ခရီးသွားတဲ့အခါ ဈေးနှုန်းချိုသာတဲ့အချိန်တွေကိုရွေးချယ်ပြီး ခရီးသွားတတ်ဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်လိုတဲ့အခါ ဆောင်းရာသီအချိန်ကို ရွေးပြီး သွားရောက်လည်ပတ်သင့်သလို၊ ဟာဝိုင်ယီကို သွားရောက်လည်ပတ်လိုတဲ့အခါ ပူနွေးတဲ့ ရာသီဥတုအချိန်မျိုးကို ရွေးချယ်ပြီး သွားရောက်လည်ပတ်သင့်ပါတယ်။
ဒါကြောင့်လည်း ၂၀၂၀ ခုနှစ်အတွင်း ဈေးနှုန်းချိုချိုသာသာနဲ့ လအလိုက်သွားရောက်လည်ပတ်သင့်တဲ့ ဒေသတွေ ကို ဖော်ပြပေးချင်ပါတယ်။
ဇန်နဝါရီလ
ဇန်နဝါရီလမှာ သွားရောက်လည်ပတ်သင့်တဲ့မြို့ကတော့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ပါပဲ။ Kayak Website ရဲ့ ဖော်ပြချက်အရဆိုရင်တော့ ဇန်နဝါရီလအတွင်း အိုဆာကာမြို့ကို လည်ပတ်တဲ့အခါ လေယာဉ်ဈေးနှုန်း ၃၅ ရာခိုင်နှုန်းသက်သာမှာဖြစ်သလို ဟိုတယ်ခန်းခ အနေနဲ့လည်း တညကို ဒေါ်လာ ၄၀ ကနေ ၆၀ အတွင်းသာရှိပါတယ်။ အခုဖော်ပြခဲ့တဲ့ဈေးနှုန်းတွေဟာ နှစ်တနှစ်ရဲ့ အချိုသာ ဆုံးဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ
ဖေဖော်ဝါရီလမှာ လည်ပတ်သင့်တဲ့နေရာကတော့ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ ဖြစ်ပြီး လေယာဉ်ဈေး နှုန်းအနေနဲ့ ပျမ်းမျှ ၁၅ ရာခိုင်နှုန်းသက်သာမှာပဲ ဖြစ်ပါတယ်။ ဇူးရစ်မြို့ကို ဖေဖော်ဝါရီလအတွင်း ရောက်သွားတဲ့အခါ Bahnhofstrasse မှာရှိတဲ့ဈေးဆိုင်တွေမှာ ဈေးဝယ်ပြီး ကော်ဖီဆိုင်တွေမှာ ကော်ဖီသောက်ပါ။ ဒီနေရာဟာ ဇူးရစ်မြို့ရဲ့ အဆင့်မြင့်ဈေးဝယ်လမ်းမကြီးလည်း ဖြစ်ပါတယ်။
မတ်လ
မတ်လရောက်ရင်တော့ သြစတြေးလျက မဲလ်ဘုန်းမြို့ကို သွားလည်ပါ။ လေယာဉ်လိုင်းတွေအနေနဲ့ လည်း ၁၆ ရာခိုင်နှုန်းဈေးလျှော့ပေးထားပါတယ်။ ကမ်းခြေတွေမှာ အချိန်မဖြုန်းချင်ဘူးဆိုရင်တော့ Royal Botanic ဥယျာဉ်ကို သွားရောက်လည်ပတ်ပါ။ တကယ်လို့ မိုးရွာခဲ့မယ်ဆိုရင်တော့ Queen Victoria ဈေးမှာ အချိန်ဖြုန်းနိုင်ပါတယ်။
ဧပြီလ
ဧပြီလဆိုရင်တော့ ပွာတိုရီကိုမှာရှိတဲ့ San Juan ကိုလည်ပတ်သင့်ပါတယ်။ လေယာဉ်ဈေးနှုန်းအနေ နဲ့လည်း သာမန်ထက် ၃၀ ရာခိုင်နှုန်းချိုသာပါတယ်။
မေလ
ဂရိနိုင်ငံရဲ့ ဆန်တိုရီနီကျွန်းက နာမည်ကြီးကျွန်းတကျွန်းပါပဲ။ မေလမှာဆိုရင်တော့ လေယာဉ်ဈေး နှုန်းက ၄၅ ရာခိုင်နှုန်းသက်သာသလို အရသာကောင်းပြီး ဈေးနှုန်းချိုသာတဲ့ပင်လယ်စာတွေကို စား သောက်နိုင်ပါတယ်။ အကောင်းဆုံးစားသောက်ဆိုင်ကတော့ Throubi စားသောက်ဆိုင်နဲ့ Lycabettus စားသောက်ဆိုင်ပါပဲ။
ဇွန်လ
မြောက်အိုင်ယာလန်ရဲ့ Belfast မြို့ကိုသွားရောက်ပြီး နွေရာသီခရီးစဉ်ကို စတင်နိုင်ပါတယ်။ လေယာဉ် ဈေးနှုန်းအနေနဲ့ သာမန်ထက် ၂၆ ရာခိုင်နှုန်းသက်သာပါတယ်။ အဲဒီမြို့ ကိုရောက်ရင် Belfast ရုက္ခဗေဒဥယျာဉ်နဲ့ Ulster ပြတိုက်ကို သွားရောက်လည်ပတ်သင့်ပါတယ်။
ဇူလိုင်လ
နွေရာသီအလယ်လောက်ရောက်လာတဲ့ ဇူလိုင်လမှာတော့ မက္ကဆီကိုနိုင်ငံရဲ့ Cancun မြို့ကို သွားရောက်ပြီး သဲဖြူကျွန်းကိုသွားရောက်သင့်ပါတယ်။ ကြည်စိမ်းနေတဲ့ရေပြင်အလှကိုခံစားနိုင်ဖို့ လေယာဉ်ဈေးနှုန်းကလည်း ၁၆ ရာခိုင်နှုန်းလောက် သက်သာမှာပဲဖြစ်ပါတယ်။
သြဂုတ်လ
အိုက်စလန်နိုင်ငံရဲ့ Reykjavik မြို့ကိုတော့ လေယာဉ်ဈေးနှုန်း ၂၃ ရာခိုင်နှုန်းလောက်သက်သာတဲ့ သြဂုတ်လလို အချိန်မှာ သွားရောက်လည်ပတ်သင့်ပါတယ်။
စက်တင်ဘာလ
အမေရိကန်ပြည်ထောင်စုရဲ့ ဟာဝိုင်ယီကျွန်းကိုတော့ စက်တင်ဘာလမှာ သွားရောက်လည်ပတ် သင့်ပါတယ်။ စက်တင်ဘာလမှာဆိုရင်တော့ တခြားလတွေထက် လေယာဉ်ခ ၃၂ ရာခိုင်နှုန်း သက်သာမှာဖြစ်သလို ဈေးနှုန်းချိုတဲ့ ဟိုတယ်အခန်းတွေကိုလည်း ရရှိနိုင်ပါတယ်။
အောက်တိုဘာလ
ဘရာဇီးကိုသွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ အောက်တိုဘာလဖြစ်ပြီး လေ ယာဉ်ဈေးနှုန်းအနေနဲ့ ၂၅ ရာခိုင်နှုန်းသက်သာပါတယ်။
နိုဝင်ဘာလ
နိုဝင်ဘာလမှာတော့ မက္ကဆီကိုနိုင်ငံရဲ့ မက္ကဆီကိုစီးတီးကို သွားရောက်လည်ပတ် သင့်ပါတယ်။ မြောက်အမေရိကမှာ ဆိုရင်တော့ မက္ကဆီကိုစီးတီးက ရေပန်းအစားဆုံးမြို့တမြိူ့ပါပဲ။ လေယာဉ် ဈေးနှုန်းတွေအနေနဲ့လည်း သာမန်ထက်သက်သာမှာဖြစ်ပါတယ်။ နိုဝင်ဘာလမှာဆိုရင်တော့ မက္ကဆီကို နိုင်ငံရဲ့ အထင်ရှားဆုံးပွဲတော်ဖြစ်တဲ့ သေခြင်းပွဲတော်ကိုလည်း ဆင်နွှဲနိုင်ပါသေးတယ်။
ဒီဇင်ဘာလ
ဒီဇင်ဘာလရောက်ရင်တော့ ကမ္ဘာပေါ်ကနေရာအများစုမှာ လေယာဉ်ခတွေဈေးကြီးကုန်ကြပေမယ့် ကနေဒါနိုင်ငံ Calgary မြို့ ကိုလည်ပတ်မယ်ဆိုရင်တော့ ဈေးနှုန်းသက်သက်သာသာနဲ့ သွားရောက် လည်ပတ်နိုင်ပါတယ်။
Ref:travelandleisure
You may also like these stories:
အာဆီယံဒေသအတွင်း အနိမ့်ဆုံးအဆင့်နေရာက ရပ်တည်နေတဲ့ မြန်မာနိုင်ငံကူးလက်မှတ်
နှစ်သစ်ကူးကာလအတွင်း ထိုင်းလူမျိုး ၂ သန်းနီးပါး ပြည်ပခရီး ထွက်ခဲ့ကြ
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားအကြား ရေပန်းအစားဆုံးမြို့များ