စွပ်ပြုတ်တွေကို နေကောင်းခါစ နာလန်ထစ အချိန်မှသာ အားအင်ပြန်ပြည့်ဖို့ စားတတ်ကြပေမယ့် စွပ်ပြုတ်ဟင်းရည်တွေဟာ နေ့စဉ် စားသုံးပေးသင့်တဲ့ အစားအစာ တမျိုးပါ။ အခုလို မိုးအေးအေးနဲ့ မိုးတွင်းကာလမှာ စွပ်ပြုတ်ပူပူ တပန်းကန်ဟာ သင်ထင်မထားလောက်အောင် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေနိုင်တယ်ဆိုတာကို ဖော်ပြပေးသွားပါမယ်။
(၁) ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေတယ်
စွပ်ပြုတ်ဟင်းရည်တွေမှာ ရေဓာတ် အမြောက်အများ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မိုးအေးအေးမှာ ရေသောက်နည်းသူတွေအနေနဲ့ စွပ်ပြုတ်ဟင်းရည်တွေ သောက်သုံးပေးခြင်းကနေ ရေဓာတ် ရရှိစေမှာ ဖြစ်ပါတယ်။
(၂) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးတယ်
ကြက်စွပ်ပြုတ် ဒါမှမဟုတ် တခြားသော အရိုးပြုတ်ရည် စတာတွေမှာ ကယ်လိုရီနည်းပါးစွာ ပါဝင်ပြီး ပရိုတင်းဓာတ် ပြည့်ဝစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် အထူးသင့်တော်ပါတယ်။
(၃) အရိုးအဆစ်တွေကို သန်မာစေနိုင်တယ်
မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတမျိုးမျိုးကို ထည့်ပြုတ်ထားတဲ့ စွပ်ပြုတ် ဟင်းရည်တခွက်မှာ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။
(၄) ဦးနှောက် စွမ်းဆောင်ရည်ကို ကောင်းမွန်စေတယ်
အသားစွပ်ပြုတ် ဟင်းရည်တွေမှာ ပါဝင်တဲ့ Glycine ဓာတ်ဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက် ကောင်းမွန်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ကို ကူညီပေးနိုင်ပါတယ်။
(၅) ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေတယ်
စွပ်ပြုတ်ဟင်းရည်တွေမှာ ဓာတ်တိုး ဆန့်ကျင်သတ္တိနဲ့ ဗီတာမင်အေ၊ သတ္တုဓာတ်၊ သံဓာတ်တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.sepalika.com
You may also like these stories:
ပဲနီလေး စားသုံးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုး ၅ ခု
ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု
တနေ့ကို လေးညှင်းပွင့် ၂ ပွင့် စားပေးခြင်းအားဖြင့် ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ
တနေ့ကို စွန်ပလွံသီးခြောက် ၃ ခု စားပေးရုံနဲ့ ရရှိလာမယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု