အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံဟာ ခရီးသွားတွေ သဘောတွေ့ ကြတဲ့ နိုင်ငံတနိုင်ငံပါ။ ထိုင်းနိုင်ငံကို အလည်အပတ်သွားကြမယ်ဆိုရင် ထူးခြားတဲ့ ဒီနေရာတွေကို ဘာကြောင့် လည်ပတ်သင့်သလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) Prasat Hin Phimai
Prasat Hin Phimai ကျောင်းတော်ဟာ ထိုင်းနိုင်ငံအတွက်ဆိုရင်တော့ ရှေးကျတဲ့ ကျောင်းတော်ပါ။ ဒီကျောင်းတော်ကြီးကိုတော့ ၁၁ ရာစုက တည်ဆောက်ခဲ့ပြီး ခမာ ဗိသုကာလက်ရာတွေကိုလည်း လေ့လာနိုင်ပါတယ်။ ဒီကျောင်းတော်ကြီးရဲ့ပုံစံဟာ ကမ္ဘောဒီးယားမှာရှိတဲ့ အန်ကောဝပ်ကျောင်းတော်ကြီးနဲ့လည်း အတော်လေးကို ဆင်ပါတယ်။
(၂) White Temple
Wat Rong Khun ဒါမှမဟုတ် White Temple လို့ ခေါ်ဆိုကြတဲ့ ဒီကျောင်းတော်ကြီးဟာ ထိုင်းနိုင်ငံမှာ လူစိတ်အဝင်စားဆုံးဖြစ်တဲ့ အထင်ကရ အဆောက်အဦပါ။ ဒီကျောင်းတော်ကြီးရဲ့ ဒီဇိုင်းကိုတော့ အနုပညာရှင်တယောက်ဖြစ်တဲ့ Chalermchai Kositpipat က ၁၉၉၇ ခုနှစ်မှာ ဒီဇိုင်း ရေးဆွဲပေးခဲ့ပါတယ်။
(၃) Sukhothai Historical Park
Sukhothai ဟာ သေးငယ်တဲ့ မြို့တမြို့ ဖြစ်ပေမယ့် တချိန်တုန်းကတော့ ထိုင်းနိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့ပါ တယ်။ အဲဒီနေရာမှာရှိတဲ့ အဆောက်အဦတွေက ၁၃ ရာစုနဲ့ ၁၄ ရာစုအတွင်းက ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေပါ။ ဒီနေရာဟာ ထိုင်းနိုင်ငံအတွက် အရေးပါတဲ့ နေရာတနေရာ ဖြစ်သလို ထိုင်းနိုင်ငံကိုလာရောက်ကြတဲ့ ခရီးသွားတွေအတွက်လည်း လည်ပတ်လို့ ကောင်းတဲ့ နေရာ တနေရာပါ။
(၄) Temple of Dawn
Wat Arun လို့လည်း ခေါ်ဆိုကြတဲ့ ဒီကျောင်းတော်ကြီးဟာ ဘန်ကောက်မြို့မှာရှိတဲ့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးပါ။ ဒီကျောင်းတော်ကြီးကိုတော့ ၁၇ ရာစုလောက်က ဘုရင် Narai က တည်ဆောက်ခဲ့ပါတယ်။
Ref : traveluto