ယခုအပတ် သတင်းဓာတ်ပုံ အဖြစ် ကရင်ပြည်နယ် အတွင်းရှိ မြေမြုပ်မိုင်း ဒဏ်ကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ရသူ တဦး၏ ပုံကို ရွေးချယ်လိုက်သည်။ မြန်မာ့ တပ်မတော်၊ နယ်ခြားစောင့် တပ်များနှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး စစ်ပွဲအတွင်း မြေမြှုပ်မိုင်းများ ဆက်လက် အသုံးပြုနေကြပြီး ၁၉၉၉ ခုနစ်မှ ၂၀၁၂ ခုနှစ်ကုန်အထိ မြေမြုပ်မိုင်း များကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ၂၈၂၉ ဦးနှင့် သေဆုံးသူ ၃၁၉ ဦး ရှိကြောင်း နိုင်ငံတကာ မြေမြုပ်မိုင်း အသုံးပြုမှု စောင့်ကြည့် လေ့လာ ရေး အဖွဲ့(ICBL) ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ သိရသည်။ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်