သရေစာအဖြစ် စားသုံးလေ့ရှိကြတဲ့ စွန်ပလွံသီးခြောက်ဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေက အမြောက်အများပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စွန်ပလွံသီးဟာ အရှေ့အလယ်ပိုင် းနိုင်ငံတွေရဲ့ အဓိက အစားအစာတမျိုးဖြစ်ပြီး ဆေးဝါးအနေနဲ့ရော ဝိုင်ချက်လုပ်ဖို့အတွက်ပါ အသုံးပြုခဲ့ကြတာပါ။
အခုဖော်ပြပေးမှာကတော့ ဆေးပညာလေ့လာချက်တွေအရ တနေ့ကို စွန်ပလွံသီးခြောက် ၃ ခု စားပေးရုံနဲ့ ရရှိလာနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
(၁) အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်
သုတေသန လေ့လာချက်တွေအရ စွန်ပလွံသီးမှာ ပါဝင်တဲ့ Boron ဆိုတဲ့ဓာတ်တမျိုးဟာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပြီး စွန်ပလွံသီးမှာ နောက်ထပ်ပါဝင်တဲ့ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် ဓာတ်တွေဟာ အရိုးပါးရောဂါနဲ့ အရိုးပွရောဂါတွေကို ကြိုတင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
(၂) စိတ်ဖိစီးမှုတွေကို လျော့နည်းစေတယ်
စွန်ပလွံသီးမှာ ပါဝင်တဲ့ ဗီတာမင် B6 ဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ကို လန်းဆန်းစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများခြင်းတို့ကို လျော့ကျစေနိုင်ပါတယ်။
(၃) အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တယ်
အစားအသောက်နဲ့ အာဟာရသိပ္ပံဆိုင်ရာ လေ့လာချက်တွေအရ စွန်ပလွံသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစားအစာတွေမှာပါဝင်တဲ့ ဘက်တီးရီးယားတွေကနေတဆင့် အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
(၄) နှလုံးရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်တယ်
စွန်ပလွံသီး စားသုံးပေးခြင်းဟာ နှလုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းခြင်းကို ဖြစ်ပွားစေတဲ့ Triglyceride နဲ့ Oxidative Level ကို လျှော့ချပေးနိုင်တာကြောင့် နှလုံး ကျန်းမာရေး ပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
(၅) ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်တယ်
စွန်ပလွံသီးမှာ အမျှင်ဓာတ်နဲ့ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ဖြစ်စဉ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆီပိုတွေကို လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။
Ref. brightside.me
You May Also Like These Storied :
ခရမ်းရောင်သမ်းတဲ့ အသီးအနှံတွေ စားသုံးပေးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု
ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု
အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေနိုင်တဲ့ အစားအစာများ
ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ အစားအစာ ၅ မျိုး