Trend

အမေရိကန်နိုင်ငံမှာ ပြုလုပ်ရင် ဥပဒေအရ အရေးယူခံရမယ့် ပြစ်ဒဏ် ၆ ခု

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံမှာ မလုပ်သင့်တဲ့အရာများလို့ ကြားလိုက်တာနဲ့ အမေရိကန်ဆိုတာ ဘာမဆို လုပ်လို့ရတဲ့ ဒီမိုကရေစီ နိုင်ငံကြီးမလားလို့ တွေးစရာ ရှိပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတိုင်း လုပ်ချင်ရာ လုပ်ခွင့်ပေးထားတာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံသားတွေ ကိုယ်တိုင် သတိမထားမိဘဲ လုပ်မိနေတဲ့ အမှားသေးသေးလေးတွေ ရှိနေတတ်ပါတယ်။

(၁) Happy Birthday သီချင်းကို အကျယ်ကြီး ဆိုခွင့် မရှိပါဘူး

 

 

ဒီသီချင်းကို တကမ္ဘာလုံးမှာ ဆိုနေကြတာဆိုပေမယ့် ဒီသီချင်းကို ပိုင်ဆိုင်တဲ့သူက ဘယ်သူလဲဆိုတာ မသိခဲ့ကြပါဘူး။ ဒီသီချင်းဟာကို လွတ်လပ်စွာဆိုခွင့်၊ မဆိုခွင့် ဆိုတာကို ၂၀၁၅ ခုနှစ်အထိ တရားရုံးတွေမှာ အမှုတွေဖြစ်ခဲ့ပြီးတဲ့ နောက်မှာတော့ ကံကောင်းစွာနဲ့ပဲ တောတွင်း စခန်းချတဲ့ အဖွဲ့တွေ အနေနဲ့ ဆိုခွင့် ရသွားပါပြီ။

(၂) Permanent Marker သယ်ဆောင်ခွင့် မရှိပါဘူး

 

 

အရောင်ခြယ်တဲ့ ပစ္စည်းတွေသယ်ဆောင်ခွင့် မရှိဘူးဆိုတာ အနုပညာကို ပိတ်ပင်သလိုပါပဲ။ အမေရိကန်နိုင်ငံက မြို့တိုင်းနီးပါးမှာ ဒီဥပဒေကို ကျင့်သုံးကြပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ တင်းကြပ်တဲ့ Graffiti (နံရံဆေးခြယ်) ခြင်းကို ကန့်ကွက်တဲ့ ဥပဒေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံကို သွားလည်ဖြစ်ရင် ရောင်စုံခဲတံတွေ Marker တွေ အားလုံးကို အိမ်မှာပဲ ထားခဲ့ဖို့ တိုက်တွန်းချင်ပါတယ်။ တကယ်ဖမ်းဆီးတာဖြစ်လို့ပါ။

(၃) အမေရိကန်ရဲ့အလံကို ဝတ်ဆင်ခွင့် မရှိပါဘူး

 

 

အလံကို မီးမရှို့သင့်တာတို့ အလံကို တက်မနင်းသင့်တာတို့ကတော့ လူတိုင်းသိကြတဲ့ အခြေခံ ဥပဒေတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်အလံကို အဝတ်အစားအနေနဲ့ ဝတ်ခွင့် မရှိသလို လက်ကိုင်ပုဝါအဖြစ်ရော၊ လက်သုတ်ပုဝါအဖြစ်ပါ သုံးခွင့်မရှိပါဘူး။ အမေရိကန်တွေဟာလည်း သူတို့အလံကို အထွဋ်အမြတ်ထားရာ ပစ္စည်းအဖြစ် သတ်မှတ်ထားကြပါတယ်။

(၄) အရက်မူးပြီး လမ်းလျှောက်ခွင့် မရှိပါဘူး

 

 

“မူးလျှင်မမောင်းနဲ့” ဆိုတာထက်ကို ပိုသွားပါပြီ။ ဒီတခါ “မူးရင် မလျှောက်နဲ့” ပါ။ မူးပြီး လမ်းလျှောက်တဲ့အခါ ချော်လဲတာ၊ ကားတိုက်တာ စတဲ့ အန္တရာယ်ရှိတာတွေဖြစ်တတ်လို့ မူးရင် လမ်းလျှောက်ခွင့်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ အရက်မူးရင် ကားငှားပြန် ဒါမှမဟုတ် မူးအောင် မသောက်တာ အကောင်းဆုံးလို့ ဥပဒေ ချမှတ်ထားပါတယ်။

(၅) ပလက်ဖောင်းပေါ် ထိုင်လို့ မရပါဘူး

 

 

မြန်မာပြည်က လူငယ်တွေဟာ လမ်းဘေးမှာ အရက်၊ ဘီယာထိုင်သောက်ခွင့် မရလို့ မကျေနပ်ကြပါဘူး။ ဒါပေမယ့် အမေရိကန်မှာဆိုရင် ပလတ်ဖောင်းပေါ်တောင် ထိုင်ခွင့် မရှိတာပါ။ ပလက်ဖောင်းပေါ် ထိုင်နေရင်တောင် အဖမ်းခံရနိုင်လို့ အထူးဂရုစိုက်ပြီး ရှောင်ကြဉ်ရပါမယ်။

(၆) Wifi ကို အခွင့်မရှိဘဲ ချိတ်ခွင့် မရှိပါဘူး

 

 

သင်ဟာ အမေရိကန်နိုင်ငံကို ရောက်သွားတာနဲ့ နေရာတကာမှာ Wifi ကို Free ရလိမ့်မယ်မထင်ပါနဲ့။ အမေရိကန်နိုင်ငံသား တယောက်ဟာ အလုပ်နားချိန်မှာ အလုပ်ဘေးက ကော်ဖီဆိုင်မှာရှိတဲ့ Wifi ကို အခွင့်မရှိဘဲ ယူသုံးခဲ့မိလို့ နာရီ ၄၀ တိတိ လူမှုကူညီရေးတွေ ပြန်လုပ်ခဲ့ရဖူးပါတယ်။

Ref;www.mmn.com

Did you find apk for android? You can find new Free Android Games and apps.
Loading