို ဝယ်ယူစုဆောင်းထားတာ မဟုတ်ဘဲ သူကိုယ်တိုင်ဖန်တီး ထားတာပါ။

အသက် ၃၂ နှစ်အရွယ် ကိုဟန်ဇော်ဦးဟာ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ ရှိတဲ့ သူ့ရဲ့ အခန်းထဲမှာ စူပါဟီးရိုးတွေရဲ့ ကိုယ်ပွားတွေကို ကိုယ်တိုင်ကြိုးစားပန်းစား ဖန်တီးနေတာ ဖြစ်ပါတယ်။

ကိုဟန်ဇော်ဦး ဖန်တီးထားသည့် လက်ရာအချို့/ထက်ဝေ/ဧရာဝတီ

“စက္ကူအရုပ်လေး ၁ ရုပ်လုပ်ဖို့ ရှာရင်းနဲ့ အဲဒီ ဗွီဒီယိုလေးတွေ့တာ။ ဒီလိုဆောက်လို့ရတဲ့ ပုံကြမ်းလေး သွားတွေ့တာ။ တွေ့တော့ စမ်းလုပ်ကြည့်ခဲ့တယ်။ ၂၀၁၈ အစလောက်မှာ စမ်းကြည့်တယ်။ ဘာရယ်မဟုတ်ဘူး လုပ်ဖြစ်သွားတာ”လို့ စူပါဟီးရိုးတွေကို သူစတင်ဖန်တီးဖြစ်ခဲ့ပုံကို ပြန်ပြောင်းပြောပြပါတယ်။

စင်ပေါ်တင်ထားတဲ့ လက်ရာအများစုဟာ သူ့ရဲ့ ပထမဦးဆုံးလက်ရာတွေလို့ သူက အားပါးတရဆိုပါတယ်။ Black Panther ဇာတ်ကောင်ဟာ သူ့ရဲ့ ပထမဦးဆုံးတွေထဲက ပထမဆုံးလက်ရာလို့လည်း ပြောပါတယ်။

Black Panther ဇာတ်ကောင်ဟာ ၂၀၁၈ ခုနှစ်မှာ Marvel Universe ရဲ့ ၁၈ ကားမြောက်ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ဖြစ်ပြီး ၂၀၁၈ ခုနှစ်ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက တခုလို့ ဆိုနိုင်ပါတယ်။

Iron Man, Bat Man, Black Panther, Hell Boy စတဲ့ စူပါဟီးရိုး ဇာတ်ကောင်တွေဟာ ကမ္ဘာပေါ်မှာ ပရိတ်သတ် အများဆုံး ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေဖြစ်ပြီး သူတို့ရဲ့ လက်နက်၊အသုံးအဆောင်ပစ္စည်း၊ ဝတ်စုံတွေကို ပရိတ်သတ် တွေဟာ အရူးအမူး စွဲလန်းကြပါတယ်။

ကိုဟန်ဇော်ဦး ဖန်တီးထားသည့် လက်ရာအချို့/ထက်ဝေ/ဧရာဝတီ

Marvel ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတဝှမ်းပြသခဲ့တဲ့ Avenger End Game ဇာတ်ကားဟာ ဆိုရင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ဝင်ငွေရှာပေးခဲ့ပြီး အဲဒီဇာတ်ကားထဲက များစွာသော ဇာတ်ကောင် တခုချင်းစီဖြစ်တဲ့ Iron Man, Captain America, Black Panther, Thor တို့ကို မြန်မာနိုင်ငံမှာလည်း အရူးအမူးနှစ်သက်သူ များစွာရှိနေပါတယ်။

ဒါကြောင့်လည်း ကိုဟန်ဇော်ဦးဟာ သူကိုယ်တိုင်အလှထားဖို့ ပုံဖော်ဖန်တီးခဲ့ရာကနေ ဝယ်ယူသူ၊ မှာသူတွေ အတွက် အလျင်မီအောင် ထုတ်လုပ်နေရတဲ့ အခြေအနေကို ပြောင်းလဲလာတာပဲဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်ကောင် စူပါဟီးရိုး ဝတ်စုံနဲ့ Helmet (ခေါင်းဆောင်း) တွေကို ကိုယ်တိုင်လေ့လာ စမ်းသပ်ပြီး လုပ်ကိုင် ခဲ့ရတာမို့လို့ အခက်အခဲတွေ အများကြီး ကြုံခဲ့သေးတယ်လို့ ဆိုပါတယ်။

“အနုပညာပဲ ပြောရမလား။ ကိုယ်ကိုယ်တိုင်လည်း ဖြည့်တွေးရသေးတယ်။ Template တခုရလာတယ်ဆိုရင်တောင် Print ထုတ်ဖို့က အစ အခက်အခဲရှိတယ်။ File ရလို့ ဆိုင်မှာ ထုတ်ရင်တောင် ဆိုင်က ထုတ်ချင်သလို ထုတ်လိုက်တော့ ကိုယ် လိုချင်တဲ့ ဆိုဒ်မရဘူး။ ဒါပုံဖော်တဲ့ အဆင့်တောင်မရောက်သေးဘူး။ တကယ်တမ်း လက်တွေ့လုပ်တော့ အခက်အခဲတွေက အများကြီးရှိတယ်ဗျ” လို့ ကိုဟန်ဇော်ဦးက ပြောပါတယ်။

၂၀၁၈ ခုနှစ် မှာ ဒါကို စတင်စမ်းသပ်ခဲ့တာဆိုပေမယ့် လပေါင်းအတန်ကြာ ရပ်နားထားခဲ့ပြီး ဒီနှစ် ၂၀၁၉ ခုနှစ်စမှသာ ဒီလုပ်ငန်းကို အသက်သွင်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုဟန်ဇော်ဦးရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းစင်စစ်မှာ မိုဘိုင်းလ်ဖုန်း ပြုပြင်ခြင်းနှင့် မိုဘိုင်းလ်ဖုန်း ပြုပြင်နည်း သင်တန်း နည်းပြဖြစ်ပြီး ၁၀ စုနှစ် တခုကျာ်လောက် အဲဒီပညာရပ်နဲ့ပဲ အသက်မွေးလာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုတော့ စူပါဟီးရိုးဝတ်စုံတွေ ပုံဖော်တဲ့လုပ်ငန်းကိုလည်း ဆက်လက် လုပ်ကိုင်သွားဖို့နဲ့ တိုးချဲ့ဖို့ အစီအစဉ် ရှိနေပြီလို့ သူက ပြောပါတယ်။

“အစက ကိုယ့်ဘာသာကိုယ် ပုံဖော်တာ။ အလှထားဖို့။ ကိုယ့်တိုင် ဝတ်ကြည့်ဖို့ ပုံဖော်တာ။ နောက်ပိုင်းကျတော့ ဖေ့စ်ဘုတ်ပေါ်မှာ ပုံတင်ဖြစ်တော့ လူငယ်တချို့က လိုချင်တယ်ဆိုပြီး မှာကြတယ်”လို့ ဒီလုပ်ငန်းဆက်လုပ်ရတဲ့ အကြောင်းကို သူက ပြောပြပါတယ်။

ကိုဟန်ဇော်ဦး ဖန်တီးထားသည့် လက်ရာအချို့/ထက်ဝေ/ဧရာဝတီ

လက်ရှိမှာတော့ အဲဒီခေါင်းဆောင်း Helmet တွေကို မြန်မာငွေ ၁ သောင်းကျပ်မှ ကျပ် ၃ သိန်းအထိ ဈေးနှုန်း အမျိုးမျိုးနဲ့ မှာယူရရှိနိုင်ပြီး ပြုလုပ်ရမယ့် ပုံစံအပေါ် မူတည်ကာ နာရီပိုင်းမှ လပိုင်းအထိ ကြာမြင့်တတ်ပါတယ်လို့ သိရပါတယ်။

ကိုဟန်ဇော်ဦးရဲ့ လက်ရာတွေကိုတော့ Cosplay လိုပွဲတွေမှာ ဝတ်ဆင်ကြဖို့ ဝယ်ကြသလို ဇာတ်ကောင်တွေရဲ့ ပရိသတ်တွေကလည်း အမှတ်တရ သိမ်းဆည်းထားဖို့ ဝယ်ကြတယ်လို့ သိရပါတယ်။

ဘယ်အရာမှတော့ လွယ်လွယ်ကူကူနဲ့ အောင်မြင်မှု မရနိုင်ပါဘူး။ သူဟာ ဒီအရာတွေကို လုပ်ကိုင်စဉ် အစပိုင်းမှာ မိဘ ဆွေမျိုးများရဲ့ ဝေဖန်ပြစ်တင်မှုကိုလည်း ကျော်ဖြတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။ အင်တာနက်ပေါ်က Tutorial ဗွီဒီယိုဖိုင်များကပဲ ကိုဟန်ဇော်ဦးရဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲစေခဲ့တယ်လို့ ဆိုရမှာပါ။

“ဘာလို့လဲဆိုတော့ ဆိုးလ်ပြား(ဖိနပ်အောက်ခံပြား) ဆိုလည်း သွားဝယ်လိုက်တာပဲ။ ဝယ်လာပြန်ပြီ နှစ်လိပ်သုံးလိပ် ထမ်း ပြီး သယ်လာပြန်ပြီ။ ပြီးရင် ပြန်ထွက်သွားတာ အမှိုက်ထုတ်တွေပဲရှိတယ်။ တကယ်တမ်းထွက်လာတဲ့ ခေါင်းလေးက ၁ လုံး လေးပဲ။ ပစ်လိုက်ရတဲ့ အမှိုက်ထုတ်က သူ့ထက်ကြီးတော့ လွှင့်ပစ်ရတာ များတယ်။ ဆော့နေသလိုပဲ။ ကိုယ့်ဟာကို သဘောကျ ပေမယ့် ဘေးကကြည့်တော့ ဆော့နေသလိုပဲလေ”ဟု သူက ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။

ရုပ်ပုံကြမ်းကို စာရွက်နဲ့ ပရင့်ထုတ်ပြီး ဆိုးလ်ပြား(ဖိနပ်အောက်ခံပြား)ကို ဓားနဲ့ လှီးဖြတ် ပုံဖော်ကာ ကော်နဲ့ စနစ်တကျ ကပ်ပြီးနောက် ဆေးမှုတ်ရတာလို့ ရှင်းပြပါတယ်။

လက်ရှိမှာတော့ ခေါင်းဆောင်း Helmet များကိုသာမက ဝတ်စုံပြည့်များကိုလည်း ဖန်တီးပြုလုပ်နေပြီး ဖန်တီးခဲ့တဲ့ ဝတ်စုံပြည့် တခုဆိုရင် Cosplay ပွဲ ဝင်ပြိုင်ခဲ့ရာကနေ ပထမဆု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်က ရုပ်ရှင်အရမ်းကြည့်တယ်။ အကုန် သဘောကျတယ်။ အဲဒီဇာတ်ကောင်တွေကို အပြင်မှာ အဲဒီပုံကို ဖော်ချင်တယ်။ ဒီနည်းလမ်းကိုတွေ့တဲ့အချိန်မှာ ငါလိုချင်တဲ့ အရုပ်ကလေးတွေ၊ သူများလိုချင်တဲ့ အရုပ်လေးတွေကို ဆောက်ကြည့်ချင်တဲ့အခါ ဒါကိုတွေ့တော့ တစိုက်မတ်မတ် လိုက်ဖြစ်သွားတယ်”လို့ ရှင်းပြပါတယ်။

“Workshop တခုအနေနဲ့ လုပ်ချင်တယ်။ ကြည့်ချင်တဲ့သူလည်း လာကြည့်ရမယ်။ လိုချင်ရင်လည်း ဝယ်လို့ရမယ်။ အဲဒီလိုမျိုး Showroom အငယ်စားလေး။ ဝတ်စုံတွေလည်း ပြထားမယ်။ Helmet ဆိုလည်း ပုံစံ အစုံပေါ့”လို့ သူ့ အနာဂတ်စိတ်ကူးကို ပြောပြပါတယ်။

ကိုဟန်ဇော်ဦးဟာ သူ့ရဲ့ မူလအသက်မွေးဝမ်းကျောင်းကနေ သွေဖယ်ပြီး ယခုဆိုရင် သူဟာ စူပါဟီးရိုး ဇာတ်ကောင်တွေကို ပုံဖော်ထုတ်လုပ်ပြသတဲ့ နေရာ တခု ဖန်တီးဖို့ကို ရည်ရွယ်ချက်ထားပြီး စတင်နေပါပြီ။

Your Thoughts …
Tags: ကိုဟန်ဇော်ဦးစူပါဟီးရိုးဇာတ်ကောင်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

Marvel မှ ဖန်တီးထားတဲ့ စူပါဟီးရိုး ဇာတ်ကောင်များ

စူပါဟီးရိုးတွေဆီကနေ သင်ယူနိုင်တဲ့ ဦးဆောင်ခြင်းဆိုင်ရာ သင်ခန်းစာများ

by ရေဗန်
2 December 2018
5.7k

ကိုယ့်နိုင်ငံသား မဟုတ်သူတွေကို မယုံကြည်ဖို့နဲ့ ကိုယ့်ကို ယုံကြည်နေတဲ့ ပြည်သူတွေရဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ မဖျက်ဖို့ Wakanda ဘုရင် Black Panther က ဆိုပါတယ်။

မင်းသမီး Tessa Thompson

MCU ရဲ့ ပထမဆုံး LGBT စူပါဟီးရိုးဖြစ်လာမယ့် မင်းသမီး Tessa Thompson

by မစ်ကီ
25 July 2019
11.9k

Valkyrie ဇာတ်ကောင်ဟာ LGBTQ+ ဇာတ်ကြောင်းပုံစံနဲ့ လာမှာလားဆိုတဲ့ မေးခွန်းကိုတော့ ဥက္ကဋ္ဌ Feige က "ဟုတ်ပါတယ်"လို့ ပြန်ဖြေခဲ့ပါတယ်။

ကမ္ဘာကျော် သရုပ်ဆောင်များ

ကိုယ့်ဇာတ်ကောင်ကိုယ် ပြန်မုန်းတီးကြတဲ့ ကမ္ဘာကျော် သရုပ်ဆောင်များ

by ဟယ်လ်သင်
27 September 2019
10.9k

Jim Carrey အတွက်တော့ "Kick-Ass 2" ရုပ်ရှင်ဟာ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့အပြင် အဲဒီအကြမ်းဖက်မှုတွေကိုလည်း ဘယ်လိုမှ ထောက်ခံမပေးနိုင်ဘူးလို့ ဖွင့်ဟခဲ့ဖူးပါတယ်။

ဟာသ သရုပ်ဆောင် စည်သူပလပ်ကျွတ် / ဧရာဝတီ

စူပါဟီးရိုး ရှိုးပွဲကြီးကို အခမဲ့ လုပ်သွားမယ်လို့ ပြောတဲ့ စည်သူပလပ်ကျွတ်

by ချစ်ပိုး
20 June 2019
5.5k

"ကျနော်တို့ လောကမှာလည်း မနာလိုတဲ့သူတွေ အများကြီး ရှိတယ်။ ကျနော့်ကို မီဒီယာတွေ မေးတဲ့အောက်မှာ ဒီကောင်က ဘာဆိုတတ်လို့လဲ။ ဒီကောင့်ပွဲက ဘယ်သူက ဝင်မှာလဲ။

မင်းသား Keanu Reeves

စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves

by မစ်ကီ
20 June 2019
47.3k

Marvel ကတော့ “Dr. Strange” နဲ့ “Black Panther” တို့ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို ရိုက်ဖို့ ရှိနေပါတယ်။

သရုပ်ဆောင် စည်သူ (ပလပ်ကျွတ်)  / ချစ်ပိုး / ဧရာဝတီ

အနုပညာသမားတိုင်း ပေါ်ပြူလာဖြစ်ချင်ပါတယ်ဆိုတဲ့ စည်သူ(ပလပ်ကျွတ်)

by ချစ်ပိုး
23 January 2019
7.5k

“ကျနော် လှည်းတန်းစင်တာပွဲလေးမှာ Spider Man ဝတ်စုံ ဝတ်လိုက်တာ အဲ့အကျိုးဆက်ဘာဖြစ်လာလဲ ဆိုတော့ ကျနော့်ကို ဆဲတာတွေ ဝေဖန်တာတွေ မြင့်တက်လာတယ်။ အဲ့ဒါမိုက်ပါတယ်။ အရမ်းလည်း လက်ခံပါတယ်။

Next Post
ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ စတီဖင်ချောင်  / Stephen Chow

လျှို့ဝှက် လက်ထပ်လိုက်ပြီလို့ သတင်းထွက်လာတဲ့ မင်းသား စတီဖင်ချောင်

Fujifilm က ထုတ်လုပ်လိုက်တဲ့ "SX800" စောင့်ကြည့်ကင်မရာ

၁ မိုင်ခန့် အကွာကနေ ကားလိုင်စင်ပြား ဖတ်နိုင်တဲ့ စောင့်ကြည့်ကင်မရာကို Fujifilm မိတ်ဆက်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate