Trend

အနောက်တိုင်း ဖက်ရှင်ပွဲတွေအထိ ခြေဆန့်လာတဲ့ တောင်ကိုရီးယား အနုပညာရှင်များ

Want create site? Find Free WordPress Themes and plugins.

အခုဆိုရင် တောင်ကိုရီးယား အနုပညာရှင်တချို့ဟာလည်း သူတို့ရဲ့ လှပချောမောမှုတွေကို အနောက်တိုင်းမှာ ပြုလုပ်တဲ့ ဖက်ရှင် အခမ်းအနားတွေမှာ ပြသခဲ့ကြပြီး ဖြစ်ပါတယ်။

မကြာသေးခင်တုန်းကဆိုရင် EXO အဖွဲ့ဝင် Sehun ဟာ ပြင်သစ်နိုင်ငံ၊ Nice မြို့မှာကျင်းပခဲ့တဲ့ “Louis Vuitton Cruise/Resort 2019″ ဖက်ရှင်ပွဲမှာ အကောင်းဆုံး ဝတ်စားဆင်ယင်တတ်တဲ့ အမျိုးသားအဖြစ် ရွေးချယ်ခံခဲ့ရပြီး သူရွေးချယ် ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ဟာလည်း အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လူနည်းနည်း သိထားသလို Sehun ဟာ အနောက်တိုင်း ဖက်ရှင်ပွဲတွေကို တက်ရောက်ခဲ့တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်မဟုတ်ပါဘူး။

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် EXO အဖွဲ့ဝင် Kai ဟာလည်း အခုလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ “Gucci Cruise 19” ပွဲကို တက်ရောက်ခဲ့ပြီး အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီကပဲ SHINee အဖွဲ့ဝင် Minho နဲ့ Girls’ Generation အဖွဲ့ဝင် Yoona တို့ဟာလည်း Paris Fashion Week မှာပြုလုပ်ခဲ့တဲ့ Givenchy show မှာ သူတို့ရဲ့ ဖက်ရှင်အမြင်အပေါ် ပရိသတ် စိတ်ဝင်စားမှု ခံခဲ့ရပါတယ်။ ဖက်ရှင်အမြင်နဲ့အတူ လှပချောမောမှုတို့နဲ့ ဆွဲဆောင်ခဲ့ကြသူ တောင်ကိုရီးယား အနုပညာတွေထဲမှာ မင်းသမီး Park Shin Hye နဲ့ နာမည်ကျော် K-pop အမျိုးသားအဖွဲ့တခုဖြစ်တဲ့ WINNER အဖွဲ့မှာ Mino နဲ့ Lee Seung Hoon တို့လည်း ပါဝင်ပါတယ်။

အနောက်တိုင်း ဖက်ရှင်ပွဲတွေကို တက်ရောက်ခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်တွေရဲ့ လှပတဲ့အသွင်အပြင် နဲ့ ဖက်ရှင် စတိုင်တချို့ကို ရှုစားကြည့်ကြရအောင်။

(၁) EXO အဖွဲ့ဝင် Kai ကတော့ သိုးမွှေးနဲ့ချုပ်လုပ်ထားတဲ့ အနောက်တိုင်း ဝတ်စုံနဲ့ V လည်ပင်းပုံစံ ဆွယ်တာ၊ လိုင်းအစင်းတွေပါတဲ့ ရှပ်အကျီ၊ NY Yankees ရဲ့ သားရေဖိနပ်နဲ့ ကျောက်သလင်းနဲ့ ဆီခြယ်ထားတဲ့ နဖူးစည်း ကိုဝတ်ဆင်ပြီး “Gucci Cruise 2019” ပွဲရဲ့ Gucci’s Fall/Winter 2018 ကို တက်ရောက်လာခဲ့ပါတယ်။

(၂) ဆိတ်မွှေးဆွယ်တာ အင်္ကျီနဲ့အတူ မီးခိုရောင်ဘောင်းဘီနဲ့ ဝတ်ဆင်လာခဲ့တဲ့ Sehun ကတော့ “Louis Vuitton Cruise 2019” ပွဲမှာ အကောင်းဆုံး ဝတ်ဆင်နိုင်တဲ့ အမျိုးသားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

 

(၃) SHINee အဖွဲ့ဝင် Minho ကတော့ အနီရောင်ရှပ်အကျီအပေါ်မှာ Blazer ကုတ်အကျီနဲ့အတူ အနက်ရောင် ဘောင်းဘီ၊ Chelsea ဘွတ်ဖိနပ်ကို ဝတ်ဆင်လာခဲ့ပြီး Girls’ Generation အဖွဲ့ဝင် Yoona ကတော့ အနက်ရောင်မီနီ အမျိုးသမီး ဝတ်စုံနဲ့ ကျက်သရေရှိနေပြန်ပါတယ်။ သူတို့နှစ်ဦးဟာ Givenchy Womenswear Fall/Winter 2018/2019 ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

(၄) တဖန် Minho ဟာလည်း ကျားသစ်နက်အရေခွံပုံစံ ဂျာကင်နဲ့ ဘောင်းဘီရှည်၊ Yoona ကတော့ အနီရောင် ပွင့်ဖတ် ဝတ်စုံကို ဝတ်ဆင်ပြီး ပဲရစ်မြို့မှာပြုလုပ်တဲ့ Givenchy World Tour After-party ကို တက်ရောက်ခဲ့ပါတယ်။

(၅) နာမည်ကျော် မင်းသမီး Park Shin Hye ကတော့ နယူးယောက်မြို့မှာ ကျင်းပတဲ့ Coach Fall/Winter 2018 Fashion Week မှာ CoachxKeith Haring နဲ့အတူ Signature လက်ကိုင်အိတ်နဲ့ လှပနေခဲ့ပြန်ပါတယ်။

(၆) မင်းသမီး Kim Go Eun ကတော့ ပဲရစ်မြို့မှာရှိတဲ့ Grand Palais မှာကျင်းပတဲ့ Chanel Cruise 2018/19 collection ပွဲမှာ အနက်ရောင်ပိုးသားအကျီၤနဲ့ စတိုင်ကျလှပစွာ တက်ရောက်လာခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

(၇) လှပတဲ့ မက်မွန်ဝါရောက်ဂါဝန်နဲ့အတူ အနက်ရောင် Prada မီနီအိတ်ကို ဝတ်ဆင်လာခဲ့တဲ့ Yoona ကတော့ နယူးယောက်မြို့၊ Prada Piano Factory မှာ ပြုလုပ်တဲ့ Prada Resort 2019 ဖက်ရှင်ရှိုးမှာ အများစိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

(၈) မင်းသမီး Park Shin Hye နဲ့ မော်ဒယ် Irene Kim တို့ဟာလည်း ပဲရစ်မြို့မှာ Chanel Fashion Womanswear Fall/Winter 2018/2019 ပွဲကို တက်ရောက်ခဲ့ကြပါသေးတယ်။

(၉) Girls’ Generation အဖွဲ့ဝင်ဟောင်းနဲ့ ဒီဇိုင်နာ Jessica ကတော့ New York Fashion Week မှာ Calvin Klein Fall/Winter 2018 ပွဲကိုတော့ အဖြူရောင်ဘရိုကိတ် အပေါ်ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဘောင်းဘီတို့ကို တွဲဖက်ဝတ်ဆင်လာ ခဲ့တာ တွေ့ရပါတယ်။

(၁၀) Winner အဖွဲ့ဝင် Mino နဲ့ Lee Seung Hoon တို့ကတော့ London Fashion Week မှာ ပြုလုပ်တဲ့ Burberry’s Spring 2018 ပွဲမှာ Christopher Bailey နဲ့အတူ ဓာတ်ပုံ တွဲရိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

(၁၁) မင်းသမီး Choi Ji Woo ကတော့ Christopher Bailey ရဲ့ Burberry နောက်ဆုံးရှိုးပွဲမှာ ထိပ်ဆုံးတန်းကနေ ထိုင်ပြီး တက်ရောက်ခဲ့ပါတယ်။

Ref: aceshowbiz

Did you find apk for android? You can find new Free Android Games and apps.
Loading