• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဟောလိဝုဒ် ရွှေခေတ်မင်းသမီးကြီး Olivia de Havilland ကွယ်လွန်ပြီ

by မစ်ကီ
27 July 2020
in Entertainment
A A
မင်းသမီးကြီး Olivia de Havilland

မင်းသမီးကြီး Olivia de Havilland

3.8k
VIEWS
Share on FacebookShare on Twitter

ဟောလိဝုဒ်ရွှေခေတ်ရဲ့ နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့ မင်းသမီးကြီး Olivia de Havilland ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း Hollywood Reporter မီဒီယာက ဖော်ပြပါတယ်။

အသက် ၁၀၄ နှစ်အရွယ် “Gone With the Wind” ရုပ်ရှင်မင်းသမီးကြီး Olivia ဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ သူနေထိုင်ခဲ့တဲ့ ပဲရစ်မြို့က သူ့နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
11.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
576
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
252

မင်းသမီးကြီးရဲ့ အနုပညာသက်တမ်း တလျှောက်လုံးမှာ အကယ်ဒမီ ၂ ဆု ရခဲ့ဖူးတာ၊ ဟောလိဝုဒ် စတူဒီယို စနစ်အပေါ် အောင်နိုင်မှု ရခဲ့တာ၊ ညီမဖြစ်သူ Joan Fontaine နဲ့ ကာလကြာရှည် ပြဿနာဖြစ်ခဲ့တာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

မင်းသမီးကြီးဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေကစလို့ ရုပ်ရှင်တွေမှာ မင်းသား Errol Flynn နဲ့အတူ တွဲဖက်သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့သူဖြစ်ပြီး ၁၉၃၉ ခုနှစ်အရောက်မှာတော့ “Gone With the Wind” ရုပ်ရှင်မှာ Melanie အဖြစ် သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် သူဟာ စိန်ခေါ်မှုများတဲ့ ဇာတ်ရုပ်တွေအတွက်လည်း တရားတဘောင် ရင်ဆိုင်ရတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၆ ခုနှစ်မှာ “To Each His Own” ရုပ်ရှင်နဲ့ ၁၉၄၉ ခုနှစ်မှာ “The Heiress” ရုပ်ရှင်တွေနဲ့ အော်စကာဆုတွေ ရရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ အင်္ဂလိပ် မိဘနှစ်ပါးကနေ မွေးဖွားခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ မင်းသမီးကြီးဟာ ၁၉၅၃ ခုနှစ်ကစလို့ ပဲရစ်မြို့မှာပဲ အခြေချနေထိုင်နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ အနုပညာလောကကနေ အနားယူခဲ့ပြီးတဲ့နောက် လူထုရှေ့မှောက် အကြိမ် အနည်းငယ်သာ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ်ရဲ့ ၇၅ ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲကိုတော့ တက်ရောက်ခဲ့တာတွေ့ရပါတယ်။

မင်းသမီးကြီးရဲ့ မိသားစုဟာ သူကလေးအရွယ်မှာကတည်းက ကယ်လီဖိုးနီးယား ပြည်နယ်ဆီ ရွှေ့ပြောင်းလာခဲ့တာ ဖြစ်ပြီး “A Midsummer Night’s Dream” ပြဇာတ်မှာ သရုပ်ဆောင်နေတဲ့ သူ့ကို ဒါရိုက်တာ Max Reinhardt က တွေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ ရုပ်ရှင်မင်းသမီးဘ၀ စတင်ခဲ့တာဖြစ်ပါတယ်။ သူ့ကို ကျေနပ်အားရခဲ့တဲ့ Warner Bros. ကုမ္ပဏီက ဆယ်ကျော်သက်အရွယ်သာ ရှိသေးတဲ့သူနဲ့ ၇ နှစ်သက်တမ်းရှိတဲ့ စာချုပ်တခု ချုပ်ဆိုခဲ့ပါတယ်။

Warners ရဲ့အချိတ်အဆက်နဲ့ပဲ ၁၉၃၉ ခုနှစ်မှာ “Gone With the Wind” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီး ပထမဆုံး အော်စကာဆု ဆန်ခါတင် စာရင်းဝင်ခဲ့ပါတယ်။ Clark Gable နဲ့ Vivien Leigh တို့ ပါဝင်ထားကြတဲ့ အဲ့ဒီရုပ်ရှင်ဟာ အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် အော်စကာဆု ၈ ဆု ရရှိခဲ့ပါတယ်။

အော်စကာဆု ဆန်ခါတင် စာရင်းဝင်တာနဲ့ “Gone With the Wind” ရုပ်ရှင်ရဲ့ နာမည်ကျော်ကြားမှုတွေကြောင့် မင်းသမီးကြီးဟာ သူလိုချင်ခဲ့တဲ့ ဇာတ်ကောင်တွေကိုတော့ မရရှိခဲ့ပါဘူး။ Warner Bros. ဘက်ကနေ ကမ်းလှမ်းလာခဲ့တဲ့ ဇာတ်ကောင်တော်တော်များများကို ငြင်းပယ်ခဲ့တာကြောင့် စတူဒီယိုကနေ သူ့ကို အကြိမ်ကြိမ် ရပ်နားစေခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

မင်းသမီးကြီးဟာ ၁၉၄၆ ခုနှစ်မှာ ရုပ်ရှင်လောကထဲကို ပြန်လာခဲ့ပြီးတော့ “To Each His Own” ရုပ်ရှင်အတွက် အော်စကာဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၃ နှစ်အကြာမှာ “The Heiress” ရုပ်ရှင်နဲ့ နောက်ထပ် အကယ်ဒမီဆု ၁ ဆု ရရှိခဲ့ပါတယ်။ မင်းသမီးကြီး ကွယ်လွန်ချိန်မှာ အမေရိကန်ဇာတ်ညွှန်းရေးဆရာ Marcus Goodrich နဲ့ ရရှိခဲ့တဲ့ သားတဦး၊ ဒုတိယအိမ်ထောင်ဖြစ်တဲ့ ဂျာနယ်လစ် Pierre Galante နဲ့ ရရှိခဲ့တဲ့ သမီး တဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

Ref: Reuters

You may also like these stories:

Kim Kardashian ကို ကွာရှင်းဖို့ ကြိုးစားနေကြောင်း Kanye West ပြော

မင်းသား လီမင်ဟိုထံ နိုင်ဂျီးရီးယား အမျိုးသားတွေ အိတ်ဖွင့်စာ ရေးပို့

ကိုဗစ်ကာလ ဖြစ်ပေမယ့် K-pop အယ်လ်ဘမ်များ စံချိန်တင်ရောင်းရ

Your Thoughts …
Tags: Gone With the WindMelanieOlivia de Havilland
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

No Content Available
Next Post
မင်းသား Tom Cruise

Tom Cruise တို့ ရိုက်ကူးရေးအဖွဲ့ကို နော်ဝေမှာ Quarantine ကင်းလွတ်ခွင့်ပေး

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း

ဘာလီခရီးသွားလုပ်ငန်းများ ပြန်စတင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate