အလုပ်လုပ်ရင်းနဲ့ နေ့လယ်ခင်းတွေကို ရောက်လာတဲ့ အခါ ပင်ပန်းပြီး အလုပ် ဆက်မလုပ်ချင်တာမျိုးတွေ ဖြစ်နေပြီလား။ အိပ်ငိုက်လာလို့ ကော်ဖီတွေ သောက်ပြီး လန်းဆန်အောင် ပြန်လုပ်နေရတဲ့ အခါမျိုးတွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ အားဖြည့်အချိုရည်နဲ့ ကော်ဖီတို့ဟာ ပိုပြီး ပင်ပန်းစေတယ်လို့ သုသေသနတွေ အရ သိရပါတယ်။ ဒါကြောင့် တနေကုန် အားအင်အပြည့်နဲ့ နေထိုင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သီချင်းနားထောင်ပါ
သီချင်းနားထောင်ခြင်းက သင့်ကို တက်ကြွမှုတွေ ပေးပါလိမ့်မယ်။ သင်အကြိုက်ဆုံးနဲ့ သင့်ကို အားအင်အဖြစ်စေဆုံး သီချင်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ သင်အကြိုက်ဆုံး သီချင်းကို ခပ်ကျယ်ကျယ်လေး နားထောင်ပြီး သီချင်းကို လိုက်ညည်းခြင်းက သင့်ကို လန်းဆန်းစေမှာပါ။
(၂) သရေစာ စားပါ
နေ့လယ်ခင်းတွေမှာ ပင်ပန်းနေတာမျိုးတွေ ဖြစ်ရင် သရေစာလည်း စားသင့်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားသင့်ပြီး ဒိန်ချဉ်စတာတွေကို သောက်သင့်ပါတယ်။ သကြားနဲ့ အဆီများတဲ့ မုန့်တွေကိုတော့ ရှောင်ဖို့ တိုက်တွန်းချင်ပါတယ်။
(၃) သံပုရာရည် သောက်ပါ
အိပ်ငိုက်လို့ ကော်ဖီတွေ အများကြီး သောက်မယ့်အစား သံပုရာရည်ကို ပြောင်းသောက်ကြည့်ပါ။ သံပုရာရနံ့ဟာ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။
(၄) ရေအေးအေးနဲ့ မျက်နှာ သစ်ပါ
မျက်နှာကို ရေအေးအေးနဲ့ ဖျန်းတာမျိုး ရေအေးနဲ့ မျက်နှာသစ်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ရေအေးဟာ အာရုံကြောတွေကို ပြန်လည်လန်းဆန်းစေတာကြောင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေမှာ သေချာပါတယ်။ နေ့လည်ခင်းတွေမှာ ထမင်းစားပြီး အရမ်း အိပ်ချင်လာရင် လမ်းနည်းနည်း ထလျှောက်ပြီး ရေအေးနဲ့ မျက်နှာသစ်တာမျိုး လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
(၅) စကားစမြည်ပြောပါ
တယောက်တည်း ကွန်ပျူတာကို ကြည့်နေတာထက် စာရင် ရုံးက မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောပါ။ ပျော်စရာအကြောင်းအရာတွေကို ပြောပြီး ရယ်မောလိုက်ခြင်းကလည်း သင့်ကို အားအင်အသစ်တွေ ပေးပါလိမ့်မယ်။ ဒါကြောင့် ထမင်းစားပြီးချိန်တွေမှာ တယောက်တည်း မနေဘဲ မိတ်ဆွေတွေနဲ့ မုန့်ထိုင်စားရင် စကားပြောတာမျိုး ပြုလုပ်ကြည့်ပါ။
Ref ; lifehack