စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတို့ဟာ ကိုယ်ဝန်ဆောင် မိခင်တယောက်အတွက် လမစေ့ခင် မွေးဖွားခြင်း ၊ ကလေး မွေးဖွားလာချိန်မှာလည်း ပေါင်ချိန် မပြည့်ခြင်းစတာတွေ ဖြစ်စေနိုင်တယ်လို့ သုတေသန ပညာရှင်တွေကဆိုပါတယ်။ ဒါ့အပြင် ကလေးငယ်ကို ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အပြုအမူနဲ့ လှုပ်ရှားမှုတွေလည်း ရှိနေပါသေးတယ်။
(၁) အော်ဟစ် ရန်ဖြစ်ခြင်း
အော်ဟစ် ရန်ဖြစ်ခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်ပေါ်စေတာကြောင့် ကလေးငယ်ကို ထိခိုက်စေနိုင်တာပါ။ မွေးဖွားလာမယ့် ကလေးငယ်ရဲ့ ကိုယ်ခံအားနဲ့ ဦးနှောက်ပိုင်းဆိုင်ရာကို အဓိကထိခိုက်စေပြီး မိခင်ကိုယ်တိုင်လည်း ခေါင်းကိုက်ခြင်း ၊ အိပ်မပျော်ခြင်းစတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) သကြားဓာတ် အလွန်အကျွံ စားသုံးခြင်း
ကိုယ်ဝန်ဆောင်ကာလမှာ သကြားဓာတ် အလွန်အကျွံ စားသုံးခြင်းဟာ ကလေးငယ်ရဲ့ သင်ယူမှုပိုင်းနဲ့ မှတ်ဉာဏ်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပြီး သကြားဓာတ်အစား အသီးအနှံများများ စားသုံးပေးသင့်တယ်လို့ သုတေသနစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
(၃) ရေနွေးဖြင့် ရေချိုးခြင်း
စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့ ရေနွေးနဲ့ ရေချိုးခြင်းကို ပြုလုပ်ကြတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာတော့ ရှောင်ရှားသင့်တဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။
(၄) ငိုခြင်း
ကိုယ်ဝန်ဆောင်ကာလမှာ စိတ်အားငယ်တတ်တာ၊ ထိခိုက်လွယ်တာတွေဟာ ပုံမှန်ဖြစ်တယ် ဆိုပေမယ့် အစာစားချင်စိတ် မရှိခြင်း၊ အပြစ်မြင်ခြင်း၊ အိပ်ချိန် လွန်ကဲခြင်းနဲ့ အာရုံစိုက် မရတာတွေ ၂ ပတ်ထက် ပိုကြာမြင့်လာမယ်ဆိုရင် နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Ref. brightside.me
You may also like these stories:
ခန္ဓာကိုယ်မှာ သကြားဓာတ် များနေကြောင်း သိနိုင်တဲ့ လက္ခဏာများ
ရေအများကြီး သောက်စရာ မလိုဘဲ ရေဓာတ် ပြည့်ဝနေစေမယ့် နည်းလမ်း ၄ ခု
အချိုရည်တွေထဲမှာပါတဲ့ သကြားဓာတ်ပေါ် မူတည်ပြီး အခွန်တိုးကောက်တော့မယ့် ထိုင်းနိုင်ငံ