သတင်းတို
တရုတ် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး ဘဏ်ခွဲ ရန်ကုန်၌ဖွင့်မည်
This article has been converted from Zawgyi One to Unicode
တရုတ်နိုင်ငံမှ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(Industrial and Commercial Bank of China)က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်အခြေစိုက် ရုံးခွဲ ဖွင့်လှစ်ရန်ရှိကြောင်း ရန်ကုန်ရှိ တရုတ်သံရုံး စီးပွားရေးရာဌာနမှ သိရသည်။ ဘဏ် ရုံးခွဲ ဖွင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာ၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် Park Royal ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံ အမတ် အကြီး အပါအဝင် မြန်မာအစိုးရအကြီးအကဲများ တက်ရောက်မည်ဖြစ်ကြောင်း တရုတ် သံရုံး စီးပွားရေးရာဌာန တာဝန်ရှိသူ တဦး က ပြောသည်။