Marvel မှာ Deadpool ပါဝင်လာမယ်လို့ မင်းသား Ryan Reynolds အရိပ်အမြွက် ပြော
မင်းသား Ryan Reynolds က သူ့ရဲ့ ကမ္ဘာကျော် Deadpool ဇာတ်ကောင်ဟာ MCU လို့ခေါ်တဲ့ Marvel Cinematic Universe မှာ ပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။ အသက် ၄၂ နှစ်အရွယ် မင်းသားက သူ့ရဲ့ စူပါဟီးရိုး ဇာတ်ကောင်ဟာ Marvel စတူဒီယိုရဲ့ ဇာတ်လမ်းအပိုင်း ဖြစ်တဲ့ Phase 5 (အပိုင်း ၅) မှာ ပါဝင်လာနိုင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Deadpool ရဲ့ စမ်းသပ်ဗီဒီယို ပေါက်ကြားခဲ့တဲ့ ၅ နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့အနေနဲ့ မင်းသားက “စုံစစ်းရေးက ၅ နှစ်ထဲကို ဝင်လာခဲ့ပြီ။ ဒါမှမဟုတ် ကျနော်က ‘Phase 5’ လို့ ခေါ်မယ်။ ပြောချင်တာက ပူးပေါင်း ပါဝင်ရတာကို သဘောကျပါတယ်” လို့ Instagram မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ဖန်တီးသူ Rob Liefeld ကတော့ Deadpool 3 ဟာ မကြာခင် ဖြစ်လာတော့မှာ ဖြစ်ပြီး နောက်ထပ် ရုပ်ရှင်အတွက် စတင်အလုပ်လုပ်တော့မှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။ Twitter ပေါ်က ပရိသတ်တယောက်ကို ပြောဆိုရာမှာ သူက “မကြာခင် သေချာပေါက် ဖြစ်လာမှာပါ” လို့ ဆိုပါတယ်။
အခုနှစ် အစောပိုင်းတုန်းကလည်း “ခင်ဗျားတို့ရဲ့ ခေါင်းထဲကနေ နောက်ဆုံးအချိန် ဆိုတာမျိုး ထုတ်ထားလိုက်ပါ။ Deadpool 3 ဖြစ်လာတော့မယ်လို့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ပုံစံတမျိုး ဖက်ရှင်တမျိုးနဲ့ပေါ့။ ကျနော့် အတွက်တော့ စိတ်ပူစရာ မရှိပါဘူး။ Disney က Fox ကို ဒေါ်လာ ၆၀ ဘီလီယံနဲ့ ဝယ်ခဲ့တယ်။ Deadpool ဟာ ဒီနေ့ ဈေးကွက်မှာ တန်ဖိုးအရှိဆုံး ဇာတ်ကောင်တခုပဲ။ X-Men ရုပ်ရှင်တွေထက် ပိုက်ဆံ ပိုရှာကြတာပေါ့”လို့ ဖန်တီးသူ Rob Liefeld က ဆိုပါတယ်။
ဒါ့အပြင် မင်းသား Ryan ဟာ Deadpool ဇာတ်ကောင် နေရာကို လက်ခံရရှိဖို့ ကံကောင်းတယ်လို့ ခံစားရတဲ့အကြောင်း ပြောဆိုခဲ့ပါသေးတယ်။
“ကျနော့်ရဲ့ အနုပညာသက်တမ်း တလျှောက်လုံးမှာ တော်တော်လေးကို ဂုဏ်ယူမိတဲ့ ဇာတ်ကောင် ဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ကောင်အတွက် ကျနော် မွေးဖွားလာတယ်လို့တောင် ထင်ပါတယ်။ ကျနော် Deadpool ကို ချစ်ပါတယ်။ ဒီရိုက်ကွင်းမှာ အခက်ခဲဆုံး အရာကတော့ မျက်နှာကို တည်တည်ထားရတာပါပဲ”လို့ မင်းသား Ryan က ပြောဆိုခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
ဟာသအက်ရှင်ရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ်ပြီး သရုပ်ဆောင်မယ့် Ryan Reynolds
‘Deadpool 2’ ရုပ်ရှင် ပရိုမိုးရှင်းလုပ်ဖို့ ခွဲစိတ်ကုသမှုကို ရွှေ့ဆိုင်းလိုက်တဲ့ Ryan Reynolds
မကြာမီထွက်ရှိလာမည့် ရုပ်ရှင်တွင် “ ဂေးစူပါဟီးရိုး” ပါဝင်လာမည်ဟု Russo Brothers အတည်ပြု
Deadpool ရုပ်ရှင် ဇာတ်ဝင်တေး သီဆိုဖို့ အဆိုတော် Celine Dion ကို မင်းသား Ryan Reynolds ကမ်းလှမ်း
မျက်နှာဖုံးတွေအောက်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ကြတဲ့ Marvel ဇာတ်ကောင်များ