Entertainment

နောက်ဆုံး Trailer ထွက်ရှိလာပြီဖြစ်တဲ့ "Jumanji: The Next Level" ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

သိပ်မကြာသေးခင်အချိန်ကပဲ “Jumanji: The Next Level” ရုပ်ရှင်ရဲ့ နောက်ဆုံး Trailer ထွက်ရှိလာခဲ့ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းကလည်း “Jumanji: Welcome to the Jungle” ရုပ်ရှင် ထွက်ရှိထားပါတယ်။

“Star Wars: The Last Jedi” ရဲ့ Box Office မှတ်တမ်းထက် ကျော်လွန်ဖို့ Sony အနေနဲ့ “Jumanji: The Next Level” ဇာတ်ကားမှာ အစစအရာရာ အားစိုက်ထုတ်မှု ပြုလုပ်ထားတဲ့အတွက် Action, Adventure, Comedy အမျိုးအစား နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။

“Welcome to Jungle” မှာ ပါဝင်ခဲ့ဖူးတဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Dwayne Johnson, Kevin Hart, Karen Gillan နဲ့ Jack Black တို့အပြင် Nick Jonas ပါ အားဖြည့်ပါဝင်ထားတဲ့ “The Next Level” ဟာ ရုပ်ရှင် ထွက်ရှိမလာခင် Trailer တွေနဲ့တင် ပရိသတ်ရဲ့ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။

“The Next Level” ဟာ Jumanji ရုပ်ရှင်တွေထဲမှာမှ ၃ ကားမြောက် ထွက်ရှိလာမယ့် ရုပ်ရှင်ဖြစ်ပြီး “Welcome to Jungle” ထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတချို့ ပြုလုပ်ထားပါတယ်။

The Next Level ရဲ့ နောက်ဆုံး Trailer ကို အောက်တိုဘာ ၃၁ ရက်နေ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ရုပ်ရှင်ပြသမယ့် ရက်ကတော့ အတိအကျ မသိရသေးဘဲ လာမယ့် ဒီဇင်ဘာလလယ်လောက် ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

နောက်ဆုံး Trailer မှာတော့ The Next Level ထဲက Jumanji ကမ္ဘာဟာ ပြောင်းလဲဖို့ သေချာသလောက်နေပြီ ဆိုတာကို အတည်ပြုခဲ့တဲ့အပြင် ဇာတ်ကောင်တွေအတွက် စိန်ခေါ်မှုအသစ်တွေနဲ့ ရိုက်ကူးမှုပိုင်းဆိုင်ရာ ဆက်တင်တွေကိုလည်း အဆင့်မြှင့်တင်ထားတယ်ဆိုတာ တွေ့မြင်ခဲ့ကြပါတယ်။

နောက်ဆုံး Trailer ထွက်ရှိခဲ့ပြီးပြီဖြစ်လို့ သိပ်မကြာခင် အချိန်အတွင်းမှာ ကြည့်ရှုသူတွေကို ပိုမိုစိတ်ဝင်စားအောင် ဆွဲဆောင်မယ့် ဇာတ်အိမ်တည်ဆောက်မှု၊ အဖြစ်အပျက်တွေနဲ့အတူ “Jumanji: The Next Level” ရုပ်ရှင်ကားဟာ ဆောင်းရာသီ အားလပ်ရက်တွေအတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတာပါပဲ။

Ref. screenrant.com

Did you find apk for android? You can find new Free Android Games and apps.
Loading