ခပ်မိုက်မိုက် ကာရိုက်တာများနဲ့ အမြဲတွေ့ရလေ့ရှိတဲ့ သရုပ်ဆောင် ထူးခြားက ဒါရိုက်တာ အောင်ချမ်းလူ ရိုက်ကူးတဲ့ “၃ (က)” ရုပ်ရှင်ဇာတ်ကား ကြည့်ရှုသူနည်းပြီး ရုံပြန်ဆင်းရတော့မယ်ဆိုတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။
“၃ (က) ကားလေးကတော့ ကျနော် ရိုက်ခဲ့သမျှထဲမှာ တခါမှ မဖြစ်ဘူးသေးတဲ့ Mood ပေါ့။ ကိုယ်တိုင်လည်း ပါတယ်။ ၂ ရက်လောက်နဲ့ ပြန်ဆင်းရတော့မယ်ဆိုတော့ ကျနော်လည်း Feel တာပေါ့။ ကျနော်တို့က ဘာလုပ်ပေးနိုင်မှာလဲ။ ကျနော်တို့လည်း အကောင်းဆုံး သရုပ်ဆောင်ခဲ့တယ်။ ဒီကားလေးကတော့ ကျနော်အတွက် အမှတ်တရပါ။ ကျနော်တို့က ဇာတ်ကားတကားကို ၁၀၀ ရာခိုင်နှုန်း သတ်မှတ်ထားမယ်ဆိုရင် သူ့ရာခိုင်နှုန်းနဲ့ သူခံစားရတာပဲ။ ကျနော်တောင် ဒီလောက်ခံစား ရရင် ဒါရိုက်တာ ပိုခံစားရမယ်”
“အကုန်လုံးလည်း ခံစားရပါတယ်။ အခုက အဖြစ်ဆိုးနဲ့ ကြုံတယ်လို့ ပြောရမှာပဲ။ ကျနော်တို့နိုင်ငံက လူတွေက ယောင်တဲ့သူ များတယ်။ ယောင်ရင် ပရုတ်ဆီလိမ်းကြပါလို့။ မယောင်ဘဲ ကိုယ်တိုင်ဝင်ပြော ကိုယ်တိုင် ဝင်လေ့လာ၊ ကိစ္စတခုကို သေချာသိပြီဆိုမှ ဝင်ဝေဖန် အဲ့ဒါ ပိုကောင်းတယ်။ တယောက်က ကြက်ဆို ကြက်၊ တယောက်က ဝက်ဆို ဝက်၊ ကျနော်တို့ ရောက်နေတာ ခြောက်ကာင်ဂျင်ဝိုင်း မဟုတ်ဘူး။ အဲ့လောက်ပဲ ပြောချင်တယ်”လို့ ထူးခြားက ပြောပါတယ်။
အနုပညာလောကို တကျော့ပြန် ဝင်ရောက်လာတဲ့ ထူးခြားက အနုပညာကို ချစ်တာကြောင့် ဇာတ်ကားထဲမှာ တခန်းပါပါ၊ နှစ်ခန်းပါပါ ကျရာ ကာရိုက်တာကို ကြိုးစား ရိုက်ကူးတယ်လို့ ဆိုပါတယ်။
“ကျနော် မင်းသား အနေနဲ့ အရင်က ရိုက်ခဲ့တုန်းက တိပ်ခွေခေတ်ပဲ ရှိသေးတယ်။ သတိရလို့ ပြန်ပြောတာ။ ကျနော်အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြန်ဝင်လာချိန်မှာ တခန်းပါပါ၊ နှစ်ခန်းပါပါ ကျနော် ရိုက်တယ်။ ကျနော်အနုပညာကို ချစ်တယ်။ အနုပညာကို နေ့တိုင်း လုပ်ချင်တယ်။ လတ်တလောမှာ ဇာတ်ကားတွေ ရိုက်ဖို့ ရှိတယ်။ ဇာတ်တွေတော့ မသိရသေးဘူး”လို့ ထူးခြားက ပြောပါတယ်။
“၃ (က)” 3A ရုပ်ရှင်ကိုတော့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး အဲဒီဇာတ်ကားမှာ ထူးခြားက ပြည့်တန်ဆာခေါင်း တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ထူးခြားက ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ “ပျံကျကူလီ” ရုပ်ရှင်ကားမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“ပျံကျကူလီ” ရုပ်ရှင်ရိုက်ရင်း ကုန်ထမ်းသမားတွေ ဘဝကို စာနာမိတယ်လို့ ဆိုလာတဲ့ ကောင်းပြည့်
“ပျံကျကူလီ” ဇာတ်ကား ရိုက်ခဲ့တုန်းက အတွေ့အကြုံတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ စတီးလ်
“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ပိုစတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာ ဉာဏ်ထင်