Trend

တရုတ်နိုင်ငံမှာ ရေပန်းစားနေတဲ့ Mulan Makeup Challenge

Want create site? Find Free WordPress Themes and plugins.

လူတော်တော်များများရဲ့ ငယ်ဘဝကို လွှမ်းမိုးထားတဲ့ Mulan ကာတွန်းကားကို Live Action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ Mulan ရုပ်ရှင်ဟာာမယ့် ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး သိပ်မကြာသေးခင်တုန်းက ရုပ်ရှင်ရဲ့ ပထမဆုံး Trailer ထွက်ရှိလာခဲ့ပါတယ်။

Trailer ထွက်ရှိချိန်မှာ ဝေဖန်မှုပေါင်းများစွာနဲ့ ဂယက်တွေ ရိုက်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး Liu Yifei က Hua Mulan ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ထားခြင်းနဲ့အတူ Mulan ရဲ့ မိတ်ကပ်လိမ်းခြယ် ပြင်ဆင်မှုကပါ နာမည်ကြီးနေတာ ဖြစ်ပါတယ်။

Mulan ရုပ်ရှင်ဇာတ်ကား Trailer ထွက်ရှိအပြီးမှာ နာမည်ကြီးလာတဲ့ ဒီမိတ်ကပ် ခြယ်သမှုဟာ Tang မင်းဆက် (618-907 C.E) တုန်းက မင်္ဂလာဆောင်တဲ့အခါ ပြင်ဆင်တဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုးဖြစ်ပြီး Makeup Blogger တဦးဖြစ်တဲ့ Emma Zhou က youtube မှာ ဗီဒီယိုတခုနဲ့ ဘယ်လိုလိမ်းခြယ်ရမလဲဆိုတာကို ရှင်းပြထားပါတယ်။

Youtube ပေါ်က ဒီ Mulan မိတ်ကပ်ပြင်ဆင်မှု ဗီဒီယိုဟာဆိုရင်တော့ ကြည့်ရှုသူပေါင်း သန်း ၃၀၀ ကျော်ခဲ့ပြီး လက်ရှိမှာတော့ Mulan ပရိသတ်တွေက ဒီ Makeup Look အတိုင်း တုပလိမ်းခြယ် ပြင်ဆင်ပြီး Challenge ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

လတ်တလော ရေပန်းစားနေတဲ့ ဒီ Mulan Makeup Challenge ဟာအခြေခံအားဖြင့် မိတ်ကပ်အောက်ခံအနေနဲ့ ဆန်မှုန့်အရောင် မိတ်ကပ်သားမျိုးကို ဖွေးဖွေးလှုပ်အောင် လိမ်းခြယ်ထားပြီး အရောင်တွေအနေနဲ့ တောက်ပလွန်းတဲ့ အနီရောင်ကို အသုံးပြုကာ ပြင်ဆင်ခြယ်သကြတာ ဖြစ်ပါတယ်။

ဖွေးဖွေးလှုပ်နေတဲ့ မိတ်ကပ်သားအောက်ခံမှာ ပါးနီ၊ နှုတ်ခမ်းနီနဲ့ နဖူးပေါ်မှာ ပန်းပုံစံနဲ့ အလှဆင်ထားတဲ့ ဒီမိတ်ကပ်ပြင်ဆင်မှုဟာ လွယ်မယောင်နဲ့ ခက်တဲ့ ခြယ်သမှုဖြစ်တာကြောင့်လည်း မိတ်ကပ်ခြယ်သဖို့ ဝါသနာပါကြတဲ့ မိန်းကလေးတွေကြားမှာ လတ်တလော ရေပန်းစားနေတာပါ။

ဒီ Challenge ကို “ Mulan Imitation”, “Mulan Imitation Contest” ဆိုပြီး Hashtags တွေခံကာ ဆိုရှယ်မီဒီယာပေါ်တင်ပြီး ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Ref. nextshark.com

ကမ္ဘာအနှံ့ကလူတွေ ရိုက်ကူးခဲ့တဲ့ ကမ္ဘာမြေရဲ့ 10 Years Challenge ပုံရိပ်များ

ပုလင်းအဖုံးဖွင့်တဲ့ Challenge လုပ်ဖို့ မင်းသား Tom Cruise ကို စိန်ခေါ်လိုက်တဲ့ Justin Bieber

Did you find apk for android? You can find new Free Android Games and apps.
Loading